နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ် လက်ဘနွန်မြို့တော် ဘေရွတ်နှင့် နိုင်ငံတောင်ဘက်ကို အပြင်းအထန်တိုက်ခိုက်

အောက်တိုဘာလ (၁၂) ရက်။

အစ္စရေးသည် လက်ဘနွန်မြို့တော် ဘေရွတ်နှင့် နိုင်ငံတောင်ဘက်ရှိ အခြားဒေသများကို အီရန်ကျောထောက်နောက်ခံပြုထားသော ဟစ်ဇ်ဘိုလာအဖွဲ့အား စစ်ပွဲအရှိန်မြှင့် ပြီးကတည်းက မကြုံစဖူး ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထိုးနှက်တိုက်ခိုက်လျက်ရှိသည်။

အစ္စရေး၏ တိုက်ခိုက်မှုများသည် လူစုလူဝေးရှိသောနေရာများကို ပစ်မှတ်ထားလေ့ရှိပြီး လူနေအိမ်အဆောက်အအုံများကို မြေပြင်သို့ပြားပြားဝပ်စေကာလူ ၁၄၀၀ ကျော် သေဆုံးစေခဲ့ပြီး အခြားလူ ၁ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ကြောင်း လက်ဘနွန်အစိုးရက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာသည် အရပ်သားများအတွင်း ရည်ရွယ်ချက်ရှိရှိ မြှုပ်နှံနေထိုင်ခဲ့ကြသည်ဟု စွပ်စွဲထားပြီး စစ်သွေးကြွအဖွဲ့အတွက် အခြားအဓိကသော့ချက် လက်နက်သိုလှောင်ရာနေရာများနှင့် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြေမှုန်းနေသည်ဟု ဆိုသည်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လက်ဘနွန်စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်တပ်က ပြောပါသည်။

လက်ဘနွန်တောင်ပိုင်း ကာဖရာမြို့ရှိ လက်ဘနွန်စစ်တပ်စခန်းတစ်ခုအား အစ္စရေးက တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။

လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီကာတီက အစ္စရေး၏ တိုက်ခိုက်မှုအတွက် ရှုတ်ချခဲ့ပြီး “အစ္စရေး၏စစ်ရာဇ၀တ်မှုများ” နှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက နှုတ်ဆိတ်နေခြင်းကို ဝေဖန်ပြောဆိုခဲ့သည်။

“လက်ဘနွန်အပေါ် ဆက်လက်ကျူးလွန်နေတဲ့ အစ္စရေးရဲ့ရာဇ၀တ်မှုတွေက ဒီနေ့ တိုင်းပြည်ကို ကာကွယ်ဖို့နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေတဲ့ ရဲရင့်တဲ့ စစ်သည်တွေလဲလက်မရှောင်ဘဲ သတ်ဖြတ်ခဲ့တဲ့ အစ္စရေးရဲ့ ရာဇ၀တ်မှုတွေကို နှုတ်ဆိတ်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ဒီရန်လိုမှုကို အဆုံးသတ်ဖို့ ကမ္ဘာလုံးဆိုင်ရာ အသိတရားနဲ့ရပ်တည်မှုတစ်ခုလိုပါတယ်” ဟု မီကာတီက X တွင် ပြောကြားခဲ့သည်။

လက်ဘနွန်တောင်ပိုင်းတွင် လှုပ်ရှားနေသော အီရန်ကျောထောက်နောက်ခံပြု အရံလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတို့ စစ်ပွဲဖြစ်ပွားနေချိန်တွင် ၎င်း၏ တိုက်ခိုက်မှုများကြောင့် လက်ဘနွန်စစ်သား သုံးဦးထက်မနည်း သေဆုံးပြီး အခြားငါးဦး ဒဏ်ရာရခဲ့ကြောင်း လက်ဘနွန်အစိုးရက ပြောကြားခဲ့သည်။

နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုများ ကြီးထွားလာသည်နှင့်အမျှ အစ္စရေးက ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုစခန်းကိုတိုက်ခိုက်ခဲ့ခြင်းကို ဝန်ခံခဲ့သည်။

လက်ဘနွန်နိုင်ငံတောင်ပိုင်း နာကာ (Naqoura) ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) ဌာနချုပ်ကို အစ္စရေးက သောကြာနေ့က တိုက်ခိုက်ခဲ့ရာ လက်ဘနွန်ရှိ ဆေးရုံများသို့ ပြောင်းရွှေ့သွားသော ငြိမ်းချမ်းရေး ထိန်းသိမ်းသူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးက အသိအမှတ်ပြုခဲ့သည်။

UNIFIL ပြောရေးဆိုခွင့်ရှိသူ အန်ဒရေရာ တင်နီတီ (Andrea Tenenti) က CNN အား သောကြာနေ့က ပေါက်ကွဲမှုကြောင့် ငြိမ်းချမ်းရေးတပ်ဖွဲဝင်တယောက် ဒဏ်ရာပြင်းထန်စွာ ရခဲ့ကြောင်း ပြောကြားခဲ့သည်။ ၄၈ နာရီအတွင်း ဒုတိယမြောက် ဌာနချုပ်ကို ဗုံးထိမှန်ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်၏ ဝမ်းဗိုက်ကိုဗုံးစထိမှန်ခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ၎င်း၏စစ်သားများသည် “သူတို့အပေါ် ချက်ခြင်းခြိမ်းခြောက်မှုကို တွေ့ရှိခဲ့ခြင်းကြောင့် “ယင်းခြိမ်းခြောက်မှုကို ပစ်ခတ် တုံ့ပြန်ခဲ့သည်” ဟု သောကြာနေ့က ထုတ်ပြန်ခဲ့သည်။

“အခင်းမဖြစ်ခင် နာရီပိုင်းအလိုမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ UNIFIL ဝန်ထမ်းတွေကို အကာအကွယ် ပေးထားတဲ့ နေရာတွေထဲကို ဝင်ပြီး အဲဒီနေရာမှာ ဆက်နေဖို့ ညွှန်ကြားခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့ အချိန်မှာပဲ ဒီညွှန်ကြားချက်က ဆက်လက်ရှိနေဖြစ်တယ်” ဟု IDF က ပြောသည်။

အဓိကအကြောင်းအရာ-

ကြာသပတေးနေ့က သီးခြားဖြစ်ရပ်နှစ်ခုတွင် အစ္စရေးတပ်ဖွဲ့ဝင် များက UNIFIL တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိစေခဲ့သည်ဟု ကုလသမဂ္ဂက စွပ်စွဲပြီးနောက် လက်ဘနွန်တောင်ပိုင်းရှိ ငြိမ်းချမ်းရေးစောင့်တပ်များ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ ကြီးထွားလာနေပြီဖြစ်သည်။

သောကြာနေ့က ထုတ်ပြန်ချက်တစ်ခုတွင် UNIFIL ၏ ပြောကြားချက်အရ အစ္စရေးနိုင်ငံ အနောက်တောင်ပိုင်း လက်ဘိုနက် (Labbouneh) ရွာရှိ အပြာရောင်လိုင်း (Blue Line) အနီးရှိ ကုလသမဂ္ဂ တည်နေရာကို အကာအကွယ်ပေးသည့် ကွန်ကရစ်တံတိုင်းအချို့ကို အစ္စရေး သံချပ်ကာတစ်စီးက တွန်းထိုး ဖြိုချခဲ့ပြီးနောက် ကုလသမဂ္ဂ ၏ အဝန်းအဝိုင်းထဲသို့ ဝင်ရောက်ခဲ့သည်။ ”

X ၏ထုတ်ပြန်ချက်တွင် IDF မှ “လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဘိုလာတို့ ကိုတိုက်ခိုက်ရာတွင် မရည်ရွယ်ဘဲ ငြိမ်းချမ်းရေးစောင့်တပ်နှစ်ဦးကို ထိခိုက်ဒဏ်ရာရမှု ဖြစ်စေခဲ့သည်” ဟု အသိပေးထားကြောင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှုအပေါ် ပြင်သစ်နှင့် အိုင်ယာလန်တို့အပါအဝင် နိုင်ငံတကာ၏ ရှုတ်ချမှုကို ခံခဲ့ရပြီး လက်ဘနွန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင် ၎င်းတို့၏ အမျိုးသားတပ်များလည်း ပါ၀င်နေပါသည်။ သောကြာနေ့တွင် ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ပါရီမြို့ဆိုင်ရာ အစ္စရေးသံအမတ်အား အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆင့်ခေါ်ခဲ့သည်။

ဓာတ်ပုံ။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ရက်အတန်ကြာပြီးနောက် လက်ဘနွန်တွင် အပျက်အစီးများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက