နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြောင်းမြထောင်ထဲ နိုင်/ကျဉ်းတွေကို ထောင်၀န်ထမ်းတွေနဲ့ အခြားအမှုတန်းစီးတွေက မတရားဖိနှိပ်ရိုက်နှက်တာတွေပြုလုပ်

ဩဂုတ်လ (၁၃)ရက်။

မြောင်းမြထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ အခြားအမှုတန်းစီးတွေက မတရားဖိနှိပ်ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒုထောင်တာဝန်ခံ တင့်ဆွေ၊ အဆောင်မှူး စိုးရန်နိုင်နဲ့ ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့က ဦးဆောင်ပြီး မုဒိန်းမှု/လူသတ်မှုနဲ့ အကျဉ်းကျနေတဲ့ နှစ်ကြီးအကျဉ်းသား မောင်အေးနဲ့အတူ အခြားအကျဉ်းသား ရဲသူအောင်(ဆေးမှု)နဲ့ တုတ်ပေါ( ဆေးမှု)ဆိုသူတို့က နိုင်/ကျဉ်းတွေကို မတရားဖိနှိပ်ရိုက်နှက်ကာ အလုပ်ခိုင်းစေတာလို့ ဆိုပါတယ်။

မုဒိန်းမှု/လူသတ်မှုနဲ့ ပြစ်ဒဏ်ကျထားတဲ့ ပုံစံခန်း တန်းစီး မောင်အေးက အသစ်ဝင်လာတဲ့ နိုင်/ကျဉ်း အချုပ်သားတွေဆီက ပုံစံကြေး ငါးသောင်းတောင်းပြီး မပေးနိုင်သူတွေကို ရိုက်နှက်နှိပ်စက်တာနဲ့ လုပ်အားပေးအလုပ်တွေမှာ အလုပ်ပိုခိုင်းတာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို ပုံစံကြေး(၅)သောင်းပေးပြီးပေမယ့် အိပ်ဆောင်မှူးအတွက်၊ ထောင်ပိုင်လေးအတွက်နဲ့ ထောင်မှူးကြီးအတွက်ဆိုပြီး စတဲ့ခွဲတမ်းတွေနဲ့ ကွမ်းဖိုး၊ ဆေးဖိုးနဲ့ အခန်းကုန်ကျစားရိတ်တွေကို ထပ်မံပေးရတယ်လို့ ရေးသားထားပါတယ်။

အခန်းကုန်ကျစရိတ်ဆိုတဲ့အထဲ အင်းစိန်ထောင်ကနေ ထုတ်ပေးတဲ့ ပုံစံကော်ဇော ဖယောင်းပုဆိုးတွေကို ထောင်အာဏာပိုင်တွေက ရောင်းစားပြီး အရည်အသွေးညံ့တဲ့ ကော်ဇောတွေ ပြန်ဝယ်လာတာကြောင့် ခဏလေးနဲ့ စုတ်ပြဲကာ အသစ်ထပ်မံ၀ယ်ယူရတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် မြောင်းမြထောင်ထဲ အကျဉ်းသားတိုင်း ရပိုင်ခွင့်ရှိတဲ့ ပုံစံအင်္ကျီနဲ့ ပုံစံပုဆိုးကို အရာရှိ/ညွှန်မှူးတွေလာမှ ထုတ်ငှားပြီး သူတို့ပြန်သွားတာနဲ့ အဆောင်မှုးထံ ပြန်အပ်ရတယ်လို့သိရပြီး ပုံစံဖိနပ်တွေ ထုတ်ပေးတဲ့အခါမှာလဲ အကျဉ်းသားတိုင်းမရဘူးလို့ ထုတ်ပြန်ထားပါတယ်။

မြောင်းမြထောင်က အရာရှိတွေအနေနဲ့ ညဘက် မူးယစ်သောက်စားလာပြီး နိုင်/ကျဉ်း ဘာယာတွေကို ခေါ်ယူကာ ရစ်တာနဲ့ သူတို့အိမ်ကိစ္စတွေ၊ မိသားစုကိစ္စတွေနဲ့ စိတ်တိုဒေါသထွက်လာတဲ့အခါမှာ အမေ/နှမတွေနဲ့ ကိုင်တုတ်ဆဲတာမျိုးတွေအထိ ရှိတယ်လို့ သိရပါတယ်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို