နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်တပ်နှင့် ရုရှားစစ်သား 50,000 တို့ Kursk ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေဟု ဇလန်းစကီးပြော

နိုဝင်ဘာလ (၁၂) ရက်။

ယူကရိန်းသမ္မတ ဇလန်းစကီးသည် တောင်ပိုင်း Kursk ဒေသတွင် ရုရှားတပ်ဖွဲ့ဝင် ၅၀,၀၀၀ နီးပါးကို ခေါ်ယူထားကြောင်း နိုဝင်ဘာလ (၁၁) ရက်နေ့က ကြေညာခဲ့သည်။ ယခုနွေရာသီတွင် ယူကရိန်းသည် Kursk ဒေသတွင် တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့သည်။

ယူကရိန်းစစ်တပ် တပ်မှူးဗိုလ်ချုပ်ကြီး ဆာစကီးထံမှ အစီရင်ခံစာကို လက်ခံရရှိပြီးနောက် ဇလန်းစကီးက Kursk ဒေသတွင် ရန်သူအင်အား ၅၀,၀၀၀ နီးပါးကို ယူကရိန်းတပ်ဖွဲ့များက ဆက်လက် ထိန်းသိမ်း ထားသည်ဟု လူမှုကွန်ရက်စာမျက်နှာ တယ်လီဂရမ်တွင် ပြောကြားခဲ့သည်။

ဩဂုတ်လတွင် ယူကရိန်းမှ Kursk နယ်မြေကို ကျူးကျော်ဝင်ရောက်လာမှုမှာ ရုရှားအစိုးရသာမက ယူကရိန်း၏ ထောက်ခံအားပေးသည့် နိုင်ငံများကပါ အံ့အားသင့်စေခဲ့သည်။ ထိုအချိန်တွင် ယူကရိန်းက Kursk ဒေသမှ ယူကရိန်းကို တိုက်ခိုက်ရန် ရုရှားက စီစဉ်နေသောကြောင့် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေး လိုအပ်သည်ဟု ယူကရိန်းက ပြောကြားခဲ့သည်။ ရည်ရွယ်ချက်မှာ အနာဂတ်နယ်စပ် ဖြတ်ကျော် တိုက်ခိုက်မှုများကို တားဆီးရန် “ ကြားခံဇုန်” ထူထောင်ရန် ရည်ရွယ်ထားကြောင်း ၎င်းကဆိုသည်။

ဤသည်မှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြည်ပအင်အားကြီးနိုင်ငံတစ်ခုမှ ရုရှားနိုင်ငံကို ပထမဆုံး မြေပြင်ကျူးကျော်ဝင်ရောက်ခြင်းဖြစ်ပြီး ရုရှားသည် လုံးဝအံ့အားသင့်သွားခဲ့သည်။

ယူကရိန်းသည် ရုရှပိုင်နက်ထဲသို့ လျင်မြန်စွာ နက်ရှိုင်းစွာ ရွေ့ပြောင်းခဲ့ပြီး ရုရှားပိုင်နက် ရာနှင့်ချီသော စတုရန်းကီလိုမီတာကို ထိန်းသိမ်းထားသည်။ ရုရှားသည် အချို့သောရွာများကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သော်လည်း အမှန်တကယ် ထိန်းချုပ်မှုမျဉ်းသည် မကြာသေးမီလများအတွင်း အနည်းငယ်မျှသာ လှုပ်ရှားမှုကို မြင်တွေ့ခဲ့ရသည်။

Kursk ဒေသရှိ ယူကရိန်း စစ်ဘက်ဆိုင်ရာ စခန်းများကို တိုက်ခိုက်ရန် ရုရှားတပ်ဖွဲ့ဝင် သောင်းနှင့်ချီ စုဆောင်းထားကြောင်း အမေရိကန် အရာရှိတစ်ဦးက CNN တွင် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ မကြာမီကာလအတွင်း ထိုးစစ်ဆင်လာမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆိုသည်။

ရုရှားအစိုးရသည် ၎င်း၏နယ်မြေတွင် မြောက်ကိုရီးယားစစ်သားများ ရှိနေခြင်းနှင့် ပတ်သက်၍ မှတ်ချက်မပေးပေ။ ပြီးခဲ့သည့်သီတင်းပတ်က ပြုလုပ်ခဲ့သည့်ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြောက်ကိုရီးယားစစ်သားတွေကို ခေါ်ယူမှုနှင့်ပတ်သက်ပြီး အမေရိကန်က မြောက်ကိုရီးယားကို တောင်းဆိုခဲ့ပေမည့် တုံ့ပြန်ခြင်း မရှိခဲ့ပါ။

ဓာတ်ပုံ။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ Sumy Oblast ရှိ ရုရှားနယ်စပ်အနီးတွင် ယူကရိန်းစစ်သားများကို တွေ့ရစဉ်/Viacheslav Ratynskyi/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့် ရက် ၁၀၀ ပြည့် အထိမ်းအမှတ်အတွက် Times မဂ္ဂဇင်းနှင့် အင်တာဗျူး ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 15 Views
+++++++++++++++++++++++++++++++ ကနေဒါကို သိမ်းပိုက်ဖို့၊ ရှီကျင့်ဖျင်ကို စကား‌ပြောခြင်း၊ တတိယအကြိမ် အရွေးခံမည့် အခြေအနေ၊ စသည့် TIMEမှ ထရန့် အင်တာဗျူးမှ
နိုင်ငံတကာသတင်း အမေရိကန်

ဝန်ကြီးချုပ် ကာနေးက ရွေးကောက်ပွဲအနိုင်ရကြောင်း ကြေညာ

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
ထရန့်၏ ခြိမ်းခြောက်မှုများကို ကနေဒါသည် ဘယ်သောအခါမှ အညံ့ခံမည်မဟုတ်ဟုဆို ဧပြီလ (၂၉) ရက်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ မရပ်မနား ရန်စမှုများနှင့် လွန်ကဲသော
နိုင်ငံတကာသတင်း အမေရိကန်

သမ္မတထရန့်ကို လူထုထောက်ခံမှုကျဆင်း

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 16 Views
ဧပြီလ (၂၈) ရက်။ ယခုလ ၂၉ ရက်နေ့တွင် သမ္မတထရန့် သမ္မတအဖြစ်တာဝန်ယူပြီးနောက် ရက်ပေါင်း ၁၀၀ ပြည့်မြောက်မည့်နေ့ရက် ဖြစ်သည်။ သမ္မတထရန့်၏ လူထုထောက်ခံမှုအဆင့်သည် ၃၉% သို့ ကျဆင်းသွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ ဝါရှင်တန်ပို့စ်၊
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

အောင်ပွဲနေ့အတွက် ယူကရိန်းတွင် တစ်ဖက်သတ် ယာယီအပစ်အခတ်ရပ်စဲရန် ပူတင်က အမိန့်ပေး

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 15 Views
ဧပြီလ (၂၈) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံကို အောင်ပွဲခံခဲ့သည့် နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ လာမည့်သီတင်းပတ်၏ အောင်ပွဲနေ့အတွက် ယူကရိန်းတွင် ယာယီအပစ်အခတ်ရပ်စဲရန် အမိန့်ထုတ်လိုက်သည်။ ကရင်မလင်က ထုတ်ပြန်သည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ

ကနေဒါနိုင်ငံ ဗင်ကူးဗား (Vancouver) မြို့မှာ ကျင်းပတဲ့ ဖိလစ်ပီနိုပွဲတော်မှာ ကားနှင့် ဝင်တိုက်သတ်လို့ လူကိုးဦး သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇) ရက်။ ဗင်ကူးဗားမြို့တွင် စနေနေ့ညက ကျင်းပနေသည့် ဖိလစ်ပိုင်အမွေအနှစ် လမ်းဘေးပွဲတော်တစ်ခု၌ ယာဉ်မောင်းတစ်ဦးက ကားနှင့်တိုက်မှုကြောင့် လူကိုးဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။ ပွဲတော်လာတက်သူအချို့က သံသယရှိသူအား လိုက်လံဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့က အသက်၃၀
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ပူတင်မှာ တကယ်လိုလားတဲ့စိတ်ရှိရဲ့လားလို့ ထရန့်က မေးခွန်းထုတ်

  • 2025 ခုနှစ်၊ ဧပြီလ 27 ရက်
  • 18 Views
ဧပြီလ (၂၇) ရက်။ ထရန့်သည် ပုပ်ရဟန်းမင်း၏ ဈာပနအခမ်းအနားမတိုင်မီ စနေနေ့က ဗာတီကန်တွင် ယူကရိန်းသမ္မတ ဗလိုဒီမာဇလန်းစကီး နှင့် တွေ့ဆုံခဲ့သည်။ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဈာပနဘေးကနေရာတွင် ယူကရိန်းသမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံပြီးနောက် ဒေါ်နယ်ထရန့်သည်
နိုင်ငံတကာသတင်း အမေရိကန်

မီလ်ဝေါကီးက တရားသူကြီး “ ဟန်နာဒူဂင်ကို FBI က ဖမ်းဆီး

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 22 Views
+++++++++++++++++++++ FBI က ဖမ်းဆီးလိုက်တဲ့ မီလ်ဝေါကီးက တရားသူကြီး “ ဟန်နာဒူဂင်” ဆိုတာ ဘယ်သူလဲ။ ခရိုင်တရားသူကြီးသည် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူကို ဖမ်းဆီးခြင်းကို ‌နှောက်ယှက်ခဲ့ကြောင်း ဖက်ဒရယ်အရာရှိများက စွပ်စွဲခဲ့သည်။ မီလ်ဝေါကီး ခရိုင်တရားသူကြီး ဟန်နာဒူဂင်သည်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ပြောဆိုထားတဲ့ အမေရိကန်နဲ့ တရုတ်တို့ စကားပြောနေကြတယ်ဆိုတာကို တရုတ်က မဟုတ်ကြောင်း ငြင်းဆို

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 21 Views
ဧပြီလ (၂၆) ရက်။ ဧပြီလ ၂၄ရက်နေ့က သတင်းထောက်တစ်ယောက်က ထရန့်ပြောဆိုထားတဲ့ အမေရိကန်နဲ့ တရုတ်တို့ စကားပြောနေကြတယ်ဆိုတာကို ဟုတ်မဟုတ် အတည်ပြုပေးဖို့ မေးမြန်းတာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။ သတင်းထောက်။ ကျမတို့ကြားနေရတဲ့ အမေရိကန်က