နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

နယ်သာလန် ဟိတ်ဂ်မြို့ရှိ ICJ၊ ICC နဲ့ EU ရုံးအနီး “ ရန်ကုန်မှာပြန်မယ်” စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်

ဇူလိုင်လ (၁၃)ရက်။

ဒီကနေ့ နယ်သာလန်နိုင်ငံ၊ ဟိတ်ဂ်မြို့ရှိ ကမ္ဘာ့ခုံရုံး(ICJ)၊ နိုင်ငံတကာရာဇ၀တ်မှုတရားရုံး(ICC)နဲ့ ဥရောပသမဂ္ဂ(EU)တို့အနီးမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ICJ၊ ICC နဲ့ EU ရုံးအနီးတို့မှာ “ ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါအင်္ကျီတွေ၀တ်ဆင်ပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမှုဟာ စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုမှတ်တမ်းတွေကို ကမ္ဘာ့ခုံရုံးက အထူးအလေးအနက်ထား အရေးယူဖို့ တောင်းဆိုတဲ့အနေနဲ့ ပြုလုပ်တာလို့ ဆိုပါတယ်။

လွတ်မြောက်ဒေသနဲ့ နိုင်ငံအသီးသီးကို တိမ်းရှောင်ကြသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ မြေပေါ်မြေအောက် တော်လှန်ရေးအင်အားစုတွေနဲ့ ရန်ကုန်ကပြည်သူတွေအားလုံး ရန်ကုန်မှာပြန်ဆုံကြဖို့ ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ရေဘဝဲရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့ ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူဖို့ ရည်ရွယ်ပြီး “ ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုကို ရန်ကုန်ကနေ နယ်သာလန်ရှိ ကမ္ဘာ့ခုံရုံးကို ဆောင်ယူခဲ့တာလို့ ရေးသားထားပါတယ်။

အဲ့ဒီ “ ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုကို ရေဘဝဲအဖွဲ့က ရွှေတိဂုံစေတီတော်ခြေရင်းမှာ စတင်ခဲ့ပြီး ရန်ကုန်မြို့လယ်ရှိ အထင်ကရနေရာတွေမှာ လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာလို့ ရေးသားထားပါတယ်။

ဒါ့အပြင် လှုပ်ရှားမှုထဲ ပါ၀င်ခဲ့ကြတဲ့ ရေဘဝဲရဲဘော် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး (၂)ဦးကို စစ်တပ်က အကျဉ်းထောင်တွေမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 21 Views
နိုဝင်ဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 38 Views
ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ နိုဝင်ဘာလ (၁၃)ရက်။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့က ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စာလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့
မြန်မာသတင်း

အင်တာနက်ပေါ် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို စောင့်ကြည့်အရေးယူဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီဖွဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 32 Views
နိုဝင်ဘာလ (၁၃)ရက်။ အင်တာနက်ပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အင်တာနက်ပေါ်မှာ သတင်းတု၊ သတင်းမှားတင်တာ၊ မဖွယ်မရာတင်တာနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာကို ဥပဒေကြောင်းအရ ဖော်ထုတ်အရေးယူဖို့ စစ်ကော်မရှင်က ဩဂုတ်လ
မြန်မာသတင်း

ခင်ဦးနယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စုဖွဲ့မှုပျက်ကာ စစ်ကြောင်းမှူးအပါ (၅၀)ဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 33 Views
နိုဝင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၈)နာရီ (၅၀)မိနစ်အချိန်က ကန့်ဘလူနယ် ဝက်တိုးရွာအထိုင်စခန်းကနေ ခင်ဦးနယ်ကို အင်အား (၁၀၀)ကျော်နဲ့ တပ်မ(၃၃)လက်အောက်ခံ ခလရ(၁၁၁)တပ်က စစ်ကြောင်းထိုးလာခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ အဲ့ဒီစစ်တပ်စစ်ကြောင်းကို ကန့်ဘလူနယ် ယင်းတိုက်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက
မြန်မာသတင်း

မုံရွာ နမခဌာနချုပ်ထဲ စစ်တပ်လေထီးတစီး ပျက်ကျကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 49 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ထဲ စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခခွေးခြံကနေ paramotor
မြန်မာသတင်း

တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 43 Views
နိုဝင်ဘာလ (၁၂)ရက်။ နိုဝင်ဘာလ (၁၀)ရက်နေ့ကစပြီး တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၀)ရက်နေ့ကစပြီး မောတောင်နယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့်
မြန်မာသတင်း

ကလေးမြို့လူထုတိုက်ပွဲ ပထမဆုံးညီလာခံကနေ အချက် (၅)ချက်ပါတဲ့ သဘောထားကြေညာချက် ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 47 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က လွတ်မြောက်နယ်မြေတွေမှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပထမဆုံးအကြိမ် လူထုတိုက်ပွဲညီလာခံကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို ကလေးဒေသထဲရှိ ရပ်ရွာအသီးသီးက ဒေသခံကိုယ်စားလှယ် စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပြီး အချက် (၅)ချက်ကို သဘောထားညီညွတ်စွာ
မြန်မာသတင်း

မိုးမိတ်မြို့ စစ်တပ်လက်အောက်မကျစေဖို့ ကူညီမယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 63 Views
နိုဝင်ဘာလ (၁၂)ရက်။ မိုးမိတ်မြို့ကို စစ်တပ်လက်အောက်မကျစေဖို့အတွက် မဟာမိတ်တပ်ဖွဲ့တွေကို ကူညီသွားမယ်လို့ KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဒေသထဲသတင်းတွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။ “ မိုးမိတ်မြို့မှာ KIA တပ်ရင်း (၃၄)ရှိပါတယ်။ KIA PDF