နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်၏ပြောဆိုချက်အပေါ် “အလွန်အန္တရာယ်များတယ်” ဟု ဇလန်းစကီးဆို

ဖေဖော်ဝါရီလ (၁၁) ရက်။

၂၄ နာရီအတွင်း ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်သည်ဟု ထရန့်၏ပြောဆိုချက်အပေါ် အလွန်အန္တရာယ်များတယ်’ဟု ဇလန်းစကီးက မှတ်ချက်ပြုခဲ့သည်။

အိမ်ဖြူတော်သို့ သမတအဖြစ် ပြန်ရောက်လာပါက ရုရှား-ယူကရိန်းစစ်ပွဲကို တစ်ရက်အတွင်း အဆုံးသတ်နိုင်မည်ဟု ဒေါ်နယ်ထရန့်၏ အကြံပြုချက်အပေါ် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇလန်းစကီးက ပထမဆုံးအကြိမ် လူသိရှင်ကြား ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခဲ့သည်။ သောကြာနေ့ကထုတ်လွှင့်သော ဗြိတိန် Channel Four News နှင့် မာ ဇလန်းစကီး၏ တွေ့ဆုံမေးမြန်းခန်းတွင် ရီပတ်ဘလီကန်ပါတီ သမတလောင်းအဖြစ် ရှေ့တန်းပြေးနေသူ၏ ဝါကြွားမှုကို “အလွန်အန္တရာယ်များသော” အဖြစ် ဖော်ပြခဲ့သည်။ ထရန့်သည် စစ်ပြီးခေတ်အခြေအနေ မည်သို့မည်ပုံဖြစ်မည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။

ထရန့်၏ပြောဆိုမှုသည် ရွေးကောက်ပွဲ နီးကပ်လာမှုတွင် ပြောဆိုချက်သက်သက် သို့မဟုတ် “နိုင်ငံရေးအရ အသိပေးမှုသတင်းစကား” ဖြစ်နိုင်သည်ဟု ဇလန်းစကီးက ပြောဆိုခဲ့သည်။ သို့သော် သမ္မတအဖြစ် ရွေးကောက်ခံရပါက ထရန့်သည် ယူကရိန်း သို့မဟုတ် ၎င်း၏ပြည်သူများအတွက် အကျိုးမရှိသော ဆုံးဖြတ်ချက်များကို တစ်ဖက်သတ် ဆုံးဖြတ်နိုင်ပြီး ၎င်းတို့ကို မည်သို့ပင်ဖြစ်စေကာမူ ကြိုးပမ်းလုပ်ဆောင်နိုင်သည်ဟူသော အယူအဆမှာ “ကျွန်တော့ကို အလွန်စိတ်ဖိစီးစေပါတယ်” ဟု ပြောကြားခဲ့သည်။

နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ကြေညာချက်ထုတ်ရန် ထရန့်၏ သဘောထားမှာ ပြီးခဲ့သည့်နှစ် မေလတွင် ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး CNN ၏ ကိတ်တလန် ကောလင်း (Kaitlan Collins) နှင့် အင်တာဗျူးတွင် ထရန့်က “ကျွန်တော်သာ သမ္မတဖြစ်ခဲ့ရင် ဒီစစ်ပွဲကို တစ်ရက်တည်းနဲ့ ၂၄ နာရီအတွင်း ပြေလည်အောင် ဖြေရှင်းနိုင်မှာပါ” ဟုဆိုခဲ့သည်။

ဘယ်လိုလုပ်မလဲလို့ မေးတော့ ထရန့်က ဇလန်းစကီး နဲ့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင် တို့ကို တွေ့ဆုံပြီး “သူတို့နှစ်ယောက်စလုံးမှာ အားနည်းချက်တွေရှိသလို နှစ်ယောက်လုံးမှာ အားသာချက်တွေလဲ ရှိပြီး စစ်ပွဲက ၂၄ နာရီအတွင်း ပြေလည်သွားမှာဖြစ်ပြီး စစ်ပွဲလည်း ပြီးသွားမှာပါ” ဟု ပြောကြားခဲ့သည်။ ယေဘုယျအားဖြင့် ဇလန်းစကီးသည် ထရန့်ကို ဝေဖန်ခြင်းမှ ဝေးဝေးနေခဲ့ပြီး ဒီမိုကရက်များနှင့် ထရန့်ကိုထောက်ခံသော ရီပတ်ပလီကင်များ ကွဲပြဲနေခြင်းမှ ယူကရိန်းအတွက် အမေရိကန် ရန်ပုံငွေများကို ပိတ်ပင်ခြင်းမခံရအောင် သတိထားနေခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက ဒါဗိုစ် (Davos) တွင် သတင်းထောက်တစ်ဦး၏ အလားတူမေးခွန်းကို ဖြေကြားရာတွင် ယူကရိန်း ခေါင်းဆောင်က ဖြစ်နိုင်သည့် အခြေအနေတခုတွင် ထရန့် က အမေရိကန်၏ ထောက်ပံ့မှုများအားလုံးကို ဖယ်ရှားပြီးနောက် ပူတင်က ယူကရိန်းကို ဖြတ်ကျော်သိမ်းပိုက်သွားပြီးနောက် နေတိုးအဖွဲ့ဝင်များကိုလည်း ကျူးကျော်ရန် စတင်ခြိမ်းခြောက်လာပါက ထရန့် က မည်သို့တုံ့ပြန်မည်ကို သိချင်ကြောင်း တုံ့ပြန်ခဲ့သည်။ လူအများက နိုဝင်ဘာလတွင် ထရန့်၏အောင်ပွဲကို ပူတင်က ကြိုဆိုရမည့်အရာဖြစ်ပြီး အနည်းဆုံးအားဖြင့် ယူကရိန်းတွင် ၎င်း၏ပိုင်နက်အမြတ်အစွန်းကို ဆုပ်ကိုင်ထားပြီး အောင်ပွဲကို ကြေညာရန် အခွင့်အရေးပေးမည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားသည်။

ဆန့်ကျင်ဘက်အားဖြင့် ဇလန်းစကီးက ခရိုင်းမီးယားအပါအဝင် ၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်းကို သိမ်းပိုက်ထားသော ရုရှားတပ်ဖွဲ့များအားလုံးကို ဖယ်ရှားခြင်းမပြုလျှင် ငြိမ်းချမ်းရေးသဘောတူညီချက် မရနိုင်ဟု ဆက်လက်၍ပြောဆိုထားသည်။ နွေရာသီ တန်ပြန်ထိုးစစ် မအောင်မြင်မှုကြောင့် ယူကရိန်း၏ စေ့စပ်ညှိနှိုင်းနိုင်မှုသည် အနည်းဆုံး အချိန်တိုအတွင်း သိသိသာသာ အားနည်းသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဘိုင်ဒင်အစိုးရနှင့် နေတိုးမဟာမိတ်တို့က ယူကရိန်းအား ရုရှားနှင့် မည်သည့်သဘောတူညီချက်တွင်မျှ အတင်းအကျပ် ဖိအားပေးမည်မဟုတ်ကြောင်း “ယူကရိန်းနှင့်ပတ်သက်ပြီး ယူကရိန်းမရှိလျှင် မည်သည့်အရာမျှမရှိနိုင်” ဟူသော စကားစုဖြင့် နိဂုံးချုပ်ထားသည်။ ထရန့်အား ယူကရိန်းသို့ ဖိတ်ကြားရန် Channel Four News အင်တာဗျူးတွင် အခွင့်အရေးပေးခဲ့ပြီး ဇလန်းစကီးကလည်း မတွန့်ဆုတ်ခဲ့ပေ။ ကင်မရာကို လှည့်ကြည့်ရင်း “ဒေါ်နယ်ထရန့် ယူကရိန်း၊ ကိ့ဗ်ကို ဖိတ်ခေါ်ပါတယ်။ စစ်ပွဲကို ၂၄ နာရီအတွင်း ရပ်တန့်နိုင်ရင် လာဖို့ လုံလောက်တဲ့ အကြောင်းပြချက်ဖြစ်မယ် ထင်ပါတယ်” ဟု ဇလန်းစကီးက ထရန့်ကို ဖိတ်ကြားခဲ့သည်။

“ဒေါ်နယ်ထရန့်မှာ တကယ်ကိုကောင်းတဲ့ အကြံအစည်တစ်ခု၊ တကယ့်အကြံဉာဏ် တစ်ခုရှိနိုင်ပြီး ကျွန်တော့်ကို သူ မျှဝေနိုင်ပါတယ်” ဟု အင်တာဗျူးမေးမြန်းသူအား မျက်နှာချင်းဆိုင်ပြီး သူက ထပ်လောင်းပြောကြားခဲ့သည်။

Source/Photo: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 51 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက