နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

အဖိနှိပ်ခံဘဝကလွတ်မြောက်ဖို့ ပြည်သူတရပ်လုံးနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ PNFC နဲ့ PNLO ပူးတွဲထုတ်ပြန်

ဒီဇင်ဘာလ (၁၁)ရက်။

အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေအပါအဝင် ပြည်သူတစ်ရပ်လုံးနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ PNFC နဲ့ PNLO တို့က ဒီကနေ့မှာကျရောက်တဲ့ (၇၅)နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့မှာ ပူးတွဲထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

 စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့၊ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ရည်မှန်းချက်ကို အခြေခံတဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ နိုင်ငံရေးဘုံသဘောတူညီချက်တရပ် အမြန်ဆုံးရရှိဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သစ်တွေ ပေါ်ထွန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို အခြေခံပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှာဖြစ်သလို PNFC နဲ့ PNLO တို့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး PNFC နဲ့ PNLO အနေနဲ့ ပအိုဝ်းအချင်းချင်းကြားနဲ့ တိုင်းရင်းသားအချင်းချင်းကြားမှာ လက်နက်ကိုင်ပဋိပက္ခတွေကို ရှောင်ရှားပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်းအဖြေရှာမှာဖြစ်ပြီး စစ်အုပ်စုရဲ့ နည်းလမ်းပေါင်းစုံနဲ့ သက်လျှိုဖြိုခွဲနေတဲ့အပေါ် ခုခံကာကွယ်ပိုင်ခွင့်မူကို ကျင့်သုံးသွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ပအိုဝ်းအချင်းချင်းကြား ပဋိပက္ခမဖြစ်စေဖို့ကို PNO/PNA အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အပြင် လုံးဒါးညီလာခံမှာ ချမှတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ တိုက်ဖျက်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးမူနဲ့အညီ လူထုတော်ရေးကြီးမှာ ပြန်လည်ပူးပေါင်းဆင်နွှဲဖို့ တိုက်တွန်းထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ ဖန်တီးထားတဲ့ လူထုဆန့်ကျင်တဲ့ထောင်ချောက်တွေထဲ မကျစေဖို့ အထူးသတိထားဆောင်ရွက်ဖို့နဲ့ ဘက်ပြောင်းခိုလှုံသူတွေကို ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ ကြိုဆိုဖို့ တိုက်တွန်းထားပါတယ်။

ပအိုဝ်းအမျိုးသားနဲ့ လူငယ်အဖွဲ့အစည်းတွေအပါအဝင် ပအိုဝ်းအရပ်ဖက်အဖွဲ့တွေ၊ ပအိုဝ်းနိုင်ငံရေးအဖွဲ့တွေ၊ ပအိုဝ်းစာပေယဉ်ကျေးမှုအသင်းအဖွဲ့တွေ အပါအဝင် ပအိုဝ်းပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 133 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 84 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို