နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန်

ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန်

+++++++++++

အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ ရုရှားသမ္မတပူတင်နဲ့ ဖုန်းပြောဆို ဆွေးနွေးမှုတချို့လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကရင်မလင်ဘက်က ငြင်းဆိုလိုက်ပါတယ်။ ဝါရှင်တန်ပို့စ်သတင်းစာက အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းနဲ့ဆက်သွယ်ကာ ယူကရိန်းစစ်ပွဲကို စစ်ရေးအရှိန်မမြှင့်သင့်ကြောင်း ပူတင်ကို တိုက်တွန်းခဲ့တယ်လို့ ဖော်ပြခဲ့ရာမှာ ကရင်မလင်ဘက်က ငြင်းဆိုကာ ထရန့်နဲ့ဆွေးနွေးဖို့ အစီအစဉ်မရှိသေးဘူးလို့ တုန့်ပြန်ခဲ့တာပါ။

“ အဲဒီဖော်ပြချက်ဟာ လုံး၀မမှန်ပါဘူး။ မှားယွင်းတဲ့အချက်အလက်တွေနဲ့ စိတ်ကူးယဉ်သက်သက်ပါပဲ၊ အချက်အလက်တွေရဲ့ အရည်အသွေးက အထင်ရှားဆုံးပဲ၊ အဲဒီလိုဖော်ပြမှုတွေက ဂုဏ်သိက္ခာရှိပါတယ်ဆိုတဲ့ သတင်းစာတွေမှာတောင် တွေ့ရတတ်ပါတယ်”လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ပက်စ်ကော့ဗ်က ပူတင်အနေနဲ့ ထရန့်နဲ့ အဆက်အသွယ်လုပ်ဖို့ တိကျတဲ့အစီအစဉ်တွေမရှိသေးဘူးလို့လည်း ပြောပါတယ်။

ရုရှားတပ်တွေဟာ စစ်ရေးအရှိန်ကို မြှင့်တင်လာခဲ့တာကြောင့် ၂ နှစ်ကြာမြင့်လာပြီဖြစ်တဲ့ယူကရိန်းစစ်ပွဲဟာ အန္တရာယ်အများဆုံးအချိန်ကို ကျရောက်လာပြီလို့ ယူကရိန်းစစ်ဘက်အရာရှိအချို့က သုံးသပ်နေကြပါတယ်။ အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရတဲ့ ဒေါ်နယ်ထရန့်ကတော့ သူ သမ္မတဖြစ်လာရင် ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်း ရပ်တန့်ပြမယ်လို့ ကြုံးဝါးထားပေမယ့် ဘယ်လို ရပ်တန့်မလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။

ရုရှားသမ္မတပူတင်ကတော့ ဒေါ်နယ်ထရန့် အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရတာနဲ့ လုပ်ကြံသတ်ဖြတ်မှုကို သတ္တိရှိရှိတုံ့ပြန်ခဲ့တာကို ချီးကျူးပြောဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးဖို့ မိမိဘက်က အဆင်သင့်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ရုရှားဟာ သူတို့ပိုက်နက်ထဲအထိ ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်တွေ ယူကရိန်းအပေါ် ထောက်ပံ့ပေးမှုကို သတိပေးပြောဆိုထားပြီး လိုအပ်ရင် ပြန်လည်တုံ့ပြန်သွားမယ်လို့ ပြောဆိုထားတာကြောင့် ယူကရိန်းစစ်ပွဲဟာ ပိုပြီးကျယ်ပြန့်လာမလားဆိုတာကို ကမ္ဘာ့နိုင်ငံတော်တော်များများက စိုးရိမ်ပူပန်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေး

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 3 Views
+++++++++++++++++++++++ အင်ဒိုးနီးရှားနိုင်ငံ ဖလောရက်စ်ကျွန်းက မီးတောင်တစ်ခု သောကြာနေ့အစောပိုင်းက စတင်ပေါက်ကွဲပြီး ပြာနဲ့ မီးခိုးတွေကို အမြင့်ပေ 5 မိုင်ကျော်အထိ မှုတ်ထုတ်နေတာကြောင့်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းကလေးငယ်တွေရဲ့ စိတ်ကူးယဉ်ကမ္ဘာကို ရုရှားက ဖျက်ဆီးခဲ့တယ်လို့ ကုလသမဂ္ဂရှုတ်ချ

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 4 Views
+++++++++++++++++++++ ယူကရိန်းကလေးငယ်တွေရဲ့အနာဂတ်ကို စိတ်ကူးယဉ်ခွင့်မရှိအောင် ရုရှားက ဖျက်ဆီးလိုက်တယ်လို့ ကုလသမဂ္ဂက ဝေဖန်ရှုတ်ချလိုက်ပါတယ်။ 2022 ခုနှစ် ဖေဖော်ဝါရီလ 24 ရက်နေ့ကနေ
နိုင်ငံတကာသတင်း အမေရိကန်

ကျောင်းသားချေးငွေနဲ့ အာဟာရကျွေးမွေးတဲ့ပရိုဂရမ်တွေကို အခြားအေဂျင်စီထံ လွှဲပြောင်းမယ်လို့ ဒေါ်နယ်ထရန့်အတိအလင်းကြေညာ

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 2 Views
+++++++++++++++++++++ ပညာရေးဌာနကို ပိတ်ပစ်လိုက်တဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အဲဒီဌာနက ကိုင်တွယ်ထားတဲ့ ကျောင်းသားချေးငွေနဲ့ အာဟာရကျွေးမွေးရေးပရိုဂရမ်တွေကို အခြားအေဂျင်စီတွေထံ လွှဲပြောင်းပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သောကြာနေ့မှာ အတိအလင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရန့်ဟာ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ရည်ရွယ်တဲ့ အမိန့်တစ်ရပ်ကို ကြာသပတေးနေ့က
နိုင်ငံတကာသတင်း ဥရောပ

စစ်ရေးနဲ့ စီးပွါးရေးအတွက် သမိုင်းဝင်မူဝါဒသစ်ကို ဂျာမနီအထက်လွှတ်တော်မှာ အလျင်အမြန်ပြဌာန်း

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 2 Views
++++++++++++++++++++++++ ဥရောပရဲ့ စီးပွါးရေးတိုးတက်မှုကို အသက်သွင်းဖို့ ရည်ရွယ်တဲ့ အသုံးစရိတ်တွေတိုးမြှင့်ရေးနဲ့ စစ်ရေးအသုံးစရိတ်တွေချဲ့ထွင်ဖို့အတွက် ဂျာမနီနိုင်ငံရဲ့အထက်လွှတ်တော်မှာ သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါဟာ သမိုင်းဝင်မူဝါဒသစ်ချမှတ်မှုဖြစ်သလို အဲဒီမူဝါဒချမှတ်နိုင်ဖို့အတွက် နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ ပြည်နယ် 16 ခုကို ကိုယ်စားပြုတဲ့
နိုင်ငံတကာသတင်း ဥရောပ

ဟီးသရိုးလေဆိပ် ပြန်လည်ဖွင့်လှစ်မယ့်အချိန်ကို အတည်ပြုနိုင်သေးဟုဆို

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 2 Views
+++++++++++++++++++++++ လန်ဒန်မြို့က အကြီးဆုံးဖြစ်တဲ့ ဟီးသရိုးလေဆိပ်မှာ မီးလောင်မှုဖြစ်ပွါးခဲ့ပြီးတဲ့နောက် လေဆိပ်ကို ဘယ်အချိန်မှာ ပြန်ဖွင့်နိုင်မလဲဆိုတာကို မသိရသေးဘူးလို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဟီးသရိုးလေဆိပ်အနီးက ဓါတ်အားပေးရုံတစ်ခုကို မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ပြီး အဲဒီအကျိုးဆက်က လေဆိပ်တစ်ခုလုံးကို ဓါတ်အားထောက်ပံ့မှုစနစ်
နိုင်ငံတကာသတင်း အမေရိကန်

တရုတ်နဲ့ စစ်ဖြစ်နိုင်ခြေရှိတဲ့ အမေရိကန်စစ်ရေး အစီအစဉ်တွေအကြောင်း မပြခဲ့ဘူးလို့ ထရမ့်ပြော

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 2 Views
မတ်လ (၂၂) ရက်။ သောကြာနေ့က ပင်တဂွန်စစ်ဌာနချုပ်မှာ ရောက်ရှိနေစဉ် DOGE အကြီးအကဲ အီလွန်မာ့ခ်ကို တရုတ်နဲ့ စစ်ဖြစ်နိုင်ခြေရှိတဲ့ အမေရိကန်စစ်ရေး အစီအစဉ်တွေအကြောင်း ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းပေးပို့ချက်နဲ့ပတ်သက်လို့ အခုလို အစီအစဉ်တွေကို ပြမှာမဟုတ်ဘူး ဘယ်သူ့ကိုမှ ပြမှာမဟုတ်ဘူးလို့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းကို ပံ့ပိုးပေးဖို့ ဥရောပအနေနဲ့ ငွေလိုပါတယ်။ ဒါပေမဲ့ ရုရှားငွေတွေကို သုံးစွဲဖို့ ဘာကြောင့် တွန့်ဆုတ်နေရတာလဲ?။

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 4 Views
မတ်လ (၂၁) ရက်။ ယူကရိန်းကို ပံ့ပိုးပေးဖို့ ဥရောပအနေနဲ့ ငွေလိုပါတယ်။ ဒါပေမဲ့ ရုရှားငွေတွေကို သုံးစွဲဖို့ ဘာကြောင့် တွန့်ဆုတ်နေရတာလဲ?။ မတ်လ (၂၁) ရက်။ ယူကရိန်းတွင် သုံးနှစ်ကြာစစ်ပွဲကြောင့် ဥရောပတိုက်က တိုက်ရိုက်အကူအညီ ဒေါ်လာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ကျန်ရှိသော ဓားစာခံများကို အစ္စရေးလက်သို့ မအပ်ပါက ဂါဇာကမ်းမြှောင်၏ အစိတ်အပိုင်းများကို အပြီးအပိုင် သိမ်းပိုက်ရန် အစ္စရေးပြော

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 11 Views
မတ်လ (၂၁) ရက်။ ကျန်ရှိသော ဓားစာခံများကို အစ္စရေးလက်သို့ မအပ်ပါက ဂါဇာကမ်းမြှောင်၏ အစိတ်အပိုင်းများကို အပြီးအပိုင် သိမ်းပိုက်ရန် အစ္စရေးတပ်များကို အမိန့်ထုတ်ခဲ့သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် (Israel Katz) က သောကြာနေ့တွင်