နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွေးကောက်ပွဲကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၁၁)ရက်။

ရွေးကောက်ပွဲကို မဖြစ်မနေ အောင်မြင်‌စွာ ကျင်းပပေးသွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူ့အခွင့်အရေးအခမ်းအနားမှာ ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဖြစ်ပေါ်စေဖို့အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့ အလေးထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ လိုအပ်တဲ့ တည်ငြိမ်အေးချမ်းဖို့၊ တရားဥပဒေစိုးမိုးဖို့နဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နောက်ပြီး နိုင်ငံထဲ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတာဟာ တိုင်းရင်းသားပြည်သူတွေရရှိမယ့် လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို ပျက်ပြားအောင် လုပ်နေတာလို့ ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ ချိုးဖောက်နေကြတာဆိုပြီးလဲ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်ပြီး ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်က စွပ်စွဲထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အသည်းအသန် ကြိုးစားနေပြီး တော်လှန်ရေးအင်အားစုတွေဘက်ကလဲ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။

မကြာမီ ဖမ်းဝရမ်းထုတ်ခံရဖို့‌ရှိနေတဲ့ မင်းအောင်လှိုင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်သလို နိုင်ငံရဲ့ လက်ရှိအနေအထားတွေအရ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမှာမဟုတ်ဘူးဆိုပြီးလဲ ပြောဆိုတာတွေရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 3 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ ရဲစခန်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲချခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ကန့်ဘလူမြို့ပေါ်က လူငယ်(၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီ အဓမ္မဖမ်းဆီးခေါ်ဆောင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီခန့်က ကန့်ဘလူမြို့ပေါ်က လူငယ် (၇)ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သားတစ်ဦး KNDF ထံ ထွက်ပြေးခိုလှုံ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 6 Views
ဇန်နဝါရီလ (၂၂)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံရပြီး စစ်မှုထမ်းနေရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ
မြန်မာသတင်း

KNU ထိန်းချုပ်ထားတဲ့ ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီ ဗုံးကြဲချ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ကျိုက်ဒုံမြို့ပေါ်ရှိ မီးသတ်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဖျက်အားပြင်းဗုံးနဲ့ ကြဲချခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကျိုက်ဒုံမြို့ပေါ် အမှတ်(၅)ရပ်ကွက်က မီးသတ်စခန်းကို စကစက ဖျက်အားပြင်းဗုံးနဲ့
မြန်မာသတင်း

ညစ်ညမ်းစာပေတွေကို အရေးယူတာက စာပေအဆိပ်သင့်တာကို ကာကွယ်တာလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ ညစ်ညမ်းစာပေတွေကို အရေးယူတာက နိုင်ငံနဲ့ လူမျိုးအတွက် စာပေအဆိပ်သင့်တာကို ကာကွယ်တားဆီးတာလို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ စာပေထုတ်ဝေတဲ့ လုပ်ငန်းတွေမှာ ညစ်ညမ်းစာပေတွေကို ထုတ်ဝေဖြန့်ချိတာတွေ တွေ့နေရတာကြောင့် သက်ဆိုင်ရာဥပဒေနဲ့အညီ
မြန်မာသတင်း

အွန်လိုင်းငွေလိမ်လည်တဲ့လုပ်ငန်းတွေကိစ္စ ထိုင်းနဲ့ စစ်ကောင်စီတို့ ဆွေးနွေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 5 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီး ဒီရစ်ဘွန်ကန်နဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံနဲ့ စစ်တပ်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုအပါအဝင် ခေါင်းဆောင်တွေနဲ့ အရာရှိကြီးတွေရဲ့
မြန်မာသတင်း

ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 17 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က နေ့လယ်(၁)နာရီခွဲအချိန် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁)-ယောဗျူဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထီးလင်းမြို့က စကစတပ်သားတွေ တပ်စွဲထားတဲ့ ရုပ်သံကုန်းနဲ့ မြို့မရဲစခန်းကို
မြန်မာသတင်း

မြင်းခြံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတွေ မိုင်းဆွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 10 Views
ဇန်နဝါရီလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်က မြင်းခြံမြို့ ချောင်းဒေါင်းလမ်းဆုံမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ အမှတ်(၂)ရဲစခန်းက ရဲတပ်သား (၅)ဦးက