နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းသင်္ကြန်ပွဲတော်တွင် မပါဝင်လိုသူများကို ရေပက်ပါက အရေးယူခံရဖွယ်ရှိ

ဧပြီလ (၁၃) ရက်။

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက သင်္ကြန်ပွဲတော်ကို မပါဝင်လိုတဲ့ သူတွေကို ရေပက်တာ ဥပဒေအရ အရေးယူ နိုင်တယ်လို့ သောကြာနေ့က သတိပေးလိုက်ပါတယ်။ ထိုင်းနိုင်ငံ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်သည့် သင်္ကြန်ပွဲတော်ကို ဗုဒ္ဓရုပ်ပွားတော်များနှင့် သက်ကြီးပူဇော်ပွဲများတွင် ရေဖြန်းကာ ယခုနှစ်၏ အပူဆုံးလတွင် အေးမြစေရန် အချင်းချင်း ရေပက်ဖြန်းခြင်းဖြင့် ကျင်းပကြသည်။

“သင်္ကြန်ပွဲတော်ကို လေးစားစွာနဲ့ ကျင်းပပြီး တခြားသူတွေရဲ့ အခွင့်အရေးတွေကို မချိုးဖောက်ဖို့ ကြိုးစားပါ” ဟု ကောင်စီဥက္ကဋ္ဌ ဝီချိန်း ချွတ်သိုင်ဆောင် (Wichien Chubthaisong) က သောကြာနေ့တွင် ပြောကြားခဲ့သည်။ “လူစိမ်းတွေကို ရေမပက်ခင် သူတို့ကရေစိုခံချင်ကြောင်းကျိမ်းသေပါစေ လူတချို့ဟာ အလုပ်တွေ ဒါမှမဟုတ် အစည်းအဝေးသွားစရာရှိသွားတာဖြစ်တယ်”ဟုသူကဆိုသည်။

ရိုးရာမပျက် ရေပက်ခြင်းကို မပါဝင်လိုသောသူများအတွက် ရေပက်ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် ပစ္စည်းဥစ္စာများကိုပင် ပျက်စီးစေသည်ဟု ယူဆနိုင်ကြောင်း ၎င်းက ဆိုသည်။

“ဒီပြစ်မှုတွေက သင့်ကို အများဆုံး တစ်လ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်” ဟု ၎င်းက သတိပေးသည်။ သူစိမ်းတွေရဲ့ မျက်နှာပေါ်မှာ ပေါင်ဒါအမှုန့်တွေ ပက်ဖြန်းတဲ့သူတွေဟာ အများသူငှာ မတော်တရော်မှုနဲ့ တရားစွဲခံရနိုင်တယ်လို့ သူက ထပ်ပြောပါတယ်။ သင်္ကြန်ပွဲတော်ကျင်းပရာနေရာအများအပြားသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အလေ့အကျင့်ကို ထည့်သွင်းစဉ်းစားပြီး တားမြစ်ပိတ်ပင်ထားသည်။

သင်္ကြန်ပွဲတော်ကာလသည် ယာဉ်ကြောကြပ်တည်းမှု၊ အရှိန်လွန်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများကြောင့် ယာဉ်မတော်တဆမှုများ ကြီးကြီးမားမား ဖြစ်ပွားစေသည့် ကာလဖြစ်ကြောင်း ဝီချိန်း မှ သတိပေးခဲ့သည်။ “အရက်မူးပြီး အရှိန်လွန်မောင်းနှင်တာဟာ ရာဇဝတ်မှုနဲ့ အရပ်ဘက် ကဏ္ဍနှစ်ခုလုံးမှာ ကြီးလေးတဲ့ ပြစ်မှုတွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“သင်္ကြန်ကာလအတွင်း ခရီးသွားတဲ့အခါ မော်တော်ဆိုင်ကယ်တွေကို အထူးသတိထားဖို့ အကြံပြုထားပါတယ်။ ကားအတွက် ထိုင်ခုံခါးပတ်နဲ့ ဆိုင်ကယ်အတွက် ဦးထုပ်ဆောင်းတာဆိုတဲ့ ဘေးကင်းရေးပစ္စည်းတွေကို သေချာစွာအသုံးပြုပြီး လမ်းစည်းကမ်းကို တင်းကျပ်စွာ လိုက်နာဖို့ တိုက်တွန်းထားပါတယ် ဟု သူက ဆိုသည်။

သင်္ကြန်ပွဲတော် ပထမနေ့ဖြစ်သည့် ကြာသပတေးနေ့ (ဧပြီ ၁၁ ရက်) တွင် ယာဉ်မတော်တဆမှု စုစုပေါင်း ၂၃၄ မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လမ်းအန္တရာယ်ကင်းရှင်းရေးစင်တာမှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ယာဉ်မတော်တဆမှုတွင် လူ ၂၅ ဦး သေဆုံးပြီး ၂၄၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ရတဲ့ အဓိကအကြောင်းအရင်း ၃ ချက်ကတော့ အရှိန်လွန်မှု (၁၀၃) မှု၊ လမ်းဖြတ် (၄၉) မှု၊ အရက်မူးပြီး မောင်းနှင်မှု (၃၉) မှုတို့ ဖြစ်သည်ဟု ဗဟိုက ပြောပါသည်။

အယ်ဒီတာမှတ်ချက်။

ထိုင်းမှာ သင်္ကြန်ကို စည်းကမ်းတကျလုပ်ပြီး ပြည်သူတွေကို အန္တရာယ်ကင်းအောင်းပြောနေတာတောင် အမှုတွေအများကြီး ဖြစ်တယ်။ မြန်မာပြည်မှာတော့ ရေပက်တာကအစ လူတွေ နာကျင်အောင် နို့ဆီခွက်နဲ့ ခွက်စောင်းခုတ်ပြီး ကစားရတာကို အရသာခံပြီး ပျော်ကြတယ်၊ အလွန်ပြင်းတဲ့ရေအားနဲ့ မျက်နှာတွေ၊ နားတွေကို ထိုးလို့ နားစည်ပေါက်တာတွေ မျက်စိကန်းတာတွေ ဖြစ်ကြရတယ်။ ရော်ဘာဘော်လုံးကို ရေထည့်ပြီး အားပြင်းပြင်းနဲ့ နာကျင်အောင်ပေါက်တာကို သဘောတွေ့ကြတယ်။ တိုင်းပြည်ကို စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီကလည်း မိမိမြို့ရွာတွေကို မီးတိုက်နေတယ်။ ဒီလိုနိုင်ငံက ကြွေးကြော်နေတဲ့ မဟာသင်္ကြန်ကို UNESCO က World Heritage မပေးဘဲ ထိုင်းကို ပေးတာတော့ မထူးဆန်းဘူးလို့ မြင်ပါတယ်။

Source/Photo: The Nation

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 75 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 75 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 87 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက