နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွက် အဖြေ

“အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွက် အဖြေတစ်ခုပဲ ရှိတယ်” ဟု နယူးယောက်တိုင်းသတင်းစာ၏ အပတ်စဉ် ဆောင်းပါးရှင်တစ်ဦးဖြစ်သူ သောမတ်စ် အယ် ဖရက်ဒမန် က CNN နှင့်မေးမြန်းခန်းတွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။ “ဂျော်ဒန်မြစ်နဲ့ မြေထဲပင်လယ်ကြားက ဌာနေတိုင်းရင်းသားလူမျိုး နှစ်မျိုး (အစ္စရေး-ပါလက်စတိုင်း) တို့ အတွက် ပြည်နယ်နှစ်ခု တည်ထောင်ခွင့် ရဖို့ပါ။ ဒီလိုတည်ထောင်ခွင့်ကိုငြင်းပယ်မယ်၊ နောက်ပြီးတော့ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းဖို့နဲ့ ဓားစာခံတွေ လွှတ်ပေးဖို့ တွေကို ငြင်းပယ်မယ်၊ ဘက်တစ်ဖက်ကိုသာ ပြစ်တင်ရှုံ့ချရင်နေရင် မင်းရဲ့ ကိုယ်ကျင့်တရားက မမှန်ကန်ဘူး”ဟုသူကဆိုသည်။

အောက်ပါတို့သည်အစ္စရေး-ဟားမတ်စ်ပဋိပက္ခတ်အပေါ်သူ့အမြင်ကိုပြောထားခြင်းဖြစ်ပါသည်။

“နေတင်ရာဟုရဲ့ပေါ်လစီက ဂါဇာမှာ တည်ငြိမ်တဲ့ အောင်ပွဲကို ပေးစွမ်းနိုင်မှာ မဟုတ်ဘူး နောက်အစ္စရေးရဲ့ အကြီးမားဆုံး ချိမ်းခြောက်သူ အီရန်ရဲ့ရန်ကိုလည်း လုံခြုံအောင် မလုပ်ဆောင်နိုင်တဲ့အပြင် သူ့လုပ်ရပ်တွေက ကမ္ဘာပေါ်မှာ ရှိနေတဲ့ဂျူးလူမျိုးတွေကို အန္တရာယ်ကျရောက် စေတယ်။ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းအတွက် လိုအပ်တဲ့ ကျယ်ပြန့်တဲ့ ဗျူဟာနဲ့ ရည်မှန်းချက်တွေကိုလည်း အားနည်း သွားစေတယ်။

တကယ်လို့ အစ္စရေးက ဂါဇာထဲကိုဝင်ဖို့ လိုအပ်တယ်ဆိုရင် ဟားမတ်စ်ကို ချေမှုန်းရမယ် အဲဒီလိုလုပ်မယ်ဆိုရင် အချက်(၃) ချက်လိုတယ်၊ ဒီလိုလုပ်ဖို့အချိန်လိုတယ်၊ သိရှိနိုင်ဖို့အချက်အလက် ရင်းမြစ်တွေလိုတယ် နောက် တရားဝင်မှုရှိဖို့လိုတယ်။ ပေးအပ်ထားတဲ့အချက်အလက်အရ ဟားမတ်စ်တွေက လူထူထပ်တဲ့နေရာ မြေအောက်ထဲမှာ လှိုင်ခေါင်းတွေတူးပြီး နေနေကြတယ်။ ဘယ်လို အကြောင်းအချက်နဲ့ဖြစ်စေ ဒီလိုဝင်တိုက်ရင်အမြဲတမ်း အရပ်သားတွေဘဲ အများအပြား သေဆုံးကြရမှာ ဖြစ်တယ်။

ဒါဟာဘာကိုပြောသလဲဆိုရင် စဖြစ်စဉ်ကထဲက အစ္စရေးက ဟားမတ်စ်နဲ့ စစ်ဖြစ်နေတာဘဲ ဖြစ်ရမယ် ပါလက်စတိုင်းသားတွေနဲ့ စစ်ဖြစ်နေတာမဟုတ်ဘူး ဒါဟာဗဟိုချက်ပဲ အဲဒါကြောင့် အစ္စရေးအနေနဲ့ ပါလက်စတိုင်း မိတ်ဖက်လိုတယ် ဂါဇန်သားတွေနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့မှာ ဟားမတ်စ်ကို ဖျက်သိမ်းပြီး ပါလက်စတိုင်း မိတ်ဖက်အဖြစ် ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့ (Palestinian Authority-PA) ကို လက်တွဲဖို့လိုတယ် ဒီအဖွဲ့က အော်စလို သဘောတူညီချက်ကိုလက်ခံထားတယ်။ နေတင်ရာဟုက ငါတို့ဟားမတ်စ်ကို စစ်တိုက်ဖို့သွားမယ် ငါတို့က ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့ကိုလည်း စစ်တိုက်မယ်လို့ဆိုတယ် အဲဒါဆိုရင် သူတို့မှာ ပါလက်စတိုင်းက လက်တွဲလုပ်ရမဲ့ပါတနာမရှိတော့ဘူး၊ ဒီအချက်က ငါတို့က ဟားမတ်စ်နဲ့ စစ်ဖြစ်နေတာ မဟုတ်ဘူး ပါလက်စတိုင်းတွေ အားလုံးနဲ့ စစ်ဖြစ်နေတာဖြစ်သွားပြီ၊ အဲဒါကြောင့် အစ္စရေးမှာ သူလိုအပ်နေတဲ့ တရားဝင်မှုက မရှိဘူးဖြစ်သွားတယ်။

မေး။ သမတဘိုင်ဒင်ကဘယ်လိုထိန်းညှိမှုနဲ့နေတင်ရာဟုကိုထိန်းမလဲ?

မင်းက အနောက်ကမ်းခြေကို သိမ်းပြီး ဟားမတ်စ်ကို တိုက်တယ်ပြောပြီး ပါလက်စတိုင်းတွေနဲ့စစ်ခင်းနေတယ် အဲဒါအလုပ်မဖြစ်ဘူး မင်းမှာပါလက်စတိုင်း ပါတနာမိတ်ဖက်လိုတယ် ငါတို့က ဟားမတ်စ်ကိုဖယ်ရှားပြီး ပါလက်စတိုင်းတွေကို ကိုယ်စားပြုတဲ့ တရားဝင်အုပ်ချုပ်ရေး အဖွဲ့ကို လွှဲပြောင်းပေးမယ် ငါတို့အီရန် ရန်ကိုကာကွယ်ဖို့ လုပ်တဲ့နေရာမှာ ဒေသတွင်း မဟာမိတ်တွေ ဖွဲ့စည်းဖို့လိုတယ်။ မင်းက ဟားမတ်စ်ကိုမတိုက်ပဲ ပါလက်စတိုင်းပြည်သူတွေကို စစ်ခင်းသတ်ဖြတ်နေမယ်ဆိုရင် မင်းနဲ့ဘယ်သူကမှ မဟာမိတ်ဖွဲ့မှာမဟုတ်ဘူး၊ မင်းမှာပါလက်စတိုင်း မိတ်ဖက်ရှိမယ်ဆိုရင် သူတို့က မင်းနဲ့မဟာမိတ်ဖွဲ့လာမယ်။ မင်းက ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့ (PA)ကို မိတ်ဖက်ပါတနာ အဖြစ်ထားရင် ယူအေအီး၊ ဆော်ဒီ၊ ဂျော်ဒန်၊ အီဂျစ်တို့ကို မဟာမိတ်ဖွဲ့လို့ရမယ်။ ပါလက်စတိုင်း ပါတနာမရှိရင် အစ္စရေးမှာ ပြန်လည်ဆုတ်ခွာဖို့ဗျူဟာ မရှိနိုင်ဘူး။ ဒီလိုမရှိရင် ဒေသတွင်း အီရန်ကို ဆန့်ကျင်ဖို့ မဟာမိတ်တွေ မရှိနိုင်ဘူး၊ နိုင်ငံတကာအသိမှတ်ပြုမှုမရှိနိုင်ဘူး။

CNN ခင်ဗျားကဒီလိုရေးထားတယ်။

၇သန်းသော ဂျူးလူမျိုးတွေက ၅သန်းသော ပါလက်စတိုင်း အာရပ်တွေကို သူတို့ကျူးကျော် သိမ်းပိုက်ထားတဲ့ နယ်မြေနှစ်ခုမှာ ကိုယ်ကျင့်တရားဆိုင်ရာ၊ စီးပွားရေးဆိုင်ရာနဲ့ စစ်ရေးဆိုင်ရာ တိုးချဲ့မှုတွေနဲ့ အမြဲတမ်း ထိန်းချုပ်ထားတယ် ဒီလိုလုပ်ထားခြင်းဟာ အီရန်ကို သဘောကျစေနိုင်တယ် ဘာကြောင့်လဲဆိုတော့ အစ္စရေးဟာကမ္ဘာ့ ဝိုင်းပယ်ခံရသူအဖြစ်ကို ရောက်သွားလို့ပါပဲ။ အမေရိကန်ကြားဝင်မှု အရ ဆော်ဒီက အစ္စရေးနဲ့ သံတမန်ရေးဆိုင်ရာ ပုံမှန် ဆက်ဆံရေးကိုပြုလုပ်ဖို့ သဘောတူထားပေမဲ့ နှစ်ပြည်ထောင်တည်ရှိမှု ဖြေရှင်းချက်ကို အစ္စရေးက လက်မခံခဲ့ရင် ဒီသဘော တူညီချက်ဟာ စက္ကူစုတ်ဖြစ်သွားမှာပဲ။

CNN မေး- အစ္စရေးကိုထောက်ခံတဲ့ အမေရိကန်သမတတွေထဲမှာ ဂျိုးဘိုင်ဒင်က အစွမ်းကုန်ကူညီပေးတဲ့ သမတဖြစ်တယ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားဘာမှတ်ချက်ပေးချင်ပါသလဲ။ 

ဖြေ။ ဘိုင်ဒင်က ဟားမတ်စ်တိုက်ခိုက်မှု နောက်ပိုင်းမှာ အစ္စရေးကိုသွားရောက်အားပေးခဲ့တယ်လိုအပ်တဲ့ ခဲယမ်းလက်နက်တွေပေးခဲ့တယ်၊ ကုလသမဂ္ဂမှာ အကာအကွယ်ပေးခဲ့တယ်၊ ဘိုင်ဒင်ရဲ့ပြဿနာက သူဟာဖြောင့်မတ်မျှတတဲ့ သူတယောက်ဖြစ်ပေမဲ့ နေတင်ယာဟုလို ကောက်ကျစ်ပြီး လှည်းဖျားတတ်တဲ့သူက အမေရိကန်ကိုအသုံးချမယ် ဘိုင်ဒင်ကိုအသုံးချမယ် သူ့ရဲ့ထိပ်ဆုံးဦးစားပေးက သူနိုင်ငံရေးအရ ရှင်သန်နိုင်ရေးဖြစ်တယ် အစ္စရေးအမျိုးသား အကျိုးစီးပွားမဟုတ်ဘူး၊ အစ္စရေးအမျိုးသား အကျိုးစီးပွားဆိုတာက ပါလက်စတိုင်း မိတ်ဖက်ရရှိရေး သာဖြစ်တယ် နေတင်ယာဟုက ဒီလိုလုပ်ဖို့ငြင်းပယ်ခဲ့တယ် ဘာကြောင့်လဲဆိုတော့ သူ့အစိုးရ ဝန်ကြီးအဖွဲ့မှာ အသုံးမကျတဲ့ လက်ယာအစွန်းရောက်တွေ ရှိနေခဲ့တယ်။ သူတို့က ပါလက်စတိုင်းတွေကို ဘယ်လိုနည်းနဲ့မှ လက်မတွဲချင်ကြဘူး။ အဲဒီလိုဖြစ်နေမယ်ဆိုရင် အစ္စရေးဟာ ဂါဇာမှာဘယ်လိုမှ မနိုင်နိုင်ဘူး၊ ကုလသမဂ္ဂမှာ မနိုင်နိုင်ဘူး၊ တက္ကသိုလ်တွေမှာ ထောက်ခံမှုမရနိုင်ဘူး။ သူတို့မနိုင်နိုင်ဘူး။

သောမတ်စ် လိုရင် ဖရက်ဒမန် (Thomas Loren Friedman) သည် အမေရိကန် နိုင်ငံရေးဝေဖန်သုံးသပ်သူနှင့် စာရေးဆရာဖြစ်သည်။ သူသည် New York Times အတွက် အပတ်စဉ် ဆောင်းပါးရှင်တစ်ဦးဖြစ်ပြီး ပူလစ်ဇာဆုသုံးကြိမ် ရရှိသူဖြစ်သည်။ သူသည် နိုင်ငံခြားရေးကိစ္စ၊ ကမ္ဘာ့ကုန်သွယ်ရေး၊ အရှေ့အလယ်ပိုင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို အကျယ်တဝင့် ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက