နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ ကော်သေနတ်နဲ့ ဓါးပြတိုက်တဲ့အဖွဲ့ကို အချိန်ပိုင်းထဲ ဖမ်းမိတယ်လို့ စစ်ကောင်စီဂုဏ်ဖော်ထုတ်ပြန်ထား

စက်တင်ဘာလ (၁၃)ရက်။

စက်တင်ဘာလ (၁၁)ရက်နေ့ ည (၈)နာရီ၀န်းကျင်ခန့်က မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်အိမ်ကို အမျိုးသားတစ်စုက ဓါးပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်ရှိ ၆၁(A)လမ်း၊ ၁၁၅လမ်းနဲ့ ၁၁၆လမ်းကြားက အသက် (၄၇)နှစ်အရွယ် ဦးရဲလင်းရွှေရဲ့ နေအိမ်ကို အမျိုးသား (၇)ဦးက Alphard ကားနဲ့ ရောက်ရှိလာပြီး ဓါးတွေ သေနတ်တွေ ကိုင်ဆောင်ကာ နေအိမ်ထဲ ၀င်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်ထဲ ၀င်ရောက်လာသူတွေဟာ ဦးရဲလင်းရွှေရဲ့ သမီးဖြစ်သူ (၄)နှစ်အရွယ် မထက်နေရည်မောင်ကို ရိုက်နှက်ပြီး စူပါကပ်ဆိုင်ကယ်တစ်စီးနဲ့ ထီးတစ်လက်ကို ဖျက်ဆီးကာ Suzuki ခဲရောင်ယာဉ်တစ်စီးနဲ့ Iphone 10 XR တို့ကို လုယက်ယူဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိဖို့ စစ်ကောင်စီတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးခဲ့ရာ ည (၁၁)နာရီ၀န်းကျင်ခန့်မှာ ငွေတော်ကျီကုန်းရပ်ကွက်၊ ၆၈(D)လမ်းနဲ့ မင်္လာလမ်းထောင့်မှာ ဖမ်းမိခဲ့ပြီး သူတို့ (၇)ဦးဟာ အသက် (၁၈)နှစ်ကနေ (၂၆)နှစ်အထိ ပါ၀င်တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ကျူးလွန်သူတွေကို ပလက်စတစ်နဲ့ ပြုလုပ်ထားတဲ့ ကော်သေနတ် (၁)လက်အပါအ၀င် ဓါး (၂)ချောင်းနဲ့ ရဲဒင်း (၁)ချောင်းတို့အပြင် Alphard ခဲရောင်ကားတစ်စီးနဲ့ Suzuki အမျိုးအစားယာဉ် (၂)စီးတို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ ကော်သေနတ်နဲ့ ဓါးပြတိုက်တဲ့အဖွဲ့ကို အချိန် (၃)နာရီခန့်အကြာမှာ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေဆိုင်ပိုင်ရှင်တစ်ဦး ဓါးပြတိုက်ခံရတာအပါအ၀င် မြို့ပေါ်ရှိ ရွှေဆိုင်နဲ့ ဘဏ်အချို့ ဓါးပြတိုက်ခံခဲ့ရတာကိုတော့ အခုအချိန်အထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ မြို့ခံတွေထံက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထားဝယ်မှာ စစ်တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ် တပြိုင်ထဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် (၁၉)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ခန့်က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာရှိ (GTC) စစ်တပ်စခန်းနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား(ဖားဆောင်း) ဒီကနေ့ နံနက်ပိုင်းအချိန်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သံလွင်တံတား
မြန်မာသတင်း

ရွှေဘိုခရိုင်ထဲ PDF နဲ့ ပကဖတွေရဲ့ ဂိတ်တွေအားလုံး ပိတ်သိမ်းဖို့ ညွှန်ကြားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ရွှေဘိုခရိုင်စစ်ဌာန နယ်မြေထဲက PDF တွေ၊ Local PDF တွေနဲ့ ပကဖတွေ ဖွင့်လှစ်ထားတဲ့ ဂိတ်တွေအားလုံးကို ‌ပိတ်သိမ်းဖို့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနနဲ့ ခရိုင်ပကဖတွေ ပါဝင်တဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့
မြန်မာသတင်း

ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်ကစပြီး ပုလဲနယ်ထဲရှိ BNRA ဂိတ်စခန်းတွေကို MOD တပ်ရင်းတွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နဂါးရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ NUG ရဲ့ MOD တပ်ရင်းတွေဟာ ဒီကနေ့
မြန်မာသတင်း

အသိပညာအားနည်းတာကြောင့် စစ်ကိုင်းတိုင်းမှာ ဆူပူတာတွေ ပေါများတာဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်ကိုင်းတိုင်းမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟုမ္မလင်းမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာတွေမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာ၊ အတတ်ပညာ
မြန်မာသတင်း

ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 24 Views
မြေပြင်မှာတော့ ဧရိယာအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ ဖေဖော်ဝါရီလ (၁၆)ရက်။ မနေ့က ကရင်နီပြည် ဖားဆောင်းမြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ကာ
မြန်မာသတင်း

တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံကနေ ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင် ညွှန်ကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ တီမောသံရုံးယာယီတာဝန်ခံကို နိုင်ငံထဲကနေ အပြီးအပိုင် ထွက်ခွာဖို့ဆိုပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံ‌ခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တီမောအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် သူ့ရဲ့ ကတိကဝတ်တွေနဲ့ တာဝန်တွေကို လိုက်နာဆောင်ရွက်တာမရှိဘူးလို့ ဆိုပါတယ်။ တီမောသမ္မတဟာ မြန်မာစစ်တပ်အပေါ်
မြန်မာသတင်း

ထောင်ထဲဆန္ဒပြတဲ့ဖြစ်စဉ်တွေမှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ စစ်တပ်အာဏာသိမ်းတဲ့ (၅)နှစ်တာကာလထဲ ကြီးမားတဲ့ ထောင်ထဲဆန္ဒပြလှုပ်ရှားမှု (၁၈)ခုထက်မနည်း ရှိခဲ့တယ်လို့ Myanmar Prison Witness ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ‌ဖြစ်စဉ်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား (၁၆)ဦးအထိ အသက်ဆုံးရှုံးခဲ့ပြီး