နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

ဇူလိုင်လ (၁၄) ရက်။

ရှမ်းမြောက်၊ လောက်ကိုင်ဒေသ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့ ကိုးကန့်တပ်ရဲ့ သတင်းဌာန The Kokang က ရုပ်သံနဲ့ သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇူလိုင်လ (၁၄) ရက်နေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီရဲ့ လေယာဉ်တွေက ဗုံးကျဲချခဲ့ပြီး အဲ့ဒီနောက်ပိုင်း လေယာဉ် ပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ဟွမ်ကျားလိဟွာဟိုတယ်၊ ဖူလီလိုက် ဟိုတယ်အပါအဝင် လောက်ကိုင်မြို့လယ်ရှိ အဆောက်အအုံတွေ ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေ ရှိကြောင်းလည်း သိရှိရပါတယ်။

ရုပ်သံကို ခေတ်မျက်လုံးရဲ့ YouTube ချန်နယ်ရဲ့ အောက်ကလင့်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 10 Views
စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ဇူလိုင်လ (၁၂)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့
မြန်မာသတင်း

အခုနှစ် (၅)လထဲ စစ်ကောင်စီတပ်က ပြည်သူ (၂၉၀၀)နီးပါးအထိ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 21 Views
ဇူလိုင်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်ကောင်စီတပ်က ပြည်သူ (၂၈၇၆)ဦးကို ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database
မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ TNP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 14 Views
ဇူလိုင်လ (၁၂)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNP က ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်ထဲ ‌ပြောဆိုထားပါတယ်။ အဲ့ဒီကြေညာချက်ထဲ
မြန်မာသတင်း

တိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့ရှိ ကျေးရွာ (၇)ရွာက ပြည်သူ (၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ဇူလိုင်လ (၁၂)ရက်။ ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့ကစပြီး စစ်ကိုင်းမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာက ပြည်သူ
မြန်မာသတင်း

ရန်ကုန်မှာ ရွေးကောက်ပွဲကိစ္စ ဆောင်ရွက်နေတဲ့ ကြံ့ခိုင်ရေးရုံး အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးကို အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပက ကြံ့ဖွတ်ရုံးမှာ ရွေးကောက်ပွဲကိစ္စတွေ လုပ်နေတာကြောင့် အဝေးပစ်လောင်ချာ
မြန်မာသတင်း

ဇွန်လထဲ အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၇၀)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 27 Views
ဇူလိုက်လ (၁၁)ရက်။ ပြီးခဲ့တဲ့ ဇွန်လထဲ စစ်ကောင်စီဘက်က လက်နက်ချ၊ အလင်းဝင်၊ ဖမ်းဆီးခံရသူ (၂၇၀)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ အလင်းဝင်လာသူ (၁၁၁)ဦးရှိခဲ့ပြီး တနင်္သာရီ၊ မွန်၊ ရန်ကုန်၊ မကွေး၊
မြန်မာသတင်း

(၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီ လေကြောင်းနဲ့ (၇)ကြိမ် ဗုံးကြဲ၊

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 20 Views
ကလေးငယ်အပါအဝင် ပြည်သူ (၆)ဦးသေဆုံးပြီး (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ဇူလိုင်လ (၁၁)ရက်။ အခု (၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီက လေကြောင်းကနေ (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ
မြန်မာသတင်း

ဝက်လက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 38 Views
ဇူလိုက်လ (၁၁)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က ဝက်လက်မြို့အရှေ့ခြမ်းရှိ ရေလည်မော်ရွာထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ‌မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။ “ ဝက်လက်အရှေ့ခြမ်း ရေလည်မော်ရွာထဲကို စကစက တံတားဦး‌တက်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၁၀၀)ဗုံးသီး (၆)လုံးကြဲတာ။