နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့် ထောက်ခံသူ အင်ဖလူရင်ဇာ လော်ရာလူမာ (Laura Loomer) က ကာမလာဟားရစ် အနိုင်ရပါက အိမ်ဖြူတော်မှာ ဟင်းနံ့တွေ ရလာမှာဖြစ်တယ်လို့ ပြောလို့ ဝေဖန်ခံနေရ

စက်တင်ဘာ (၁၄) ရက်။

ထရန့်ကို ထောက်ခံပြီး ထရန့်အတွက် အလုပ်လုပ်ပေးနေတဲ့ လော်ရာလူမာကို ရီပတ်ဘလစ်ကန်တွေက သူ့ရဲ့မှတ်ချက်တွေအတွက် လူမျိုးရေးခွဲခြားတာဖြစ်တယ်လို့ ဝေဖန်လိုက်ကြပါတယ်။

လက်ယာစွန်း လော်ရာလူမာနဲ့ လက်တွဲပြီး အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ ထရန့်အတွက် ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေကလည်း စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့က လူမာဟာ ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟားရစ် အနိုင်ရခဲ့ပါက “ အိမ်ဖြူတော်ဟာ ကုလားဟင်းနံတွေ ရလာလိမ့်မယ်” လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ X မှာ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တစ်ခုရေးသားခဲ့ပါတယ်။

အဲ့ဒီမှတ်ချက်ဟာ ဟားရစ်တင်ထားတဲ့ အိန္ဒိယနိုင်ငံရှိ ဟားရစ်ရဲ့ အဘိုးအဘွားတွေဆီကို သူမ ငယ်စဉ်ကလေးဘဝက သွားရောက်လည်ပတ်ခဲ့တုန်းက ရိုက်ထားတဲ့ဓာတ်ပုံအတွက် တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

လူမာရဲ့မှတ်ချက်တွေကို ထရန့်ကို ထောက်ခံတဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ် မာဂျိုရီတေလာဂရင်း (Marjorie Taylor Greene) ကလည်း ဝေဖန်ခဲ့ပါတယ်။

QAnon ပူးပေါင်းကြံစည်မှုသီအိုရီရဲ့ နောက်လိုက်တစ်ဦးအဖြစ် လူသိများပြီး အရင်က အာရှနွယ်ဖွားတွေကို ခွဲခြားဆက်ဆံတဲ့ မှတ်ချက်တွေ ချခဲ့ဖူးတဲ့ ဂရင်းက လူမာရဲ့ပို့စ်နဲ့ပတ်သက်ပြီး “ ဒါဟာ လူမျိုးရေးခွဲခြားမှု အရမ်းပြင်းထန်ပါတယ်။ ဒါကို ဘယ်တော့မှ မလုပ်သင့်ပါဘူး။ အဲဒါကို ခွင့်မပြုသင့်ပါဘူး။ ဖျက်သင့်တယ်။” လို့ သူမက လူမာကို ဝေဖန်ခဲ့ပါတယ်။

လက်ယာစွန်း တက်ကြွလှုပ်ရှားသူ လော်ရာလူမာဆိုတာ ဘယ်သူလဲ။

+++++++++++++++++++++++++++++++++++++++

လွန်ခဲ့တဲ့ငါးနှစ်ခန့်က လက်ယာစွန်းရောက် တက်ကြွလှုပ်ရှားသူ လော်ရာလူမာဟာ တစ်ယူသန်အမြင်တွေနဲ့ လူသိရှင်ကြားဖန်တီးနိုင်တဲ့ အရည်အချင်းရှိသူတစ်ဦး ဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာ အသုံးပြုပုံတွေကို နားလည်တဲ့ လက်ယာလွှမ်းမိုးသူတွေရဲ့ မျိုးဆက်တစ်ဆက်ဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နောက်လိုက်ပေါင်း မီလီယံနဲ့ချီပြီးရှိတဲ့ အင်ဖလူရင်ဇာတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီး လက်ယာအစွန်းရောက်သူ တစ်ဦးအဖြစ် နာမည်ကြီးသူတစ်ဦး ဖြစ်ပါတယ်။

လော်ရာလူမာဟာ အရင်က လူမျိုးရေးခွဲခြားမှု၊ လိင်ခွဲခြားမှု၊ လိင်တူချစ်စိတ်နှင့် အစ္စလာမ်မုန်းတီးရေးဆိုင်ရာ မှတ်ချက်ပေါင်းများစွာကို ပြောကြားခဲ့ပြီး သူမဟာ အစ္စလာမ်ကို “ ကင်ဆာ” လို့ ဖော်ပြခဲ့ပါတယ်။

#proudislamophobe” ဆိုတဲ့ အစ္စလာမ်မုန်းတီးရေးဟက်ရှ်တဂ်ကို အသုံးပြုခဲ့ပါတယ်။

သူမရဲ့ မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှု၊ လျှို့ဝှက်လုပ်ဆောင်မှုတွေနဲ့ အင်တာနက် တတ်ကျွမ်းတဲ့ နိုင်ငံရေးစတန့်တွေကြောင့် အင်တာနက်ကို စွဲလမ်းအသုံးပြုသူတွေအကြားမှာ လူသိများတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ လူမာဟာ အခုသီတင်းပတ်မှာ သမ္မတဟောင်းဒေါ်နယ်ထရန့်နဲ့ အတူခရီးထွက်နေပြီး သမ္မတရွေးကောက်ပွဲရဲ့ ဗဟိုချက်မှာ ရှိနေခဲ့ပါတယ်။ ဖီလာဒဲလ်ဖီးယားမှာ ပြုလုပ်ခဲ့တဲ့ သမ္မတ စကားစစ်ထိုးပွဲကိုလည်း သူမဟာ ထရန့်နဲ့ အတူ လိုက်ပါသွားခဲ့ပြီး စက်တင်ဘာလ ၁၁ ရက် နယူးယောက်အောက်မေ့ဖွယ်ပွဲအခမ်းအနားမှာလည်း ထရန့်နဲ့အတူ တွေ့မြင်ခဲ့ရပါတယ်။

ရီပတ်ဘလီကန်ပါတီဝင်တွေက သူမရဲ့ ရိုင်းစိုင်းတဲ့ မှတ်ချက်စကား သမိုင်းကြောင်းကို သတိပြုမိကာ သူမကို ရီပတ်ဘလီကန်တွေက ဝေဖန်ခဲ့ပြီးနောက်တွင် ထရန့်က သူမအား ချီးကျူးခဲ့သော်လည်း နောက်ပိုင်းမှာ သူမရဲ့ ပြောဆိုချက်အချို့ကို သဘောမတူကြောင်း ပြောကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 4 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 8 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့်
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 11 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 13 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN သတင်းဌာန၏ ဖော်ပြချက်အရ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်များ တိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ အရေးကြီးသော အချက်အလက်များကို အောက်ပါအတိုင်း မြန်မာဘာသာ ဖြင့် အနှစ်ချုပ် တင်ပြအပ်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၉ရက် ၁။ တိုက်ခိုက်ခံရသည့် နေရာများ အီရန်နိုင်ငံ ဆောက်ပါး(South Pars) ဓာတ်ငွေ့သိုက် ။ ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ဖြစ်ပြီး အီရန်နှင့် ကာတာနိုင်ငံတို့ ပူးတွဲပိုင်ဆိုင်သည့် နေရာဖြစ်သည်။ ယင်းနေရာကို အစ္စရေးက တိုက်ခိုက်ခဲ့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အားနည်းနေသည့် အီရန်က စစ်ပွဲကို အဘယ်ကြောင့် ဆက်လက်ဆွဲဆန့်ရန် ကြိုးပမ်းနေသနည်း

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် အီရန်နိုင်ငံသည် ၎င်း၏အုပ်ချုပ်ရေးယန္တရားအတွက် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း၊ ဒေသတွင်းအခြေအနေကို မိမိတို့အလိုကျ ပြန်လည်ပုံဖော်ရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်နှင့် အစ္စရေးတို့နှင့်ဖြစ်ပွားနေသော ပဋိပက္ခကို ဆက်လက်