နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဘိုင်ဒင်သည် ထောင်ဒဏ် အမှု ၁၅၀၀ကို လျော့ပေါ့ပေးလိုက်ပြီး အကြမ်းမဖက်သော ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ ၃၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဒီဇင်ဘာလ (၁၂) ရက်။

ဤလွတ်ငြိမ်းချမ်းသာခွင့်ပေးမှုသည် ဘိုင်ဒင်၏လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၏ နောက်ဆုံးအကြိမ် မဟုတ်ကြောင်း အိမ်ဖြူတော်က အရိပ်အမြွက် ပြောကြားခဲ့သည်။

“အကြမ်းမဖက်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၃၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နေအိမ်မှာ ခြေချုပ်ချထားတဲ့ လူပေါင်း ၁၅၀၀ ကို ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးလိုက်တယ်” ဟု ကြာသပတေးနေ့မှာ သမ္မတဂျိုးဘိုင်ဒင်က “မိမိကိုယ်ကို ပြန်လည် ပြုပြင်ထူထောင်ရေးကို အောင်မြင်အောင် ပြသနိုင်ခဲ့ပြီး သူတို့ရဲ့ လူမှုအသိုက်အဝန်းကို ပိုမိုခိုင်ခံ့လုံခြုံစေဖို့အတွက် သူတို့က ကတိကဝတ်ပြုခဲ့ပါတယ် “ဟု ပြောကြားခဲ့ပါသည်။

အိမ်ဖြူတော်က အဆိုပါလုပ်ရပ်သည် ခေတ်သစ်သမိုင်းတွင် တရက်အတွင်း အကြီးမားဆုံးပေးအပ်လိုက်သော လွတ်ငြိမ်းခွင့်အဖြစ် ဖော်ပြခဲ့သည်။

“COVID ကပ်ရောဂါကာလအတွင်း အိမ်မှာချုပ်နှောင်ထားခံခဲ့ရတဲ့ ဒီပြစ်ဒဏ် လျော့ပေါ့ပေးခံရသူတွေဟာ သူတို့ရဲ့ မိသားစုတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေထဲကို အောင်မြင်စွာ ပြန်လည် ပေါင်းစည်းပြီး ဒုတိယအခွင့်အရေးနဲ့ ထိုက်တန်ကြောင်း ပြသခဲ့ပါတယ်” ဟု ဘိုင်ဒင် မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိမ်ဖြူတော်၏ အချက်အလက်မှတ်တမ်းအရ ကြာသပတေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများထဲမှ အချို့မှာ ကျန်းမာရေးချို့တဲ့နေသည့် ဘုရားကျောင်းအဖွဲ့ဝင်များကို အချိန်ပေးကူညီသည့် စစ်မှုထမ်းဟောင်းတစ်ဦး၊ အရေးပေါ်တုံ့ပြန်မှုတွင် ကူညီပေးခဲ့သော သူနာပြုတစ်ဦးနှင့် မူးယစ်ဆေး စွဲလမ်းနေသည့် လူငယ်များအားဆေးဖြတ်ရန် ကူညီပေးသည့် စေတနာ့ဝန်ထမ်း အကြံပေးတစ်ဦးတို့ ပါဝင်သည်။

အိမ်ဖြူတော်က ၎င်း၏လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် သမတအဖြစ်မှ မနှုတ်ထွက်မီလအတွင်းနောက်ဆုံးပေးခြင်း မဟုတ်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပြီး “လာမည့်ရက်သတ္တပတ်များအတွင်း သမ္မတသည် အဓိပ္ပာယ်ပြည့်ဝသော ဒုတိယအခွင့်အရေးများ ပေးဆောင်ရန် နောက်ထပ် ခြေလှမ်းများကိုဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး နောက်ထပ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် အပြောင်းအလဲများကို ဆက်လက်သုံးသပ်ရန်” ရှိသည်ဟု အိမ်ဖြူတော်က အရိပ်အမြွက် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 65 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက