နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံတစ်ဝှမ်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပေါ်

မေလ (၁၂) ရက်။

မေလ (၁၁) ရက်နေ့က တဲလ်အဗစ်အပါအဝင် အစ္စရေးမြို့အများအပြားတွင် ဂါဇာကမ်းမြှောင်၌ ထိန်းသိမ်းခံထားရသော ဓားစာခံများကို လွှတ်ပေးရန်နှင့် အထွေထွေရွေးကောက်ပွဲများ စောစီးစွာ ကျင်းပပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

Caesarea၊ Rehovot နှင့် Haifa တို့တွင်လည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး ဓားစာခံများ၏ မိသားစုများလည်း ပါဝင်ခဲ့သည်။ အစ္စရေးနိုင်ငံ၌ ၁၄ ရက်နေ့ကို တည်ထောင်သည့်နေ့အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပွဲများကို မေလ ၁၂ ရက်ညတွင် စတင်မည်ဖြစ်သည်။

ဆန္ဒပြသူများသည် အစ္စရေးအလံများနှင့် ဓားစာခံများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ၎င်းတို့အား ဘေးကင်းစွာ ပြန်လာရန် အစိုးရအား တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သောနှစ် အောက်တိုဘာ ၇ ရက်က အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုတစ်ခုတွင် လူ ၂၄၀ ခန့်ကို အစ္စရေးမှ ပြန်ပေးဆွဲခဲ့သည်။ ကျန်ရစ်သူ ၁၂၈ ဦးအနက် ၉၂ ဦးမှာ အသက်ရှင်ကျန်ရစ်သူများဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြပွဲတွင်လည်း ပါဝင်ခဲ့သည့် မိခင်တစ်ဦးလည်းဖြစ်ပြီး သားဖြစ်သူက ဓားစာခံသည် ဇန်န၀ါရီလတွင် သေဆုံးကြောင်း အကြောင်းကြားခဲ့သည်။ သူ့သား၏အလောင်းကို သူ့မွေးရပ်မြေတွင် သင်္ဂြိုလ်ဖို့ တောင်းဆိုခဲ့သည်။

အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် သားဖြစ်သူ၏ ရုပ်အလောင်းကို ဂါဇာကမ်းမြောင်တွင် ရှိနေဆဲဖြစ်ကြောင်း ပြောခဲ့ပြီး အခြားမိခင်ကလည်း ကန့်ကွက်ပြောဆိုကာ ဝန်ကြီးချုပ် နေတန်ယာဟုအား အသက်ရှင် ကျန်ရစ်သူများ ပြန်ခေါ်ပေးရန်နှင့် ဓားစာခံများ အားလုံး၏ အလောင်းများကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ဟားမတ်စ်၏ Qassam Brigades က လွန်ခဲ့သည့်တစ်လကျော်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၅၁ နှစ်အရွယ် ဓားစာခံတစ်ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။

Qassam Brigades ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး အထူးကြပ်မတ် ကုသမှုကို မခံယူနိုင်ခဲ့သဖြင့် ၎င်း၏ အခြေအနေ ဆိုးရွားလာကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဗြိတိန်-အစ္စရေးနိုင်ငံသား နှစ်ဦးဖြစ်သည့် အဆိုပါ အမျိုးသားသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းရှိ Kibbutz Nirim မှ ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်တွင် ၎င်း၏ညီဖြစ်သူ အသတ်ခံရပြီး ၎င်း၏မိခင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အစ္စရေး ဝန်ကြီးချုပ်ရုံးက အဆိုပါ အမျိုးသား၏ လုံခြုံရေးကို မသိရသေးကြောင်း CNN သို့ ပြောကြားခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးရုံးက အချက်အလက်များ စုဆောင်းနေသည်ဟု ပြောဆိုခဲ့ပါသည်။

အစ္စလမ်မစ်အဖွဲ့ ဟားမတ်စ်က ထိန်းသိမ်းထားသည့် သူတို့၏မိသားစုများကို ပြန်လွှတ်ပေးရန် မေလ ၁၁ ရက်နေ့ က အစ္စရေးနိုင်ငံ တဲလ်အဗစ်တွင် တောင်းဆိုနေကြသူများ/ Ahmad Gharabli / AFP / Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 34 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
ဆီရီးယား နိုင်ငံတကာသတင်း

ဆီးရီးယားအစိုးရတပ်များ ရှေ့တိုးလာချိန်တွင် ကာ့ဒ်တပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 36 Views
CNN- ဇန်နဝါရီလ ၁၈ရက် ဆီးရီးယားအစိုးရတပ်များသည် အလက်ပို (Aleppo) ဒေသရှိ မြို့ရွာအတော်များများကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ ကာ့ဒ် (Kurdish) ဦးဆောင်သော တိုက်ခိုက်ရေးသမားများက အဆိုပါဒေသမှ ထွက်ခွာပေးမည်ဟု ကြေညာပြီးနောက် ယခုကဲ့သို့ အစိုးရတပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။ စစ်တပ်၏
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက် ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် ထုတ်ဖော်ပြောကြားချက်အရ စစ်သည် ၂ သိန်း တပ်ပြေးနေပြီး ၂ သန်းခန့်မှာ စစ်မှုထမ်းရန် ရှောင်တိမ်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ယူကရိန်းနိုင်ငံ၏ စစ်သည်အင်အား ၂ သိန်းခန့်မှာ ခွင့်ပြုချက်မရှိဘဲ တာဝန်ကျရာနေရာများမှ စွန့်ခွာသွားခြင်း (AWOL) သို့မဟုတ် တပ်ပြေးဖြစ်နေသည်ဟု ခန့်မှန်းရကြောင်း ယူကရိန်း၏ ကာကွယ်ရေးဝန်ကြီးသစ် မိုင်ခေလို ဖယ်ဒိုရော့ဗ် (Mykhailo Fedorov)