နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အာဏာရှင်ကို အားပေးပြီး အာဏာရှင်ဖြစ်ရန် ဦးတည်နေတဲ့ ဒေါ်နယ်ထရန့်

ဖေဖော်ဝါရီလ (၁၁) ရက်။

ဥရောပလုံခြုံရေးအတွက် ထောက်ပံ့မှု လုံလောက်အောင်မပေးတဲ့နေတိုးနိုင်ငံကို ‘သူတို့လိုချင်တာ ဘာမဆိုလုပ်’ ဖို့ ရုရှားကို အားပေးမယ်လို့ ထရန့်က ပြောလိုက်ပါတယ်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ကာကွယ်ရေးအသုံးစရိတ် လုံလောက်စွာသုံးဖို့ လမ်းညွှန်ချက်တွေကို ပြည့်မီအောင်မထည့်ဝင်တဲ့ NATO အဖွဲ့ဝင်နိုင်ငံတိုင်းကို ရုရှားနိုင်ငံအနေနဲ့ “ဘာပဲလုပ်လုပ်လုပ်ဖို့ သူကတိုက်တွန်းသွားမယ်” လို့ စနေနေ့က ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ အရွေးခံရရင် နေတိုးရဲ့ မဟာမိတ်စာချုပ်ထဲမှာ ထည့်ထားတဲ့ စုပေါင်းကာကွယ်ရေး သတ်မှတ်ချက်ကို သူက လိုက်နာမှာမဟုတ်ဘူး” လို့ တောင်ကယ်ရိုလိုင်းနားပြည်နယ် ကွန်ဝေးရဲ့ စုဝေးပွဲမှာ ထရန့်က ပြောကြားခဲ့တာပါ။ “လူတိုင်း ပေးဆောင်ရမယ်’ လို့ ကျွန်တော်က ပြောတယ်၊ သူတို့က ကျွန်တော်တို့ မပေးရင် ခင်ဗျားက ကျွန်တော်တို့ကို အကာအကွယ်ပေးမှာလား’ လို့ ပြန်မေးတယ်။ ကျွန်တော်က ‘လုံးဝကာကွယ်မှာ မဟုတ်ဘူး’ လို့ ပြန်ပြောတော့ သူတို့က ကျွန်တော်ပြန်ဖြေတာကို မယုံနိုင်ဘူး” လို့ ပြောတယ်။

ထရန့်က တိုင်းပြည်ကြီးတစ်ခုရဲ့သမ္မတတစ်ဦးက “နေတိုးကာကွယ်ရေးစရိတ်ကို မပေးနိုင်ဘဲ သူတို့နိုင်ငံကို ရုရှားက ကျူးကျော်လာတာခံရရင် အမေရိကန်က သူတို့တိုင်းပြည်ကို ကာကွယ်ပေးမှာလား” လို့ တစ်ချိန်ကမေးခဲ့တယ်လို့ ပြောပါတယ်။

ကျွန်တော်က “မပေးဘူး၊ ခင်ဗျားကို ကာကွယ်ပေးမှာ မဟုတ်ဘူး” လို့ ထရန့်က အဲ့ဒီသမ္မတကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ “ခင်ဗျားတို့အတွက် ကာကွယ်ရေး ကုန်ကျစရိတ်တွေကို ပေးဆောင်ရမယ်။ ခင်ဗျားရဲ့ဘေလ်တွေကို ခင်ဗျားပေးဆောင်ရမယ်။” လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

စနေနေ့နှောင်းပိုင်းတွင် အိမ်ဖြူတော်က ထရန့်၏မှတ်ချက်ကို “ထိတ်လန့်စေပြီး တုန်လှုပ်ခြောက်ခြားစရာကောင်းတယ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ မဟာမိတ်ဖွဲ့မှုကို အားကောင်းစေရန် သမ္မတဂျိုးဘိုင်ဒင်ရဲ့ ကြိုးပမ်းမှုတွေကို အိမ်ဖြူတော်က အမွှမ်းတင်ခဲ့ပါတယ်။

“သမ္မတဘိုင်ဒင်က ကျွန်တော်တို့ရဲ့ မဟာမိတ်ဖွဲ့ထားမှုတွေကို ပြန်လည်ထူထောင်ပြီး အကြီးအကဲတိုင်းရဲ့ ပထမဆုံးတာဝန်က အမေရိကန်ပြည်သူတွေကို လုံခြုံအောင်ထားပြီး စည်းလုံးစေမယ့် စံနှုန်းတန်ဖိုးတွေကို စောင့်ထိန်းထားတဲ့အတွက်ကြောင့် ကမ္ဘာမှာ ကျွန်တော်တို့ကို ပိုမိုအားကောင်းလာစေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံးမဟာမိတ်တွေကို လူသတ်အစိုးရတွေရဲ့ ကျူးကျော်တိုက်ခိုက်တာကို အားပေးခြင်းက ထိတ်လန့်တုန်လှုပ်စရာဖြစ်ပြီး ဒါဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး၊ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုနဲ့ အိမ်တွင်းစီးပွားရေးကို အန္တရာယ် ဖြစ်စေပါတယ်” လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ အင်ဒရူး ဘိတ်စ် (Andrew Bates) က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ရဲ့ အဓိကအချက်မှာ စုပေါင်းကာကွယ်ရေးဆိုင်ရာ ကတိကဝတ် ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်ခြင်းဟာ မဟာမိတ်နိုင်ငံအားလုံးကို တိုက်ခိုက်တာ ဖြစ်တယ်ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ထရန့်က နေတိုးအဖွဲ့ဝင် အခြားနိုင်ငံတွေ ကာကွယ်ရေးအတွက် ကုန်ကျစရိတ်ငွေပမာဏဟာ အမေရိကန်က သုံးစွဲတဲ့ပမာဏနဲ့ နဲ့ နှိုင်းယှဉ်ပြီး ကာလရှည်ကြာ မကျေမနပ် ဖြစ်နေခဲ့တာပါ။ နေတိုးကနေ အမေရိကန်ကို နုတ်ထွက်ရန် ထပ်ခါတလဲလဲ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ စနေနေ့က သူ့ရဲ့မှတ်ချက်တွေဟာ သူ သမတအဖြစ် ပြန်အရွေးခံရရင် NATO မဟာမိတ်တွေကို ရုရှားတိုက်ခိုက်မှုကနေ ခုခံကာကွယ်ဖို့ သူ့မှာ ဆန္ဒမရှိကြောင်း တိုက်ရိုက်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။

ထရန့်က နေတိုးရဲ့ရန်ပုံငွေ လုပ်ဆောင်ချက်တွေမှာ မှားယွင်းနေတာကို နှစ်ပေါင်းများစွာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နေတိုးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံတစ်ခုစီဟာ ကာကွယ်ရေးအတွက် အနည်းဆုံး ပြည်တွင်းထုတ်ကုန် ၂ ရာခိုင်နှုန်းကို သုံးစွဲရန် ရည်မှန်းထားပြီး နိုင်ငံအများစုမှာ အဲ့ဒီပစ်မှတ်ကို မပြည့်မီခဲ့ပါ။ ဒါပေမဲ့ အဲ့ဒီကိန်းဂဏန်းဟာ လမ်းညွှန်ချက် တစ်ခုသာဖြစ်ပြီး စည်းနှောင်ထားတဲ့စာချုပ် မဟုတ်တဲ့အပြင် “ဥပဒေအရ” လိုက်နာရတာမျိုးလည်း မဟုတ်ပါဘူး။အဖွဲ့ဝင်နိုင်ငံတွေက အဖွဲ့အစည်းကိုလည်ပတ်ဖို့ နေတိုးရဲ့ ဘုံဘတ်ဂျက်ဝေစုကို ပေးဆောင်ကကြပါတယ်။

ထရမ့်က သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်က အမေရိကန်ကို နေတိုးအဖွဲ့မှ နုတ်ထွက်ဖို့ ကြိမ်ဖန်များစွာ ခြိမ်းခြောက်ခဲ့တယ်လို့ The New York Times က ဖော်ပြခဲ့ပါတယ်။ ထရန့်က နေတိုးကို ခေတ်နောက်ကျနေပြီဟု ဖော်ပြထားပြီး နေတိုးကို အားနည်းစေလိုတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မဟာမိတ်ဖွဲ့ထားပါသေးတယ်။ ထရန့်ဟာ ပူတင်ကို ကာလရှည်ကြာ ချီးကျူးခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့စွက်ဖက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောကြားမှုနဲ့ပတ်သက်ပြီး ရုရှားခေါင်းဆောင်ဖက်က ရပ်တည်ခဲ့ပါတယ်။

Source/Photo: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက