နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားသမ္မတပူတင် အရပ်သားကို ကာကွယ်ရေးဝန်ကြီး ခန့်အပ်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၎င်း၏ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူအား အရပ်သားတစ်ဦးဖြစ်သည့် အန်ဒရေး ဘယ်လိုဆော့ဗ် (Andrey Belousov) နှင့် အစားထိုးခဲ့ပြီး နိုင်ငံ၏စစ်ရေးအသုံးစရိတ်များ မြင့်တက်လာမှုနှင့် ဆန်းသစ်တီထွင်မှု လိုအပ်မှုတို့အတွက် ဆာဂျီရှိုဂူအား သမ္မတအမိန့်ဖြင့် ကာကွယ်ရေးဝန်ကြီးရာထူးမှ ရွေ့ပြောင်းခဲ့ပြီး ရုရှားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရကြောင်း ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်ကော့ဗ် (Dmitry Peskov) က ဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညတွင် ပြောကြားခဲ့သည်။

ဆာဂျီရှိုဂူသည် ရုရှား၏ စစ်ဘက်-စက်မှု ကော်မရှင်တွင် ပူတင်၏ လက်ထောက်လည်း ဖြစ်လာလိမ့်မည်ဟု ပက်ကော့ဗ်က ပြောကြားခဲ့ပြီး ယခင် လုံခြုံရေးကောင်စီ၏ အတွင်းဝန် နီကိုလိုင်ပတ်ရုယက်ဗ်အား အခြားအလုပ်တစ်ခုသို့ လွှဲပြောင်းပေးမည်ဟု ပြောကြားခဲ့သည်။

ပထမလက်ထောက်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဘယ်လိုဆော့ဗ်သည် အရပ်သားတစ်ဦးဖြစ်သည်။ စစ်ရေးအရ” ဆန်းသစ်တီထွင်မှု” လိုအပ်ခြင်းကြောင့် ပူတင်မှ ရွေးချယ်ခံရခြင်းဖြစ်ကြောင်း ပက်ကော့ဗ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ဝန်ကြီးဌာန၏ ဘတ်ဂျက်တိုးလာမှုကို မီးမောင်းထိုးပြကာ ၎င်းသည် စစ်အေးတိုက်ပွဲကာလအတွင်း နောက်ဆုံးမြင်ရမည့်အဆင့်သို့ ချဉ်းကပ်ရောက်ရှိလာခဲ့ကြောင်း ပြောကြားခဲ့သည်။

“ ဒီနေ့စစ်မြေပြင်မှာ အောင်နိုင်သူဟာ ဆန်းသစ်တီထွင်မှုကို လုပ်နိုင်ရန်အတွက် ပိုမိုဖွင့်ပေးနိုင်တဲ့သူ ဖြစ်ရမယ်” ဟု ပက်ကော့ဗ်က ပြောကြားခဲ့သည်။

“ဒါကြောင့် လက်ရှိအဆင့်မှာ သမ္မတက ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို အရပ်သားက ဦးဆောင်ရမယ်လို့ ဆုံးဖြတ်တာ သဘာဝကျပါတယ်။ ယူကရိန်းစစ်ပွဲကို ကိုးကားပြီး ပက်ကော့ဗ်က “ လူသိများတဲ့ ပထဝီဝင်နိုင်ငံရေးအခြေအနေတွေကြောင့်၊ စီးပွားရေးမှာ လုံခြုံရေးအစုအဖွဲ့အတွက် ကုန်ကျစရိတ်ဝေစုဟာ ၇.၄% ရှိတဲ့အခါ ၁၉၈၀ ဝန်းကျင်လောက်က အလယ်ပိုင်းရဲ့ အခြေအနေကို တဖြည်းဖြည်း ချဉ်းကပ်လာနေပြီလို့ ဆိုပါတယ်။ ဒါဟာ မစိုးရိမ်ရပေမယ့် အရမ်းအရေးကြီးပါတယ်” ဟု ပက်ကော့ဗ်က ပြောကြားခဲ့သည်။

လက်ရှိဘတ်ဂျက်သည် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု GDP ၏ ၆.၇% ရှိကြောင်း ၎င်းက ဆိုသည်။ ပက်ကော့ဗ် သည် ဘယ်လိုဆော့ဗ် ၏ ယခင်ခေါင်းဆောင်မှုအတွေ့အကြုံနှင့် စီးပွားရေးနောက်ခံကို မီးမောင်းထိုးပြခဲ့သည်။ “ဒါဟာ အရပ်သားတင်မဟုတ်ဘဲ ရုရှားနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကို အောင်မြင်စွာ ဦးဆောင်ခဲ့သူဖြစ်ပြီး စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သမ္မတကို အချိန်အတော်ကြာ ကူညီပေးခဲ့သူဖြစ်ပြီး အရင်အစိုးရရဲ့ ပထမဆုံး ဝန်ကြီးများအဖွဲ့ရဲ့ဒုတိယဥက္ကဌလည်း ဖြစ်ပါတယ်။” ဟု ပက်ကော့ဗ် ကပြောကြားခဲ့သည်။ ခန့်အပ်မှုအသစ်သည် ရုရှား၏ လက်ရှိစစ်ရေးစနစ်တွင် အပြောင်းအလဲလုပ်ခြင်းမရှိကြောင်း ပက်ကော့ဗ်က ပြောကြား ခဲ့သည်။

“တပ်မတော်ရဲ့ အစိတ်အပိုင်းနဲ့ ပတ်သက်ရင်၊ ဒီခန့်အပ်မှုဟာ လက်ရှိ ညှိနှိုင်းစနစ်တွေကို ဘယ်လိုမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။

စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းသည် အမြဲတမ်း စစ်ဦးစီးချုပ် [ဗာလေဒီးဂရာဆီမော့ဗ်-Valery Gerasimov] ၏ အခွင့်အာဏာဖြစ်ပြီး သူသည် သူ၏လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

ဒီကိစ္စနဲ့ ပတ်သက်လို့ လောလောဆယ်တော့ အပြောင်းအလဲ မရှိသေးပါဘူး” ဟု ပြောသည်။ ၎င်း၏ အခန်းကဏ္ဍအသစ်တွင် ဆာဂျီရှိုဂူသည် ရုရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ စက်မှုဇုန်ကို ကြီးကြပ်မည်ဖြစ်ကြောင်း ပက်ကော့ဗ်က ပြောကြားခဲ့သည်။

“သူဟာ ဒီလုပ်ငန်းမှာ နက်နက်ရှိုင်းရှိုင်း နှစ်မြုပ်နေရမှာဖြစ်ပြီး၊ သတ်သတ်မှတ်မှတ် လုပ်ငန်းတွေမှာ စစ်တပ်-စက်မှု ထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှု အရှိန်အဟုန်ကို ကောင်းကောင်းသိပြီး အဲဒီလုပ်ငန်းတွေကို မကြာခဏ သွားရောက်လေ့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာချိန်ကတည်းက ပူတင်၏ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံတွင် လာဘ်ပေးလာဘ်ယူမှုဖြင့် စွဲချက်တင်ခံထားရသော ဆာဂျီရှိုဂူ၏ အနီးကပ်မဟာမိတ်တစ်ဦးဖြစ်သော လက်ထောက်ကာကွယ်ရေးဝန်ကြီး တီမာအိုင်ဗန်နော့ဗ် (Timur Ivanov) ကို ပြီးခဲ့သည့်လတွင် ဖမ်းဆီးခံရပြီးနောက် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားနိုင်ငံပိုင်မီဒီယာတပ်စ် (TASS)၏ အဆိုအရ အိုင်ဗန်နော့ဗ်သည် ရူဘယ် ၁ သန်း (အနည်းဆုံး ဒေါ်လာ ၁၀,၈၀၀) ကို လာဘ်ထိုးသည်ဟု စွပ်စွဲခံထားရသည်။ ဆာဂျီရှိုဂူ သည် ယမန်နှစ် က ဝက်ဂနာ (Wagner) အကြီးအကဲ ယာဗ်ဂန်နီ ပရီဂိုဇင် (Yevgeny Prigozhin) မကွယ်လွန်မီ လများအတွင်း ဆာဂျီရှိုဂူ၏ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှု ကိုင်တွယ်မှုအပေါ် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။

CNN သတင်းကို ခေတ်မျက်လုံးက ဘာသာပြန်သည်။၊

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော အစွမ်းထက်ဒုံးကျည်စမ်းသပ်မှုဖြင့် ပူတင် အင်အားပြ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက် မော်စကို —နေတိုး (NATO) အဖွဲ့က “စေတန် ၂” (Satan II) ဟု အမည်ပေးပုံတူကူးထားသည့် ရုရှား၏ ကမ္ဘာ့အစွမ်းထက်ဆုံး ဒုံးကျည်စနစ်ကို အင်္ဂါနေ့က အောင်မြင်စွာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်ပွဲစတင်ကတည်းက အကြီးမားဆုံးနှင့် အချိန်အရှည်ကြာဆုံး ဒရုန်းတိုက်ခိုက်မှုဖြင့် ယူကရိန်းကို ရုရှားက အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် ကိဗ်၊ ယူကရိန်း — ယူကရိန်းအာဏာပိုင်များ၏ ပြောကြားချက်အရ ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်ကို ရုရှားက တစ်ညတာအတွင်း အကြီးအကျယ် လှိုင်းလုံးကဲ့သို့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ
နိုင်ငံတကာသတင်း အီရန်

အမေရိကန် စက်သုံးဆီဆိုင်များရှိ ဆီတိုင်ကီဖတ်စနစ်များကို ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်၊ အီရန်တွင် တာဝန်ရှိသည်ဟု တာဝန်ရှိသူများ သံသယရှိ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၆ ရက် အမေရိကန်ပြည်ထောင်စု ပြည်နယ်အများအပြားရှိ စက်သုံးဆီဆိုင်များတွင် အသုံးပြုနေသည့် သိုလှောင်ကန်များအတွင်းရှိ ဆီပမာဏကို စောင့်ကြည့်စစ်ဆေးသော စနစ်များကို ဟက်ကာ များက ဖောက်ထွင်းဝင်ရောက်ခဲ့သည့် ဖြစ်စဉ်များ၏ နောက်ကွယ်တွင် အီရန်ဟက်ကာများ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 36 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 41 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 34 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး