နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန်

ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန်

+++++++++++

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ ရုရှားသမ္မတပူတင်နဲ့ ဖုန်းပြောဆို ဆွေးနွေးမှုတချို့လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကရင်မလင်ဘက်က ငြင်းဆိုလိုက်ပါတယ်။ ဝါရှင်တန်ပို့စ်သတင်းစာက အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းနဲ့ဆက်သွယ်ကာ ယူကရိန်းစစ်ပွဲကို စစ်ရေးအရှိန်မမြှင့်သင့်ကြောင်း ပူတင်ကို တိုက်တွန်းခဲ့တယ်လို့ ဖော်ပြခဲ့ရာမှာ ကရင်မလင်ဘက်က ငြင်းဆိုကာ ထရန့်နဲ့ဆွေးနွေးဖို့ အစီအစဉ်မရှိသေးဘူးလို့ တုန့်ပြန်ခဲ့တာပါ။

“ အဲဒီဖော်ပြချက်ဟာ လုံး၀မမှန်ပါဘူး။ မှားယွင်းတဲ့အချက်အလက်တွေနဲ့ စိတ်ကူးယဉ်သက်သက်ပါပဲ၊ အချက်အလက်တွေရဲ့ အရည်အသွေးက အထင်ရှားဆုံးပဲ၊ အဲဒီလိုဖော်ပြမှုတွေက ဂုဏ်သိက္ခာရှိပါတယ်ဆိုတဲ့ သတင်းစာတွေမှာတောင် တွေ့ရတတ်ပါတယ်”လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ပက်စ်ကော့ဗ်က ပူတင်အနေနဲ့ ထရန့်နဲ့ အဆက်အသွယ်လုပ်ဖို့ တိကျတဲ့အစီအစဉ်တွေမရှိသေးဘူးလို့လည်း ပြောပါတယ်။

ရုရှားတပ်တွေဟာ စစ်ရေးအရှိန်ကို မြှင့်တင်လာခဲ့တာကြောင့် ၂ နှစ်ကြာမြင့်လာပြီဖြစ်တဲ့ယူကရိန်းစစ်ပွဲဟာ အန္တရာယ်အများဆုံးအချိန်ကို ကျရောက်လာပြီလို့ ယူကရိန်းစစ်ဘက်အရာရှိအချို့က သုံးသပ်နေကြပါတယ်။ အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ ဒေါ်နယ်ထရန့်ကတော့ သူ သမ္မတဖြစ်လာရင် ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း ရပ်တန့်ပြမယ်လို့ ကြုံးဝါးထားပေမယ့် ဘယ်လို ရပ်တန့်မလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။

ရုရှားသမ္မတပူတင်ကတော့ ဒေါ်နယ်ထရန့် အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရတာနဲ့ လုပ်ကြံသတ်ဖြတ်မှုကို သတ္တိရှိရှိတုံ့ပြန်ခဲ့တာကို ချီးကျူးပြောဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးဖို့ မိမိဘက်က အဆင်သင့်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ရုရှားဟာ သူတို့ပိုက်နက်ထဲအထိ ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်တွေ ယူကရိန်းအပေါ် ထောက်ပံ့ပေးမှုကို သတိပေးပြောဆိုထားပြီး လိုအပ်ရင် ပြန်လည်တုံ့ပြန်သွားမယ်လို့ ပြောဆိုထားတာကြောင့် ယူကရိန်းစစ်ပွဲဟာ ပိုပြီးကျယ်ပြန့်လာမလားဆိုတာကို ကမ္ဘာ့နိုင်ငံတော်တော်များများက စိုးရိမ်ပူပန်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း နီပေါ မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

တလ အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ကြမလား?

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ မေလ (၁)ရက် ရုရှားနိုင်ငံမှာအလုပ်သွားလုပ်ဖို့မြန်မာနိုင်ငံသားတွေ တသုတ်ပြီး တသုတ်စစ်အုပ်စုက စေလွှတ်နေတာနဲ့ ပတ်သက်လို့ စဥ်းစားမိတဲ့အချက်တချို့ကိုဖော်ပြလိုက်ပါတယ်၊ ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာ ၄နှစ်ကျော်၅နှစ်ထဲရှိလာတဲ့အတွက် စစ်မှုထမ်း
နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း မြောက်ကိုရီးယား ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

စစ်သားများ၏ အသေခံတိုက်ခိုက်မှုကို ကင်မ်ဂျုံအန်း ချီးကျူး၊ ရုရှားစစ်ပွဲတွင် မြောက်ကိုရီးယား၏ အခန်းကဏ္ဍ ပိုမိုနက်ရှိုင်းလာမည့် အလားအလာရှိနေ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 19 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ယူကရိန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေစဉ် ရန်သူ့လက်သို့ အဖမ်းမခံဘဲ သေခြင်းတရားကို ရွေးချယ်ခဲ့ကြသည့် စစ်သားများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် တိုက်ပွဲဝင်နေသော မြောက်ကိုရီးယားနှင့် ရုရှားစစ်သားများ၏ ကြေးရုပ်တုကြီးကို ကင်မ်ဂျုံအန်းက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

 ဖိအားများနှင့် ခြိမ်းခြောက်မှုများကြားတွင် ယခုနှစ် ရုရှား၏ စစ်ရေးပြအခမ်းအနားကို ပူတင် အကျဉ်းချုံ့ကျင်းပမည်

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 16 Views
CNN — ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက် ရုရှား-ယူကရိန်းစစ်ပွဲ။ မော်စကိုမြို့ ရင်ပြင်နီတွင် မေလ ၉ ရက်နေ့၌ ကျင်းပလေ့ရှိသည့် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနားသည် ရုရှားသမ္မတ ဗလာဒီမာပူတင်
နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ တောင်အာရှ နိုင်ငံ၌ တရားမဝင်သော ကန်နဗစ် (ဆေးခြောက်) ကီလိုဂရမ် ၁၁၀ ကျော်
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး