နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ကြေးနီတင်လာတဲ့စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရ၊ (၃)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရရှိခဲ့

ဇွန်လ (၁၂)ရက်။

မနေ့က ညနေ(၄)နာရီ (၄၀)မိနစ်အချိန်မှာ မုံရွာ-ချောင်းဦးလမ်းပိုင်း ကြေးနီတင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF-South Monywa တပ်ခွဲ(၁)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကြေးနီတင်လာတဲ့ တွဲကား(၁၂)စီးပါစစ်ကောင်စီယာဉ်တန်းဟာ ဝမ်ပေါင်ကနေထွက်လာချိန် မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပဒေသာမိုင်းတွေနဲ့ ဖောက်ခွဲဖို့ စောင့်ဆိုင်းခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုစောင့်နေတဲ့အချိန် လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးကာ ငွေကြေးတောင်းခံနေတဲ့ မြပုလဲစစ်စခန်းဂိတ်ကို ကြေးနီတင်တွဲကားတွေ ဖြတ်အသွားမှာ မိုင်းအကြီး(၃)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

“ လမ်းပိုင်းကင်းယူထားတဲ့ စခ(၄)ကောင် ပွိုင့်အနီးအရောက်မှာ ကားပေါ်ပါလာတဲ့ စစ်ကောင်စီဗိုလ်တစ်ကောင်ကို အလေးပြုနေတဲ့အချိန် ပဒေသာမိုင်းအကြီး (၃)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ” လို့ တပ်ခွဲ(၁)က ပြောဆိုထားပါတယ်။

အခုလိုဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူအပါအဝင် (၃)ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ (၂)ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ခိုင်မာတဲ့မြေပြင်သတင်းတွေကို ကိုးကားပြီး ရေးသားထားပါတယ်။

ဒါ့ပြင် ဇွန်လ (၁၀)ရက်နေ့ နံနက်(၈)နာရီ (၄၀)မိနစ်အချိန်ကလဲ ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားကြားမှာ ဝမ်ပေါင်ကထွက်လာတဲ့ ကြေးနီတင်တွဲကား (၇)စီးပါ စစ်ကောင်စီယာဉ်တန်းကို မိုင်း(၆)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကာ ကြေးနီတင်တွဲကားတစ်စီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေရှိနေချိန် အနီးကပ်မနေဘဲ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့အပါအဝင် မဖြစ်မနေ ခရီးသွားလာကြရတဲ့ ပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာဖို့နဲ့ ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ မေတ္တာရပ်ခံထားပါတယ်။

အခုလိုတိုက်ခိုက်ခဲ့တာတွေကို PDF-South Monywa တပ်ခွဲ(၁)က မုံရွာခရိုင်တပ်ရင်း(၁၁) တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force တို့အပါအဝင် နွေဦးလူငယ် PDF၊ တောသားကြီး PDF၊ Myinmu LDF၊ Pentagram နဲ့ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့နဲ့ လက်တွဲဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 13 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 15 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 15 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 20 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 25 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 24 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့