နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်ပေါင်း ၁၀၀ စစ်ပွဲအထိမ်းအမှတ်နေ့တွင် ဟားမတ်စ်များကို ခြေမှုန်းရန် ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ဟု နေတန်ယာဟု ပြော

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်။

အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့ကြား စစ်ပွဲ ရက် ၁၀၀ ပြည့်လာချိန်တွင် ဟားမတ်စ်များကို ခြေမှုန်းခြင်းမှ ကျွန်ုပ်တို့ကို မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့သည်။ အစ္စရေးသည် ၎င်း၏ ထိုးစစ်ပြုလုပ်နေမှုကို ရပ်တန့်ရန် လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲခံထားရသည့် နိုင်ငံတကာတရားရုံး (ICJ) ညျွန်ကြားချက်ကို လိုက်နာမည် မဟုတ်ကြောင်း နေတန်ယာဟုက ဆိုခဲ့သည်။ အီရန်နှင့် အရှေ့အလယ်ပိုင်းရှိ အီရန်၏ မဟာမိတ်အဖွဲ့များကို ရည်ညွှန်းပြီး စနေနေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက “ ဟေ့ဂ် ရှိ နိုင်ငံတကာတရားရုံး (ICJ) သာမကဘဲ၊ မကောင်းဆိုးဝါး ဝင်ရိုးတန်းနိုင်ငံများနှင့် အခြားမည်သူမဆို ကျွန်ုပ်တို့ကို မည်သူကမျှတားဆီးနိုင်မည်မဟုတ်” ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင် တောင်အာဖရိကမှ တရားရုံးသို့ တင်လာသော လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး နေတန်ယာဟုက ပြောကြားရာတွင် “အရေခြုံ တိုက်ခိုက်မှုတစ်ခု” ဖြစ်ကာ ဂျူးလူမျိုးများအပေါ် နောက်ထပ် မီးလောင်တိုက်သွင်းမှု ထပ်မံကျူးလွန်ရန် ကြံစည်သူများ၏ ညွှန်ကြားမှုဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ “ ဒါဟာ နိုင်ငံတွေရဲ့ သမိုင်းမှာ အကျင့်စာရိတ္တ နိမ့်ကျတဲ့ အချက်ပါပဲ” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ ဂါဇာရှိ ဟားမတ်စ်ဥမင်လိုဏ်ခေါင်းများတွင် အဒေါ့ဖ်ဟစ်တလာ၏ “ Mein Kampf” စာတမ်း မိတ္တူများ အပါအဝင် ဂျူးဆန့်ကျင်ရေး ပစ္စည်းအများအပြားကို တွေ့ရှိခဲ့ရသည်ဟု ဝန်ကြီးချုပ်က အခိုင်အမာပြောဆိုခဲ့သည်။ ထို့အပြင် နေတန်ယာဟုက “ဂါဇာရှိအိမ်တစ်အိမ်တွင် ကလေး၏တက်ဘလက်တစ်လုံးတွင် ဟစ်တလာ၏ရုပ်ပုံကို Screensaver အဖြစ် အသုံးပြုထားသည်ကို ၎င်းတို့တွေ့ရှိခဲ့ကြောင်းဆိုသည်။

နေတန်ယာဟုက ဂျူးလူမျိုး ဆန့်ကျင်ရေးဝါဒသည် တူညီစွာရှိနေသော်လည်း ဂျူးလူမျိုးများသည် မတူကွဲပြားကြသော်လည်း ဆန့်ကျင်သူမှန်သမျှကို အဆုံးတိုင်အောင် တိုက်ခိုက်သွားမည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။ ‘ကျွန်ုပ်တို့ အဲဒါကို အဆုံးသတ်ဖို့လိုတယ်’ -ဟု သတင်းစာရှင်းလင်းပွဲအတွင်း နေတန်ယာဟုက အစ္စရေးသည် အီဂျစ်နှင့် ဂါဇာကြား နယ်နိမိတ်အဖြစ် တည်ရှိသော ၁၄ ကီလိုမီတာအကွာရှိ ဖီလာဒဲဖီစင်္ကြန်ကို မပိတ်နိုင်ပါက စစ်ပွဲကို အဆုံးမသတ်နိုင်ဟု အလေးပေးပြောကြားခဲ့သည်။ ယင်းသို့လုပ်ဆောင်ခြင်းသည် ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အပြည့်အဝထိန်းချုပ်နိုင်ခွင့်ရရှိမည်ဖြစ်သည်။

အီဂျစ်နှင့် နယ်နိမိတ်ကို အစ္စရေးမှ လက်လှမ်းမမီအောင် ထားရှိခွင့်ပြုခြင်းသည် ၎င်းတို့၏စစ်ပွဲတွင် အနိုင်ရရှိထားမှုများကို အခက်အခဲဖြစ်စေသည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

“ ဟားမတ်စ်တွေကို ငါတို့ခြေမှုန်းပစ်မယ်၊ ဂါဇာကို စစ်မဲ့ဒေသဖြစ်စေမယ်၊ စစ်လက်နက်ပစ္စည်းတွေနဲ့ တခြားသေစေနိုင်လောက်တဲ့ လက်နက်တွေက ဒီတောင်ဘက်အဖွင့်က ဝင်ရောက်လာမှုတွေ ဆက်ရှိနေမှာဖြစ်လို့ ပိတ်ပစ်ဖို့ လိုအပ်ပါတယ်” ဟု နေတန်ယာဟုက ရှင်းပြသည်။ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာမက်အဘူဇအစ် (Ahmed Abu Zeid) က အီဂျစ်သည် ၎င်း၏နယ်နိမိတ်များကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း စနေနေ့က အီဂျစ်ရုပ်မြင်သံကြားလိုင်း ဆာဒါအယ်ဘလတ် (Sada Al-Balad) နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

“ အီဂျစ်သည် ၎င်း၏နယ်နိမိတ်များကို အပြည့်အဝထိန်းချုပ်ထားပြီး အဆိုပါကိစ္စရပ်များသည် ပတ်သက်သည့်နိုင်ငံများအကြားတွင် တရားဥပဒေနှင့် လုံခြုံရေးသဘောတူညီချက်များအတိုင်း လိုက်နာနိုင်သောကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုတိုင်းကို ယေဘုယျအားဖြင့် စိစစ်ရမည်ဖြစ်သည်” ဟု Abu Zeid က ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရလက်ထက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန (DHS)တို့ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် အမေရိကန် ပြည်သူများနဲ့ အာဏာရရီပတ်ပလီကင်အမတ်အချို့ရဲ့ဆန့်ကျင်မှုကိုရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 22 Views
ခေတ်မျက်လုံးမှ စုစည်းတင်ပြချက်- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၃၀ရက် ၂၀၂၆ ခုနှစ်အစောပိုင်းကာလမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ (ICE) နဲ့ ပြည်ထဲရေးလုံခြုံရေးဝန်ကြီးဌာန
တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

တရုတ်ခေါင်းဆောင်နှင့်ဗြိတိန်ခေါင်းဆောင်နှစ်ဦးကြားတွေ့ဆုံမှု။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 23 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်များမှာ အောက်ပါအတိုင်း
နိုင်ငံတကာသတင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်) အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းတွင် လူဖတ်အများဆုံးနှင့် စိတ်ဝင်စားမှုအခံရဆုံး သတင်းများကို အောက်တွင် ဖော်ပြပေး လိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 27 Views
ခေတ်မျက်လုံး- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သော ထိပ်တန်းသတင်းများ မြီမိသားစုဝင် ၁၁ ဦးကို တရုတ်က ကွပ်မျက်ခြင်း။ ကိုးကန့်ဒေသတွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) အင်ပါယာ တည်ထောင်ခဲ့သည့် မြီရှောက်ချန်း
တရုတ် နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း ဘီလီယံနှင့်ချီသော ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့သည့် ဂိုဏ်းဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် မြန်မာနိုင်ငံအတွင်း မိသားစုလိုက် ရာဇဝတ်အင်ပါယာကို တည်ထောင်ခဲ့ပြီး ထွက်ပြေးရန် ကြိုးပမ်းသည့် အလုပ်သမားများကို သတ်ဖြတ်ခဲ့သည့် လူ ၁၁ ဦးအား တရုတ်တရားရုံး တစ်ခုက သေဒဏ်ချမှတ်ခဲ့ကြောင်း၊
ဂျပန် တရုတ် နိုင်ငံတကာသတင်း

တရုတ်-ဂျပန် ဆက်ဆံရေး တင်းမာနေစဉ်အတွင်း နောက်ဆုံးကျန်ရှိသည့် ပန်ဒါများကို ဂျပန်ပရိသတ်များ နှုတ်ဆက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက် တိုကျို — ဂျပန်နိုင်ငံတွင် နောက်ဆုံးကျန်ရှိသည့် ပန်ဒါနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် မပို့ဆောင်မီ တနင်္ဂနွေနေ့တွင် ဂျပန်ပရိသတ်များက သွားရောက်နှုတ်ဆက်ခဲ့ကြသည်။ ဤဖြစ်ရပ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေမှုကို ထင်ဟပ်ဖော်ပြနေသည်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရတ် အီရန်

ဆယ်စုနှစ်များစွာ အီရန်အစိုးရကို တိုက်ခိုက်ခဲ့ပြီးနောက် ကာ့ဒ်များအတွက် အောင်ပွဲသည် ပိုမိုနီးကပ်လာသည်ဟု ရှုမြင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 32 Views
CNN -၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်း — အဖြူအမည်းရောင် ခေါင်းပေါင်း (ကပ်ဖီယာ) ပတ်ထားသည့် လူငယ်တစ်ဦးသည် သူ၏ AK-47 ရိုင်ဖယ်ကို တစ်စစီဖြုတ်ကာ ကျောက်ဆောင်ထူထပ်သည့် မြေပြင်ပေါ်တွင်
နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန် အီတလီ

အာဖဂန်နစ္စတန်ရှိ နေတိုး (NATO) ၏ အခန်းကဏ္ဍကို လျှော့ချပြောဆိုမှုကြောင့် လူထုဒေါသထွက်ပေါ်ခဲ့ပြီးနောက် ဗြိတိန်တပ်ဖွဲ့ဝင်များကို ထရမ့် ချီးကျူးစကားဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 35 Views
CNN- ဇန်နဝါရီ ၂၅၊ ၂၀၂၆ ဝါရှင်တန် ဒီစီ နှင့် လန်ဒန်မြို့ — အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့ဝင်များ၏ ပေးဆပ်မှု များကို လျှော့ချပြောဆိုခဲ့သည့် ၎င်း၏ မှတ်ချက်များအပေါ် လူထုဒေါသ အပြင်းအထန် ထွက်ပေါ်ခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ