နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်က အတိုင်းအတာနဲ့ပဲလို့ စစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၁၁)ရက်။

နိုင်ငံသားတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်က အတိုင်းအတာနဲ့ပဲလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ သတင်းမီဒီယာကောင်စီဝင်တွေ ကတိသစ္စာပြုပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်း နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဒါမှမဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေခွင့်ရှိတာကို ပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လွတ်လပ်ခွင့်ဟာ အတိုင်းအတာနဲ့ဖြစ်ပြီး တည်ဆဲဥပဒေတွေနဲ့အညီမဟုတ်ဘဲ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးကို ထိပါးပုတ်ခတ် ရေးသားဖော်ပြတာမျိုး မဖြစ်ဖို့နဲ့ မျှမျှတတလုပ်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။

နောက်ပြီး ဒီကနေ့အချိန်မှာ နိုင်ငံရေး၊ စီးပွားရေး အင်အားကြီးတဲ့ အုပ်စုတွေက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဝင်ရောက်ချယ်လှယ်ဖို့အတွက် မီဒီယာသမားတွေကို မွေးမြူအသုံးပြုနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီကနေတဆင့် သူတို့လိုလားတဲ့ ပုံစံတွေအတိုင်း ထုတ်လွှင့်ဖော်ပြနေပြီး ဖွံ့ဖြိုးဆဲနိုင်ငံ‌ငယ်တွေကို မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခကြီးထွားအောင်၊ တိုင်းပြည်ပြိုကွဲအောင် ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်နေတယ်လို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုထားပါသေးတယ်။

ဒါ့အပြင် သတင်းသမားတွေအနေနဲ့ ပုဂ္ဂလဓိဋ္ဌာန်အစွဲ‌တွေ ရှိနေတတ်တာကို နားလည်လက်ခံပေမယ့် နိုင်ငံ့အရေး၊ ပြည်သူ့အရေးကိစ္စတွေမှာ အကျိုးစီးပွားကို ရှေ့တန်းမတင်ဘဲ “ အတ္တနောမတိ” ကင်းကင်းနဲ့ ရေးသားဖို့လဲ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် သတင်းသမား အများအပြားကို ဖမ်းဆီးအကျဉ်းချထားပြီး (၃)နှစ်ကျော်ကာလထဲ သတင်းသမား (၇)ဦးကို သတ်ဖြတ်ခဲ့သလို သတင်းဌာန (၁၅)ခုကို လိုင်စင်ပိတ်သိမ်းထားပါတယ်။

အခု (၃)နှစ်ကျော်ကာလထဲမှာ စစ်ကောင်စီကို လူမှုကွန်ရက်စာမျက်နှာကနေ ဆန့်ကျင်ဝေဖန်ရေးသားလို့ဆိုပြီး ဖမ်းဆီးခံခဲ့ရသူ (၁၈၀၀)ကျော်ရှိကာ Facebook လို လူမှုကွန်ရက်စာမျက်နှာတွေ အသုံးမပြုနိုင်အောင် ကန့်သတ်ပိတ်ပင်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့