နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း ကာကွယ်ရေးကို လွှမ်းမိုးနိုင်စေရန်အတွက် ရုရှားသည် အစုလိုက်အပြုံလိုက် မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခြင်းကို အရှိန်မြှင့်လိုက်သည်။

နိုဝင်ဘာလ (၁၁) ရက်။ ကိ့ဗ်၊ ယူကရိန်း CNN —

ရုရှားစစ်တပ်က ယူကရိန်းမြို့များကို တာဝေးပစ်ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်နေပြီး မော်စကိုစစ်တပ်သည်အရှေ့ဖက်တွင် ရှေ့တိုးချီတက်လာနေခဲ့သည်။ သမ္မတ ဗလာဒီမာဇလန်းစကီးက လွန်ခဲ့သောဆောင်းဦးကာလက ပစ်ခတ်ခဲ့သော အရေအတွက်ထက် အဆ ၁၀ ဆများသော ဒရုန်းများဖြစ် ပစ်ခတ်မှုကို ယခုနှစ်တွင် မော်စကိုက တိုးမြှင့်တိုက်ခိုက်နေခဲ့ကြောင်းသတိပေးခဲ့သည်။

ရုရှားသည် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးများကို လွှမ်းမိုးနိုင်စေရန် ထိပ်ဖူးမပါသော လမ်းလွှဲရန် ဟန်ပြဒရုန်းများကို ရော‌နှောပစ်လွှတ်ပြီး တိုက်ခိုက်ရေးဒရုန်းများနှင့်ရော၍ အရေအတွက်ကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ အ‌ရောင်ပြဒရုန်းများသည် အီရန်နိုင်ငံလုပ် Shahed-136 မောင်းသူမဲ့လေယာဉ်၏ ထိပ်ဖူးကို တုပရန် “3D-ပုံနှိပ်စက်” ဖြင့်ထုတ်လုပ်ထားကြောင်း ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယူရေးအင်းနတ် (Yuriy Ihnat) က CNN သို့ ပြောကြားခဲ့သည်။

အဆိုပါ စျေးသက်သာသော ဒရုန်းများသည် ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ရှုပ်ထွေးစေပါသည်။ သေစေသော ထိပ်ဖူးတပ်ဒုံးများကိုပစ်ချမည့်အစား အယောင်ဆောင်ထားသော ဒရုန်းများကို ပစ်ချနိုင်သည်။ ယခုအခါ ယူကရိန်းတွင် ပစ်လွှတ်ခဲ့သော ရုရှားဒရုန်းအားလုံး၏ ထက်ဝက်ခန့်မှာ အရောင်ဆောင်ထားသည့် မောင်းသူမဲ့ လေယာဉ်များ ဖြစ်သည်ဟု အင်းနတ်( Ihnat) က ဆိုသည်။

ရုရှားစစ်တပ်သည် စစ်ပွဲတစ်လျှောက်လုံး ယူကရိန်းကို အပြင်းအထန် ဖိအားပေးနေသော်လည်း အဆိုပါ လှုပ်ရှားမှုများသည် ဒေါ်နယ်ထရန့် သမ္မတအဖြစ် ပြန်လည် အရွေးခံရပြီးနောက် မော်စကို၏ နည်းဗျူဟာများတွင် အပြောင်းအလဲလုပ်နေကြောင်း အချက်ပြနေမှုကို သိရှိရယူနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် ယူကရိန်းသည် စစ်ပွဲစတင်ကတည်းက ၎င်း၏တပ်များသည် “အားအပြင်းဆုံး ရုရှားထိုးစစ်များထဲမှ တစ်ခု” နှင့် ရင်ဆိုင်နေရကြောင်း ၎င်း၏စစ်တပ်အကြီးအကဲက သတိပေးခဲ့ပြီး အရှေ့ဘက် ရှေ့တန်းစစ်မျက်နှာသည် ပြင်းထန်သောဖိအားပေးမှုများအောက်တွင် ရှိနေသည်။

ပေါက်ကွဲသံများနှင့် ဒရုန်းများ အဆက်မပြတ်မြည်သံများကြောင့် ကိ့ဗ်နှင့် နိုင်ငံတစ်ဝှမ်းရှိ ဒေသခံများသည် ညတိုင်း နိုးကြားနေခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာသတိပေး ဥသြသံများသည် စက်တင်ဘာလတွင် ကိ့ဗ်တွင် နာရီ ၅၀ ဝန်းကျင်၊ အောက်တိုဘာလတွင် နာရီ ၈၀ နှင့် နိုဝင်ဘာလ ပထမပတ်တွင် နာရီ ၃၀ ကျော် မြည်ဟီးနေခဲ့သည်။

မြို့တော်တွင် စက်တင်ဘာ ၁ ရက်ကတည်းက ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိသောည တစ်ညသာ ရှိခဲ့သည်။

“ သူတို့ရဲ့ ရည်ရွယ်ချက် ပန်းတိုင်က ကျွန်တော်တို့ကို စိတ်ပိုင်ဆိုင်ရာ ပျက်ပြားဖို့ပါပဲ” ဟု ကိ့ဗ် မြို့လယ်တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ် ကော်ပီစာရေးဆရာ ဗာဒင်နော့စတီနော့ဗ် (Vadym Naustinov) က CNN သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် “ စနစ်” ကို သူကတီထွင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ဒရုန်းတွေ ပျံသန်းနေတာကို ကြားရင် ဒါမှမဟုတ် ပေါက်ကွဲမှုတွေ နီးကပ်လာတယ်ဆိုတာ သိရင် မြေအောက်ရထားလမ်းအောက်ထဲကို အမြန်ပြေးဆင်းခဲ့တယ်” ဟု စစ်ပွဲတစ်လျှောက် ထိုနေရာကို ဗုံးအမိုးအကာအဖြစ် အသုံးပြုခဲ့သည်ဟု သူက ပြောကြားခဲ့သည်။ “ပေါက်ကွဲမှုတွေ အနီးအနားမှာ ရှိနေရင်၊ ငါ့အိမ်နဲ့ နီးနေတော့ ငါ မြေအောက်ရထားထဲကို သွားဖို့ အချိန်မရှိဘူးဆိုရင် စင်္ကြံ ဒါမှမဟုတ် ရေချိုးခန်းထဲမှာ ပုန်းနေရတယ် ဒီလိုပုန်းနေ၊ စောင့်နေရုံနဲ့ ငါ အသက်ရှင်နိုင်မယ်လို့ မျှော်လင့်တယ်။”

ကြာသပတေးနေ့အထိ ညတွင်းချင်း တိုက်ခိုက်ခံရပြီးနောက် ရုရှားမောင်းသူမဲ့ လေယာဉ်များမှ ဗုံးအစအနများသည် အနည်းဆုံး လူနှစ်ဦး ဒဏ်ရာရခဲ့ပြီး ကိယက်ဗ်မြို့ရှိ အဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်း မြို့တော်၏ စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲရေး အကြီးအကဲ ဆာဟီ ပေါ့ကို (Serhiy Popko) က ပြောကြားခဲ့သည်။ “ ဒါဟာ ကြီးမားတဲ့ တိုက်ခိုက်မှုပါပဲ” ဟု ပေါ့ကို မှ ပြောကြားပြီး တိုက်ခိုက်မှုသည် လှိုင်းလုံးကြီးများကဲ့သို့ လာရာလမ်းကြောင်းအမျိုးမျိုးမှ ရောက်ရှိလာပြီး “ မတူညီသော အမြင့်ပေများ” မှပျံသန်း ရောက်ရှိလာကြောင်း သိရသည်။

နာရီများအကြာတွင် ရုရှားနိုင်ငံသည် Zaporizhzhia တောင်ပိုင်းဒေသကို လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးပြီး လေးလသားအရွယ် မိန်းကလေးတစ်ဦး အပါအဝင် အခြား ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ “ အဲဒီမှာ လူတွေသေဆုံးနေတွေကို သူတို့ (ရုရှားတွေက) ပျော်ရွှင်နှစ်သက်ကြတယ်” ဟု ဇလန်းစကီးက Telegram တွင် ပြောကြားခဲ့သည်။

ရုရှားသည် ၎င်း၏ အီရန်လုပ် Shahed မောင်းသူမဲ့လေယာဉ်ဖြင့် ယူကရိန်းအပေါ် တိုက်ခိုက်မှု ဆယ်ဆတိုးလာကြောင်း ဇလန်းစကီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “ဒီအကြမ်းဖက်မှုဟာ လတိုင်းတိုးလာနေတယ်” ဟု ၎င်းက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

ရုရှား၏ တိုက်ခိုက်မှုများကို အရှိန်မြှင့်လိုက်သည်နှင့်အမျှ၊ ထရန့်ကို ပြန်လည် ရွေးကောက်ခံရပြီးနောက်တွင် ယူကရိန်းသည် အမေရိကန်ထံမှ အထောက်အပံ့များ လျော့ကျသွားရန် အလားအလာရှိနေသည်။ ၎င်း၏မဲဆွယ်စည်းရုံးမှုတစ်လျှောက်တွင် မော်စကိုကကျူးကျော်ပြီး နှစ်နှစ်ခွဲကျော်ကြာ စစ်ပွဲဖြစ်ပွားနေချိန်တွင် ယခုရွေးချယ် တင်မြှောက်ခံထားသော ရီပတ်ဘလီကန်သမ္မတက ကိယက်ဗ်နှင့်ပတ်သက်သည့် အမေရိကန်၏ ကတိကဝတ်အပေါ် သံသယများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။

ဒုသမ္မတ ကာမလာဟဲရစ် နှင့် ၎င်း၏ စက်တင်ဘာလ သမ္မတ စကားစစ်ထိုးပွဲတွင် ထရမ့်က ရုရှားကို ယူကရိန်းအနိုင်ယူနိုင်ရန် ကူညီမည့်အကြောင်း ပြောကြားရန် ထရမ့်က ငြင်းဆိုခဲ့သည်။ လနှောင်းပိုင်းတွင် “ ယူကရိန်းအနေနဲ့ မော်စကိုကို နယ်မြေ နည်းနည်းလေးတော့ စွန့်လွှတ်ပေးသင့်တယ်” ဟု သူက အကြံပြုခဲ့ပါသည်။

ဇလန်းစကီးသည် သူ၏နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်ဖြစ်သည့် “ငြိမ်းချမ်းရေးအတွက်” ရွေးချယ်ခံရသော သမ္မတ၏ ကတိကဝတ်ကို ကျေးဇူးတင်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထရန့်၏ အနိုင်ရရှိမှုအတွက် ချီးကျူးဂုဏ်ပြုရန် ဇလန်းစကီးက လျင်မြန်စွာ ပြောဆိုခဲ့သည်။

စက်တင်ဘာလတုန်းက “ယူကရိန်း-အမေရိကန်မိတ်ဖက်ဗျူဟာ အသေးစိတ်ကို သမ္မတ ထရန့်နဲ့ ဆွေးနွေးခဲ့ကြတဲ့ ကြီးကျယ်ခမ်းနားတဲ့ တွေ့ဆုံမှုမှာ အောင်ပွဲအစီအစဥ်နဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ ရန်လိုမှုကို အဆုံးသတ်ရန် နည်းလမ်းများ” ကို ကျွန်တော် မှတ်မိနေပါတယ် ဟု ဇလန်းစကီးက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဗုဒ္ဓဟူးနေ့သည် ရုရှားနိုင်ငံ Kursk ဒေသသို့ ယူကရိန်းကျူးကျော်ဝင်ရောက်မှု၏ တတိယမြောက်လဖြစ်ပြီး၊ ရဲရင့်ပြီး မမျှော်လင့်ထားသော နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုသည် ယူကရိန်း၏ တိုက်ပွဲဖြစ်ပွားနေသော အရှေ့ခြမ်းမှ ရုရှားတပ်များကို လမ်းကြောင်းလွှဲရန် ကြိုးပမ်းမှုဖြစ်သည်။

“ကမ္ဘာပေါ်ရှိလူတိုင်း မြင်နိုင်စေရေးမှာ ထိုတိုက်ခိုက်မှုသည် ကျွန်ုပ်တို့၏ တုံ့ပြန်ပြသမှု ဖြစ်ပါသည်- ယူကရိန်းသည် စစ်ပွဲအတွက် တာဝန်ရှိသူများကို စစ်မှန်သော အလားတူ ဖိအားများ ခံစားရစေရန် နှင့်ဤစစ်ပွဲ၏လမ်းကြောင်းကို ပြောင်းလဲ နိုင်ကြောင်း ပြသခြင်းလည်း ဖြစ်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို အမှန်တကယ် ရဲရင့်သူများသာ ရရှိနိုင်သည်” ဟု ဇလန်းစကီး က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံခြားအင်အားကြီးနိုင်ငံတစ်ခုက ရုရှားကို ပထမဆုံး မြေပြင် ကျူးကျော်မှုအဖြစ် ယူကရိန်း၏ထိုးစစ်ကို တန်ပြန်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ပြုံယမ်းနှင့် မော်စကို၏မဟာမိတ်ပြုမှု၏ နောက်ဆုံးလက္ခဏာအနေဖြင့် ‌မြောက်ကိုရီးယားတပ်ဖွဲ့များကိုအသုံးပြုပြီး ရုရှား၏စစ်တပ်အင်အားကို မြှင့်တင်ခဲ့သည်။

ရုရှားနိုင်ငံ Kursk ဒေသတွင် မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့် ရှိနေပြီး လာမည့်ရက်များအတွင်း ယူကရိန်းကို တိုက်ခိုက်ရန် မျှော်မှန်းထားကြောင်း အမေရိကန် တာဝန်ရှိသူများက သတိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 77 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 54 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”