နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

တပ်သားသစ်ခေါ်ယူရာ (၁၂)နာရီအတွင်း လျှောက်လွှာ ထောင်နဲ့ချီလက်ခံရရှိထားတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနပြော

ဖေဖော်ဝါရီလ (၁၃)ရက်။

ရန်ကုန်တိုင်းစစ်ဌာနက တပ်သားသစ်တွေ ခေါ်ယူရာမှာ (၁၂)နာရီအတွင်း လျှောက်လွှာ ထောင်နဲ့ချီ လက်ခံရရှိထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်ပိုင်းအချိန်ကစပြီး ရန်ကုန်တိုင်းစစ်ဌာနက နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်တွေ ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ လက်ခံရရှိထားတဲ့ လျှောက်ထားသူတွေရဲ့ လုံခြုံရေးနဲ့ အချက်အလက်တွေကို စိစစ်တာကို စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လျှောက်လွှာပါ အချက်အလက်တွေ မှန်ကန်ပြည့်စုံစွာ ထည့်သွင်းထားတာမရှိတဲ့ လျှောက်လွှာတွေ၊ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ လျှောက်လွှာတွေကို ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။

လျှောက်လွှာတွေကို စိစစ်ပြီး တပ်သားသစ်တွေကို ခေါ်ယူနိုင်ဖို့ စီစဉ်နေတဲ့အချိန်မှာ လျှောက်ထားသူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ရမယ့် အချက်တွေကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

တပ်သားသစ်တွေ ခေါ်ယူရာမှာ အသက် (၁၈)နှစ်ကနေ (၃၅)နှစ်အတွင်း ကျန်းမာရေး (အထူး) ကောင်းမွန်သူဖြစ်ပြီး MOD က ချမှတ်ထားတဲ့ မူဝါဒတွေကို လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့ပြင် တော်လှန်ရေးကို ပြီးဆုံးတဲ့အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူဖြစ်ရမှာဖြစ်ပြီး ပညာအရည်အချင်း အထက်တန်းအဆင့်ရှိသူကို ဦးစားပေးမယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကိုင်းမြို့အနီး စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို PDF တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 1 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ညပိုင်းအချိန်က စစ်ကိုင်းမြို့အနီးရှိ စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Sagaing PDF ရဲ့
မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 25 Views
ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ချောင်းဦးမြို့ပေါ်ရှိ မဲရုံတည်နေရာနဲ့ စစ်တပ်နေရာတွေကို
မြန်မာသတင်း

ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင်တဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်ဆီးဖို့ကြိုးစားချိန် တိုက်နယ်ပကဖက ကယ်ထုတ်ခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 26 Views
ဇန်နဝါရီလ (၁၆)ရက်။ ယောဒေသစစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်နေတဲ့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်းတိုက်နယ်ပကဖထံက သိရပါတယ်။ “ ဖြစ်စဉ်က ဒီလ (၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ မြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းက ယောဒေသစစ်ဆင်ရေးတာဝန်နဲ့
မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 33 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး အမျိုးသားရည်မှန်းချက် (၂)ရပ်အနေနဲ့ ဆောင်ရွက်နေသလို တိုင်းရင်းသားတွေရဲ့
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ခရိုင်တပ်ရင်း(၃) အမြဲရှိတဲ့ မြင်းခြံ-ပုဂံညောင်ဦးလမ်းမှာ ပုဂံညောင်ဦးကို အပန်းဖြေဖို့ထွက်လာတဲ့ သီတာယုမွန်
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 27 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 47 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 34 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3