နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း ကာကွယ်ရေးကို လွှမ်းမိုးနိုင်စေရန်အတွက် ရုရှားသည် အစုလိုက်အပြုံလိုက် မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခြင်းကို အရှိန်မြှင့်လိုက်သည်။

နိုဝင်ဘာလ (၁၁) ရက်။ ကိ့ဗ်၊ ယူကရိန်း CNN —

ရုရှားစစ်တပ်က ယူကရိန်းမြို့များကို တာဝေးပစ်ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်နေပြီး မော်စကိုစစ်တပ်သည်အရှေ့ဖက်တွင် ရှေ့တိုးချီတက်လာနေခဲ့သည်။ သမ္မတ ဗလာဒီမာဇလန်းစကီးက လွန်ခဲ့သောဆောင်းဦးကာလက ပစ်ခတ်ခဲ့သော အရေအတွက်ထက် အဆ ၁၀ ဆများသော ဒရုန်းများဖြစ် ပစ်ခတ်မှုကို ယခုနှစ်တွင် မော်စကိုက တိုးမြှင့်တိုက်ခိုက်နေခဲ့ကြောင်းသတိပေးခဲ့သည်။

ရုရှားသည် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးများကို လွှမ်းမိုးနိုင်စေရန် ထိပ်ဖူးမပါသော လမ်းလွှဲရန် ဟန်ပြဒရုန်းများကို ရော‌နှောပစ်လွှတ်ပြီး တိုက်ခိုက်ရေးဒရုန်းများနှင့်ရော၍ အရေအတွက်ကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ အ‌ရောင်ပြဒရုန်းများသည် အီရန်နိုင်ငံလုပ် Shahed-136 မောင်းသူမဲ့လေယာဉ်၏ ထိပ်ဖူးကို တုပရန် “3D-ပုံနှိပ်စက်” ဖြင့်ထုတ်လုပ်ထားကြောင်း ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယူရေးအင်းနတ် (Yuriy Ihnat) က CNN သို့ ပြောကြားခဲ့သည်။

အဆိုပါ စျေးသက်သာသော ဒရုန်းများသည် ယူကရိန်း၏ လေကြောင်းရန် ကာကွယ်ရေး စနစ်များကို ရှုပ်ထွေးစေပါသည်။ သေစေသော ထိပ်ဖူးတပ်ဒုံးများကိုပစ်ချမည့်အစား အယောင်ဆောင်ထားသော ဒရုန်းများကို ပစ်ချနိုင်သည်။ ယခုအခါ ယူကရိန်းတွင် ပစ်လွှတ်ခဲ့သော ရုရှားဒရုန်းအားလုံး၏ ထက်ဝက်ခန့်မှာ အရောင်ဆောင်ထားသည့် မောင်းသူမဲ့ လေယာဉ်များ ဖြစ်သည်ဟု အင်းနတ်( Ihnat) က ဆိုသည်။

ရုရှားစစ်တပ်သည် စစ်ပွဲတစ်လျှောက်လုံး ယူကရိန်းကို အပြင်းအထန် ဖိအားပေးနေသော်လည်း အဆိုပါ လှုပ်ရှားမှုများသည် ဒေါ်နယ်ထရန့် သမ္မတအဖြစ် ပြန်လည် အရွေးခံရပြီးနောက် မော်စကို၏ နည်းဗျူဟာများတွင် အပြောင်းအလဲလုပ်နေကြောင်း အချက်ပြနေမှုကို သိရှိရယူနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် ယူကရိန်းသည် စစ်ပွဲစတင်ကတည်းက ၎င်း၏တပ်များသည် “အားအပြင်းဆုံး ရုရှားထိုးစစ်များထဲမှ တစ်ခု” နှင့် ရင်ဆိုင်နေရကြောင်း ၎င်း၏စစ်တပ်အကြီးအကဲက သတိပေးခဲ့ပြီး အရှေ့ဘက် ရှေ့တန်းစစ်မျက်နှာသည် ပြင်းထန်သောဖိအားပေးမှုများအောက်တွင် ရှိနေသည်။

ပေါက်ကွဲသံများနှင့် ဒရုန်းများ အဆက်မပြတ်မြည်သံများကြောင့် ကိ့ဗ်နှင့် နိုင်ငံတစ်ဝှမ်းရှိ ဒေသခံများသည် ညတိုင်း နိုးကြားနေခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာသတိပေး ဥသြသံများသည် စက်တင်ဘာလတွင် ကိ့ဗ်တွင် နာရီ ၅၀ ဝန်းကျင်၊ အောက်တိုဘာလတွင် နာရီ ၈၀ နှင့် နိုဝင်ဘာလ ပထမပတ်တွင် နာရီ ၃၀ ကျော် မြည်ဟီးနေခဲ့သည်။

မြို့တော်တွင် စက်တင်ဘာ ၁ ရက်ကတည်းက ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိသောည တစ်ညသာ ရှိခဲ့သည်။

“သူတို့ရဲ့ ရည်ရွယ်ချက် ပန်းတိုင်က ကျွန်တော်တို့ကို စိတ်ပိုင်ဆိုင်ရာ ပျက်ပြားဖို့ပါပဲ” ဟု ကိ့ဗ် မြို့လယ်တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ် ကော်ပီစာရေးဆရာ ဗာဒင်နော့စတီနော့ဗ် (Vadym Naustinov) က CNN သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် “စနစ်” ကို သူကတီထွင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ဒရုန်းတွေ ပျံသန်းနေတာကို ကြားရင် ဒါမှမဟုတ် ပေါက်ကွဲမှုတွေ နီးကပ်လာတယ်ဆိုတာ သိရင် မြေအောက်ရထားလမ်းအောက်ထဲကို အမြန်ပြေးဆင်းခဲ့တယ်” ဟု စစ်ပွဲတစ်လျှောက် ထိုနေရာကို ဗုံးအမိုးအကာအဖြစ် အသုံးပြုခဲ့သည်ဟု သူက ပြောကြားခဲ့သည်။ “ပေါက်ကွဲမှုတွေ အနီးအနားမှာ ရှိနေရင်၊ ငါ့အိမ်နဲ့ နီးနေတော့ ငါ မြေအောက်ရထားထဲကို သွားဖို့ အချိန်မရှိဘူးဆိုရင် စင်္ကြံ ဒါမှမဟုတ် ရေချိုးခန်းထဲမှာ ပုန်းနေရတယ် ဒီလိုပုန်းနေ၊ စောင့်နေရုံနဲ့ ငါ အသက်ရှင်နိုင်မယ်လို့ မျှော်လင့်တယ်။”

ကြာသပတေးနေ့အထိ ညတွင်းချင်း တိုက်ခိုက်ခံရပြီးနောက် ရုရှားမောင်းသူမဲ့ လေယာဉ်များမှ ဗုံးအစအနများသည် အနည်းဆုံး လူနှစ်ဦး ဒဏ်ရာရခဲ့ပြီး ကိယက်ဗ်မြို့ရှိ အဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်း မြို့တော်၏ စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲရေး အကြီးအကဲ ဆာဟီ ပေါ့ကို (Serhiy Popko) က ပြောကြားခဲ့သည်။ “ဒါဟာ ကြီးမားတဲ့ တိုက်ခိုက်မှုပါပဲ” ဟု ပေါ့ကို မှ ပြောကြားပြီး တိုက်ခိုက်မှုသည် လှိုင်းလုံးကြီးများကဲ့သို့ လာရာလမ်းကြောင်းအမျိုးမျိုးမှ ရောက်ရှိလာပြီး “မတူညီသော အမြင့်ပေများ” မှပျံသန်း ရောက်ရှိလာကြောင်း သိရသည်။

နာရီများအကြာတွင် ရုရှားနိုင်ငံသည် Zaporizhzhia တောင်ပိုင်းဒေသကို လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ အနည်းဆုံး လူလေးဦး သေဆုံးပြီး လေးလသားအရွယ် မိန်းကလေးတစ်ဦး အပါအဝင် အခြား ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ “အဲဒီမှာ လူတွေသေဆုံးနေတွေကို သူတို့ (ရုရှားတွေက) ပျော်ရွှင်နှစ်သက်ကြတယ်” ဟု ဇလန်းစကီးက Telegram တွင် ပြောကြားခဲ့သည်။

ရုရှားသည် ၎င်း၏ အီရန်လုပ် Shahed မောင်းသူမဲ့လေယာဉ်ဖြင့် ယူကရိန်းအပေါ် တိုက်ခိုက်မှု ဆယ်ဆတိုးလာကြောင်း ဇလန်းစကီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ “ဒီအကြမ်းဖက်မှုဟာ လတိုင်းတိုးလာနေတယ်” ဟု ၎င်းက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။

ရုရှား၏ တိုက်ခိုက်မှုများကို အရှိန်မြှင့်လိုက်သည်နှင့်အမျှ၊ ထရန့်ကို ပြန်လည် ရွေးကောက်ခံရပြီးနောက်တွင် ယူကရိန်းသည် အမေရိကန်ထံမှ အထောက်အပံ့များ လျော့ကျသွားရန် အလားအလာရှိနေသည်။ ၎င်း၏မဲဆွယ်စည်းရုံးမှုတစ်လျှောက်တွင် မော်စကိုကကျူးကျော်ပြီး နှစ်နှစ်ခွဲကျော်ကြာ စစ်ပွဲဖြစ်ပွားနေချိန်တွင် ယခုရွေးချယ် တင်မြှောက်ခံထားသော ရီပတ်ဘလီကန်သမ္မတက ကိယက်ဗ်နှင့်ပတ်သက်သည့် အမေရိကန်၏ ကတိကဝတ်အပေါ် သံသယများ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။

ဒုသမ္မတ ကာမလာဟဲရစ် နှင့် ၎င်း၏ စက်တင်ဘာလ သမ္မတ စကားစစ်ထိုးပွဲတွင် ထရမ့်က ရုရှားကို ယူကရိန်းအနိုင်ယူနိုင်ရန် ကူညီမည့်အကြောင်း ပြောကြားရန် ထရမ့်က ငြင်းဆိုခဲ့သည်။ လနှောင်းပိုင်းတွင် “ယူကရိန်းအနေနဲ့ မော်စကိုကို နယ်မြေ နည်းနည်းလေးတော့ စွန့်လွှတ်ပေးသင့်တယ်” ဟု သူက အကြံပြုခဲ့ပါသည်။

ဇလန်းစကီးသည် သူ၏နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ်ဖြစ်သည့် “ငြိမ်းချမ်းရေးအတွက်” ရွေးချယ်ခံရသော သမ္မတ၏ ကတိကဝတ်ကို ကျေးဇူးတင်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ထရန့်၏ အနိုင်ရရှိမှုအတွက် ချီးကျူးဂုဏ်ပြုရန် ဇလန်းစကီးက လျင်မြန်စွာ ပြောဆိုခဲ့သည်။

စက်တင်ဘာလတုန်းက “ယူကရိန်း-အမေရိကန်မိတ်ဖက်ဗျူဟာ အသေးစိတ်ကို သမ္မတ ထရန့်နဲ့ ဆွေးနွေးခဲ့ကြတဲ့ ကြီးကျယ်ခမ်းနားတဲ့ တွေ့ဆုံမှုမှာ အောင်ပွဲအစီအစဥ်နဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ ရန်လိုမှုကို အဆုံးသတ်ရန် နည်းလမ်းများ” ကို ကျွန်တော် မှတ်မိနေပါတယ် ဟု ဇလန်းစကီးက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ဗုဒ္ဓဟူးနေ့သည် ရုရှားနိုင်ငံ Kursk ဒေသသို့ ယူကရိန်းကျူးကျော်ဝင်ရောက်မှု၏ တတိယမြောက်လဖြစ်ပြီး၊ ရဲရင့်ပြီး မမျှော်လင့်ထားသော နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုသည် ယူကရိန်း၏ တိုက်ပွဲဖြစ်ပွားနေသော အရှေ့ခြမ်းမှ ရုရှားတပ်များကို လမ်းကြောင်းလွှဲရန် ကြိုးပမ်းမှုဖြစ်သည်။

“ကမ္ဘာပေါ်ရှိလူတိုင်း မြင်နိုင်စေရေးမှာ ထိုတိုက်ခိုက်မှုသည် ကျွန်ုပ်တို့၏ တုံ့ပြန်ပြသမှု ဖြစ်ပါသည်- ယူကရိန်းသည် စစ်ပွဲအတွက် တာဝန်ရှိသူများကို စစ်မှန်သော အလားတူ ဖိအားများ ခံစားရစေရန် နှင့်ဤစစ်ပွဲ၏လမ်းကြောင်းကို ပြောင်းလဲ နိုင်ကြောင်း ပြသခြင်းလည်း ဖြစ်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို အမှန်တကယ် ရဲရင့်သူများသာ ရရှိနိုင်သည်” ဟု ဇလန်းစကီး က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံခြားအင်အားကြီးနိုင်ငံတစ်ခုက ရုရှားကို ပထမဆုံး မြေပြင် ကျူးကျော်မှုအဖြစ် ယူကရိန်း၏ထိုးစစ်ကို တန်ပြန်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ပြုံယမ်းနှင့် မော်စကို၏မဟာမိတ်ပြုမှု၏ နောက်ဆုံးလက္ခဏာအနေဖြင့် ‌မြောက်ကိုရီးယားတပ်ဖွဲ့များကိုအသုံးပြုပြီး ရုရှား၏စစ်တပ်အင်အားကို မြှင့်တင်ခဲ့သည်။

ရုရှားနိုင်ငံ Kursk ဒေသတွင် မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁၀,၀၀၀ ခန့် ရှိနေပြီး လာမည့်ရက်များအတွင်း ယူကရိန်းကို တိုက်ခိုက်ရန် မျှော်မှန်းထားကြောင်း အမေရိကန် တာဝန်ရှိသူများက သတိပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 85 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 84 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 99 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 92 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက