နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

၂၀၂၃ခုနှစ် ထိုင်း ရွေးကောက်ပွဲတွင် မဲအများဆုံးရ Move Forward (MFP) ပါတီကို ထိုင်းတရားရုံးမှ ဖျက်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်ပြော

မတ်လ (၁၂) ရက်။

အင်္ဂါနေ့က ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲအနိုင်ရသည့် ရှေ့သို့ချီပါတီ (Move Forward Party- MFP) ကို ဖျက်သိမ်းပေးရန် အခြေခံဥပဒေခုံရုံးသို့ ပြောကြားခဲ့သည်။ ဥပဒေခုံရုံးမှ လက်ရှိအချိန်တွင် MFP ပါတီ၏ပေါ်လစီသည် ဘုရင့်ဥပဒေနှင့်ပတ်သက်၍ ဆန့်ကျင်မှု ရှိနေကြောင်း တွေ့ရှိခဲ့ခြင်းကြောင့် MFP ပါတီကို ဖျက်သိမ်းရန် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့်ကြေညာချက်တွင် ထိုဆုံးဖြတ်ချက်ကို အများစုမှ ချမှတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ MFP ပါတီ၏ပေါ်လစီတွင် ဘုရင့်ဆိုင်ရာဥပဒေဟုခေါ်တွင်သော ရာဇဝတ်မှုဆိုင်ရာ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန်အချက် ပါရှိခဲ့ပြီး ထိုဥပဒေကို နိုင်ငံရေးအတွက် အလွဲအသုံးချနေခြင်းကြောင့် ပြင်ဆင်ရန် လိုအပ်သည်ဟု ဆိုခဲ့သည်။

အခြေခံဥပဒေခုံရုံး၏ လက်ရှိတွေ့ရှိမှုအပေါ် အခြေခံ၍ ရွေးကောက်ပွဲကော်မရှင်က MFP ပါတီသည် နိုင်ငံရေးပါတီများအပေါ် ပြဋ္ဌာန်းထားသည့် မူလဥပဒေ ပုဒ်မ ၉၂ ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ထိုပုဒ်မ ၉၂ အရ အခြေခံဥပဒေခုံရုံးသည် မည်သည့်နိုင်ငံရေးပါတီမဆို စည်းမျဉ်းခံ ဘုရင်စနစ်ကို ခြိမ်းခြောက်နေသည်ဟု မှတ်ယူခဲ့ပါက ထိုပါတီကို ဖျက်သိမ်းနိုင်သည်ဟု ဆိုထားပါသည်။

အခြေခံဥပဒေခုံရုံးက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တညီတညာတည်း ကန့်ကွက်မှု မရှိသဘောတူညီခဲ့ပြီး MFP ပါတီသည် ဘုရင့်ဥပဒေနှင့်ပတ်သက်သည့်ဆောင်ရွက်နေမှုများအားလုံးကို ရပ်ဆိုင်းရန်နှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး စည်းရုံးလှုံဆော်နေမှုများကို ဘုရင်စနစ်ကို ဖြိုချရန် ကြံရွယ်နေသည့်လုပ်ရပ်အဖြစ် ကြိုးစားခြင်းဖြစ်သည်ဟု မှတ်ယူမည်ဟု ဆိုခဲ့သည်။

အခြေခံဥပဒေခုံရုံးက ပါတီ၏အစီအမံဖြစ်သည့် “ဘုရင့်တော်ဝင်မိသားစုကို ညစ်နွမ်းစေမှု ဥပဒေကို ပြင်ဆင်ရန် ကြိုးစားမှုသည် ထိုင်းနိုင်ငံနှင့် ဘုရင်ကိုခွဲခြားရန် ကြိုးစားမှုဟု မြင်ပြီး ထိုလုပ်ဆောင်မှုသည် နိုင်ငံလုံခြုံရေးအတွက် ထင်ရှားထူးခြားသည့် ချိမ်းခြောက်မှုအဖြစ် ဖော်ပြနေသည်ဟု” ဆိုသည်။

MFP ပါတီက တင်ပြသည့် ဥပဒေပြင်ဆင်ချက်တွင် ထိုသို့ဘုရင်နှင့် တော်ဝင်မိသားစုအပေါ် ဂုဏ်သရေညှိုးနွမ်းစေမှုကို တရားစွဲဆိုတင်ပြသူသည် တော်ဝင်မိသားစုဝင်များထဲမှသာ ဖြစ်သင့်ပြီး ပြစ်ဒဏ်သတ်မှတ်ချက်ကိုလည်း လျော့ပေါ့ရန် အဆိုပြုထားခဲ့ခြင်းဖြစ်သည်။

သူတို့၏ သဘောထားများကို ဖတ်ကြားသည့်အခါ တရားသူကြီးများသည် ပီတာလင်ဂျာရိုရတ်၏အတိတ်က လုပ်ဆောင်မှုများကို ထောက်ပြ၍ MFP ပါတီခေါင်းဆောင်ဟောင်းနှင့်ပါတီသည် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ဆောင်ရွက်ခဲ့ကြကြောင်း၊ ပုဒ်မ ၁၁၂ ကို ဆန့်ကျင်သူများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြောင်း၊ တော်ဝင်မိသားစု ဆန့်ကျင်သူများဟု သံသယရှိသူများကို အာမခံရရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း ပြောဆိုခဲ့သည်။

တရားရုံးက ပီတာနှင့် သူ၏ပါတီသည် ပုဒ်မ၁၁၂ကို ဖျက်သိမ်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်းကို လုပ်ဆောင်ရန် ကြိုးစားခဲ့ကြောင်းကို ပါတီ၏အမတ်၄၄ ဦးက ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန်အတွက် လွှတ်တော်တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

တရားရုံးမှပြောဆိုချက်အရ ထိုဥပဒေကြမ်းသည် “ တော်ဝင်ဘုရင့်အင်စတီကျူးရှင်းအဆင့်ကို နိမ့်ကျသွားစေရန် ဆောင်ရွက်မှု ဖြစ်တယ်” ဟု ဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် တော်ဝင်မိသားစုအနေနှင့် သူတို့ကို စော်ကားမှုကို ကန့်ကွက်ချက်ကို ပြုလုပ်ရန် မိသားစုဗျူရိုတခုရှိရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်။ အကျိုးဆက်အားဖြင့် တော်ဝင်အဆောက်အအုံနှင့် ပြည်သူများကို တိုက်ရိုက်ထိပ်တိုက်တွေ့စေရန် ဖြစ်စေသည်ဟု ဆိုသည်။

ထိုအချက်သည် အခြေခံဥပဒေ၏အခြေခံမူ၏ တော်ဝင်အင်စတီကျူးရှင်းသည် မည်သည့် နိုင်ငံရေးပြဿနာများ အထက်တွင် ရှိနေရမည်ကို ဆန့်ကျင်မှုဖြစ်စေကြောင်း အဘယ့်ကြောင့်ဆိုသော် တော်ဝင်အင်စတီကျူးရှင်းသည် နိုင်ငံလုံခြုံရေး၏ ထောက်တိုင်ကြီးဖြစ်ခြင်းကြောင့်ဟု တရားသူကြီးများက ဆိုသည်။

တရားရုံးက ပီတာနှင့် ပါတီသည် မနှစ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင်လည်း ပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန်အတွက် ဆက်လက်မဲဆွယ်စည်းရုံးရေးများကို လုပ်ဆောင်နေခဲ့ကြောင်း ဆိုသည်။ ထိုအချက်သည် ပါတီ၏ရွေးကောက်ပွဲဆိုင်ရာမူဝါဒပင်ဖြစ်သည်။

MFP ပါတီသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မဲ ၁၄.၄ သန်း ထောက်ခံမှုဖြင့် မဲအများဆုံးဖြင့် အနိုင်ရခဲ့သည့်ပါတီ ဖြစ်သည်။ သို့ရာတွင် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့နိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ယခုအခါ အဓိကအတိုက်အခံပါတီအဖြစ် ရပ်တည်လျက်ရှိသည်။ ဒုတိယမဲများဆုံး ရရှိသည့် ဖွေထိုင်းပါတီက ညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းနိုင်ပြီး အာဏာရရှိလာခဲ့သည်။

MFP ပါတီပြောရေးဆိုခွင့်ရှိသူ ပရစ်ဝါချာရာဆင်ဒူက အင်္ဂါနေ့တွင် ပါတီအနေနှင့်တရားရုံးတွင် ပါတီဖျက်သိမ်းခံရမှုကို ခုခံချေပသွားမည်ဟုဆိုပြီး လက်ရှိအချိန်တွင် ပြင်ဆင်မှုများကို စတင်လုပ်ဆောင်နေကြောင်း ဆိုခဲ့သည်။

Source/Photo: Bangkok Post

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 12 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး