နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့် ထောက်ခံသူ အင်ဖလူရင်ဇာ လော်ရာလူမာ (Laura Loomer) က ကာမလာဟားရစ် အနိုင်ရပါက အိမ်ဖြူတော်မှာ ဟင်းနံ့တွေ ရလာမှာဖြစ်တယ်လို့ ပြောလို့ ဝေဖန်ခံနေရ

စက်တင်ဘာ (၁၄) ရက်။

ထရန့်ကို ထောက်ခံပြီး ထရန့်အတွက် အလုပ်လုပ်ပေးနေတဲ့ လော်ရာလူမာကို ရီပတ်ဘလစ်ကန်တွေက သူ့ရဲ့မှတ်ချက်တွေအတွက် လူမျိုးရေးခွဲခြားတာဖြစ်တယ်လို့ ဝေဖန်လိုက်ကြပါတယ်။

လက်ယာစွန်း လော်ရာလူမာနဲ့ လက်တွဲပြီး အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ ထရန့်အတွက် ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေကလည်း စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့က လူမာဟာ ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟားရစ် အနိုင်ရခဲ့ပါက “အိမ်ဖြူတော်ဟာ ကုလားဟင်းနံတွေ ရလာလိမ့်မယ်” လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ X မှာ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တစ်ခုရေးသားခဲ့ပါတယ်။

အဲ့ဒီမှတ်ချက်ဟာ ဟားရစ်တင်ထားတဲ့ အိန္ဒိယနိုင်ငံရှိ ဟားရစ်ရဲ့ အဘိုးအဘွားတွေဆီကို သူမ ငယ်စဉ်ကလေးဘဝက သွားရောက်လည်ပတ်ခဲ့တုန်းက ရိုက်ထားတဲ့ဓာတ်ပုံအတွက် တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

လူမာရဲ့မှတ်ချက်တွေကို ထရန့်ကို ထောက်ခံတဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ် မာဂျိုရီတေလာဂရင်း (Marjorie Taylor Greene) ကလည်း ဝေဖန်ခဲ့ပါတယ်။

QAnon ပူးပေါင်းကြံစည်မှုသီအိုရီရဲ့ နောက်လိုက်တစ်ဦးအဖြစ် လူသိများပြီး အရင်က အာရှနွယ်ဖွားတွေကို ခွဲခြားဆက်ဆံတဲ့ မှတ်ချက်တွေ ချခဲ့ဖူးတဲ့ ဂရင်းက လူမာရဲ့ပို့စ်နဲ့ပတ်သက်ပြီး “ဒါဟာ လူမျိုးရေးခွဲခြားမှု အရမ်းပြင်းထန်ပါတယ်။ ဒါကို ဘယ်တော့မှ မလုပ်သင့်ပါဘူး။ အဲဒါကို ခွင့်မပြုသင့်ပါဘူး။ ဖျက်သင့်တယ်။” လို့ သူမက လူမာကို ဝေဖန်ခဲ့ပါတယ်။

လက်ယာစွန်း တက်ကြွလှုပ်ရှားသူ လော်ရာလူမာဆိုတာ ဘယ်သူလဲ။

+++++++++++++++++++++++++++++++++++++++

လွန်ခဲ့တဲ့ငါးနှစ်ခန့်က လက်ယာစွန်းရောက် တက်ကြွလှုပ်ရှားသူ လော်ရာလူမာဟာ တစ်ယူသန်အမြင်တွေနဲ့ လူသိရှင်ကြားဖန်တီးနိုင်တဲ့ အရည်အချင်းရှိသူတစ်ဦး ဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာ အသုံးပြုပုံတွေကို နားလည်တဲ့ လက်ယာလွှမ်းမိုးသူတွေရဲ့ မျိုးဆက်တစ်ဆက်ဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နောက်လိုက်ပေါင်း မီလီယံနဲ့ချီပြီးရှိတဲ့ အင်ဖလူရင်ဇာတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီး လက်ယာအစွန်းရောက်သူ တစ်ဦးအဖြစ် နာမည်ကြီးသူတစ်ဦး ဖြစ်ပါတယ်။

လော်ရာလူမာဟာ အရင်က လူမျိုးရေးခွဲခြားမှု၊ လိင်ခွဲခြားမှု၊ လိင်တူချစ်စိတ်နှင့် အစ္စလာမ်မုန်းတီးရေးဆိုင်ရာ မှတ်ချက်ပေါင်းများစွာကို ပြောကြားခဲ့ပြီး သူမဟာ အစ္စလာမ်ကို “ကင်ဆာ” လို့ ဖော်ပြခဲ့ပါတယ်။

#proudislamophobe” ဆိုတဲ့ အစ္စလာမ်မုန်းတီးရေးဟက်ရှ်တဂ်ကို အသုံးပြုခဲ့ပါတယ်။

သူမရဲ့ မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှု၊ လျှို့ဝှက်လုပ်ဆောင်မှုတွေနဲ့ အင်တာနက် တတ်ကျွမ်းတဲ့ နိုင်ငံရေးစတန့်တွေကြောင့် အင်တာနက်ကို စွဲလမ်းအသုံးပြုသူတွေအကြားမှာ လူသိများတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ လူမာဟာ အခုသီတင်းပတ်မှာ သမ္မတဟောင်းဒေါ်နယ်ထရန့်နဲ့ အတူခရီးထွက်နေပြီး သမ္မတရွေးကောက်ပွဲရဲ့ ဗဟိုချက်မှာ ရှိနေခဲ့ပါတယ်။ ဖီလာဒဲလ်ဖီးယားမှာ ပြုလုပ်ခဲ့တဲ့ သမ္မတ စကားစစ်ထိုးပွဲကိုလည်း သူမဟာ ထရန့်နဲ့ အတူ လိုက်ပါသွားခဲ့ပြီး စက်တင်ဘာလ ၁၁ ရက် နယူးယောက်အောက်မေ့ဖွယ်ပွဲအခမ်းအနားမှာလည်း ထရန့်နဲ့အတူ တွေ့မြင်ခဲ့ရပါတယ်။

ရီပတ်ဘလီကန်ပါတီဝင်တွေက သူမရဲ့ ရိုင်းစိုင်းတဲ့ မှတ်ချက်စကား သမိုင်းကြောင်းကို သတိပြုမိကာ သူမကို ရီပတ်ဘလီကန်တွေက ဝေဖန်ခဲ့ပြီးနောက်တွင် ထရန့်က သူမအား ချီးကျူးခဲ့သော်လည်း နောက်ပိုင်းမှာ သူမရဲ့ ပြောဆိုချက်အချို့ကို သဘောမတူကြောင်း ပြောကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက