နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အာဏာရှင်ကို အားပေးပြီး အာဏာရှင်ဖြစ်ရန် ဦးတည်နေတဲ့ ဒေါ်နယ်ထရန့်

ဖေဖော်ဝါရီလ (၁၁) ရက်။

ဥရောပလုံခြုံရေးအတွက် ထောက်ပံ့မှု လုံလောက်အောင်မပေးတဲ့နေတိုးနိုင်ငံကို ‘သူတို့လိုချင်တာ ဘာမဆိုလုပ်’ ဖို့ ရုရှားကို အားပေးမယ်လို့ ထရန့်က ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ကာကွယ်ရေးအသုံးစရိတ် လုံလောက်စွာသုံးဖို့ လမ်းညွှန်ချက်တွေကို ပြည့်မီအောင်မထည့်ဝင်တဲ့ NATO အဖွဲ့ဝင်နိုင်ငံတိုင်းကို ရုရှားနိုင်ငံအနေနဲ့ “ဘာပဲလုပ်လုပ်လုပ်ဖို့ သူကတိုက်တွန်းသွားမယ်” လို့ စနေနေ့က ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ အရွေးခံရရင် နေတိုးရဲ့ မဟာမိတ်စာချုပ်ထဲမှာ ထည့်ထားတဲ့ စုပေါင်းကာကွယ်ရေး သတ်မှတ်ချက်ကို သူက လိုက်နာမှာမဟုတ်ဘူး” လို့ တောင်ကယ်ရိုလိုင်းနားပြည်နယ် ကွန်ဝေးရဲ့ စုဝေးပွဲမှာ ထရန့်က ပြောကြားခဲ့တာပါ။ “လူတိုင်း ပေးဆောင်ရမယ်’ လို့ ကျွန်တော်က ပြောတယ်၊ သူတို့က ကျွန်တော်တို့ မပေးရင် ခင်ဗျားက ကျွန်တော်တို့ကို အကာအကွယ်ပေးမှာလား’ လို့ ပြန်မေးတယ်။ ကျွန်တော်က ‘လုံးဝကာကွယ်မှာ မဟုတ်ဘူး’ လို့ ပြန်ပြောတော့ သူတို့က ကျွန်တော်ပြန်ဖြေတာကို မယုံနိုင်ဘူး” လို့ ပြောတယ်။

ထရန့်က တိုင်းပြည်ကြီးတစ်ခုရဲ့သမ္မတတစ်ဦးက “ နေတိုးကာကွယ်ရေးစရိတ်ကို မပေးနိုင်ဘဲ သူတို့နိုင်ငံကို ရုရှားက ကျူးကျော်လာတာခံရရင် အမေရိကန်က သူတို့တိုင်းပြည်ကို ကာကွယ်ပေးမှာလား” လို့ တစ်ချိန်ကမေးခဲ့တယ်လို့ ပြောပါတယ်။

ကျွန်တော်က “ မပေးဘူး၊ ခင်ဗျားကို ကာကွယ်ပေးမှာ မဟုတ်ဘူး” လို့ ထရန့်က အဲ့ဒီသမ္မတကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ “ခင်ဗျားတို့အတွက် ကာကွယ်ရေး ကုန်ကျစရိတ်တွေကို ပေးဆောင်ရမယ်။ ခင်ဗျားရဲ့ဘေလ်တွေကို ခင်ဗျားပေးဆောင်ရမယ်။” လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

စနေနေ့နှောင်းပိုင်းတွင် အိမ်ဖြူတော်က ထရန့်၏မှတ်ချက်ကို “ထိတ်လန့်စေပြီး တုန်လှုပ်ခြောက်ခြားစရာကောင်းတယ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ မဟာမိတ်ဖွဲ့မှုကို အားကောင်းစေရန် သမ္မတဂျိုးဘိုင်ဒင်ရဲ့ ကြိုးပမ်းမှုတွေကို အိမ်ဖြူတော်က အမွှမ်းတင်ခဲ့ပါတယ်။

“သမ္မတဘိုင်ဒင်က ကျွန်တော်တို့ရဲ့ မဟာမိတ်ဖွဲ့ထားမှုတွေကို ပြန်လည်ထူထောင်ပြီး အကြီးအကဲတိုင်းရဲ့ ပထမဆုံးတာဝန်က အမေရိကန်ပြည်သူတွေကို လုံခြုံအောင်ထားပြီး စည်းလုံးစေမယ့် စံနှုန်းတန်ဖိုးတွေကို စောင့်ထိန်းထားတဲ့အတွက်ကြောင့် ကမ္ဘာမှာ ကျွန်တော်တို့ကို ပိုမိုအားကောင်းလာစေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံးမဟာမိတ်တွေကို လူသတ်အစိုးရတွေရဲ့ ကျူးကျော်တိုက်ခိုက်တာကို အားပေးခြင်းက ထိတ်လန့်တုန်လှုပ်စရာဖြစ်ပြီး ဒါဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး၊ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုနဲ့ အိမ်တွင်းစီးပွားရေးကို အန္တရာယ် ဖြစ်စေပါတယ်” လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အင်ဒရူး ဘိတ်စ် (Andrew Bates) က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ရဲ့ အဓိကအချက်မှာ စုပေါင်းကာကွယ်ရေးဆိုင်ရာ ကတိကဝတ် ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ခြင်းဟာ မဟာမိတ်နိုင်ငံအားလုံးကို တိုက်ခိုက်တာ ဖြစ်တယ်ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ထရန့်က နေတိုးအဖွဲ့ဝင် အခြားနိုင်ငံတွေ ကာကွယ်ရေးအတွက် ကုန်ကျစရိတ်ငွေပမာဏဟာ အမေရိကန်က သုံးစွဲတဲ့ပမာဏနဲ့ နဲ့ နှိုင်းယှဉ်ပြီး ကာလရှည်ကြာ မကျေမနပ် ဖြစ်နေခဲ့တာပါ။ နေတိုးကနေ အမေရိကန်ကို နုတ်ထွက်ရန် ထပ်ခါတလဲလဲ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ စနေနေ့က သူ့ရဲ့မှတ်ချက်တွေဟာ သူ သမတအဖြစ် ပြန်အရွေးခံရရင် NATO မဟာမိတ်တွေကို ရုရှားတိုက်ခိုက်မှုကနေ ခုခံကာကွယ်ဖို့ သူ့မှာ ဆန္ဒမရှိကြောင်း တိုက်ရိုက်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။

ထရန့်က နေတိုးရဲ့ရန်ပုံငွေ လုပ်ဆောင်ချက်တွေမှာ မှားယွင်းနေတာကို နှစ်ပေါင်းများစွာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နေတိုးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံတစ်ခုစီဟာ ကာကွယ်ရေးအတွက် အနည်းဆုံး ပြည်တွင်းထုတ်ကုန် ၂ ရာခိုင်နှုန်းကို သုံးစွဲရန် ရည်မှန်းထားပြီး နိုင်ငံအများစုမှာ အဲ့ဒီပစ်မှတ်ကို မပြည့်မီခဲ့ပါ။ ဒါပေမဲ့ အဲ့ဒီကိန်းဂဏန်းဟာ လမ်းညွှန်ချက် တစ်ခုသာဖြစ်ပြီး စည်းနှောင်ထားတဲ့စာချုပ် မဟုတ်တဲ့အပြင် “ ဥပဒေအရ” လိုက်နာရတာမျိုးလည်း မဟုတ်ပါဘူး။အဖွဲ့ဝင်နိုင်ငံတွေက အဖွဲ့အစည်းကိုလည်ပတ်ဖို့ နေတိုးရဲ့ ဘုံဘတ်ဂျက်ဝေစုကို ပေးဆောင်ကကြပါတယ်။

ထရမ့်က သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က အမေရိကန်ကို နေတိုးအဖွဲ့မှ နုတ်ထွက်ဖို့ ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့တယ်လို့ The New York Times က ဖော်ပြခဲ့ပါတယ်။ ထရန့်က နေတိုးကို ခေတ်နောက်ကျနေပြီဟု ဖော်ပြထားပြီး နေတိုးကို အားနည်းစေလိုတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မဟာမိတ်ဖွဲ့ထားပါသေးတယ်။ ထရန့်ဟာ ပူတင်ကို ကာလရှည်ကြာ ချီးကျူးခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့စွက်ဖက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောကြားမှုနဲ့ပတ်သက်ပြီး ရုရှားခေါင်းဆောင်ဖက်က ရပ်တည်ခဲ့ပါတယ်။

Source/Photo: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 77 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 54 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး