နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်တာဝန်ရှိသူတွေ နိုင်ငံရေးဦးတည်ချက် (၆)ရပ်ကို လက်ခံမယ်ဆိုရင် ဆွေး‌နွေးမယ်လို့ NUG ပြော

နိုဝင်ဘာလ (၁၂)ရက်။

စစ်တပ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေ ကိုင်ဆွဲရပ်တည်ထားတဲ့ နိုင်ငံရေးဦးတည်ချက် (၆)ရပ်ကို လက်ခံမယ်ဆိုရင် ဆွေးနွေးမယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထပ်မံအသိပေးထားချက်အရ သိရပါတယ်။

“ စစ်တပ်တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးဦတည်ချက် (၆)ရပ်ကို လက်ခံလာမယ်ဆိုရင် စစ်အာဏာသိမ်းတာ အဆုံးသတ်ပြီး အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်ဆိုတာကို ထပ်မံအသိပေးလိုပါတယ်” လို့ NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောပါတယ်။

နိုင်ငံရေးဦးတည်ချက် (၆)ရပ်ဟာ စစ်တပ်နိုင်ငံရေးက ထွက်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံး အရပ်သားအစိုးရလက်အောက် ထားရှိရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးနဲ့ အသွင်းကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးတို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံသဘောတူညီချက်အနေနဲ့ ကိုင်ဆွဲရပ်တည်ထားတဲ့ နိုင်ငံရေးဦးတည်ချက် (၆)ရပ်ကို စစ်တပ်တာဝန်ရှိသူတွေက လက်ခံလာမယ်ဆိုရင် စစ်အာဏာသိမ်းတာ အဆုံးသတ်ပြီး အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းတဲ့ကိစ္စကို ဆွေးနွေးမယ်လို့ သိရပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ပြည်သူနဲ့အတူ အထူးစိုးရိမ်မိတယ်လို့ ပြောပါတယ်။

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ဟာ မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့လဲ သတိပေးပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင်ရဲ့ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံချိန် ထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့ အချက်အလက် တောင်းခံခဲ့တာဟာ သွေးရိုးသားရိုးမဟုတ်တာကြောင့် စစ်အုပ်စုလက်ကိုမအပ်ဘဲ တတ်နိုင်သလောက် ကူညီကြဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတွေ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 4 Views
ဇန်နဝါရီလ (၂၄)ရက်။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီတို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

တရုတ်နိုင်ငံရဲ့ မြန်မာ့ငြိမ်းချမ်းရေး အကူအညီပေးတာတွေကို တန်ဖိုးထားတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 5 Views
ဇန်နဝါရီလ (၂၄)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကူအညီပေးတာတွေအပေါ် တန်ဖိုးထားတယ်လို့ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ မနေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားမှာ
မြန်မာသတင်း

ဖာပွန်ရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီ အသည်းအသန်ခုခံနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 5 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ကတိုင်တိတပ်စခန်း မကျစေဖို့ စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ အသည်းအသန်ခုခံနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ကတိုင်တိတပ်စခန်း တိုက်ပွဲပြင်းထန်နေတဲ့အချိန် စကစက ဂျက်လေယာဉ်နဲ့ စခန်းအနီးဝန်းကျင်တွေကို တောက်လျှောက် ဗုံးကြဲချတာ၊ နောက်ပြီး
မြန်မာသတင်း

မင်းလှမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 13 Views
ဇန်နဝါရီလ (၂၃)ရက်။ ‌မနေ့က နံနက်(၇)နာရီခန့်က မင်းလှမြို့၊ ဂန့်ဂေါ်ပင်ရွာနေ ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂန့်ဂေါ်ပင်ရွာက ပျုစောထီး ရှမ်းလေး(ခ)မိုးကြီးကို သူ့ရဲ့နေအိမ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ
မြန်မာသတင်း

ချောင်းဦးမြို့မှာ စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 10 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က ချောင်းဦးမြို့ နတ်ရေကန်နဲ့ ရေပိုးစားကြားမှာ စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းရဲ့ ဒီကနြေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်း တပ်မ(၃၃)ကနေ ထွက်လာတဲ့ စခယာဉ်တန်း
မြန်မာသတင်း

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်ကို ထရန့်ဖိအားပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 9 Views
ဇန်နဝါရီလ (၂၃) ရက်။ ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင်က သဘောမတူရင် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ အမေရိကန် သမ္မတထရန့်က ပြောပါတယ်။ ဇန်နဝါရီလ (၂၂) ရက်နေ့မှာ သမ္မတထရန့်က ယူကရိန်းကို
မြန်မာသတင်း

ကျားဖြန့်ဂိုဏ်းတွေကို နိုင်ငံတကာနဲ့ လက်တွဲတိုက်ဖျက်သွားမယ်လို့ BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 13 Views
ဇန်နဝါရီလ (၂၃)ရက်။ ကျားဖြန့်ဂိုဏ်းတွေကို ဒေသအာဏာပိုင်အဖွဲ့တွေအပါအဝင် နိုင်ငံတကာတို့နဲ့ ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ BGF က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ BGF အနေနဲ့ ဒေသထဲလာရောက်ပြီး ဖွံ့ဖြိုးရေးလုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေကိုသာ ဖိတ်ခေါ်လက်တွဲတာဖြစ်ပြီး
မြန်မာသတင်း

အခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 8 Views
ဇန်နဝါရီလ (၂၃)ရက်။ အခု ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့ကပြုလုပ်တဲ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ လုပ်ရပ်‌တွေ တားဆီးဖို့၊