နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

“ ကူးစ်ခ် (Kursk) စစ်ဆင်ရေးသည် ပုံမှန်ပြန်ဖြစ်လာပါပြီ” ယူကရိန်း၏ ရုရှားကျုးကျော်မှုသည် တတိယလအတွင်း ဝင်ရောက်လာသည်နှင့်အမျှ ပူတင်က ၎င်းအား တွန်းလှန်ရန် ကြိုးစားနေပါသည်။

ရုရှား၏ ကူးစ်ခ် (Kursk) ဒေသသို့ ယူကရိန်းမှ ကျုးကျော် ဝင်ရောက်မှုသည် ယခုအခါ တတိယလသို့ ရောက်ရှိနေပြီဖြစ်ပြီး အခြေချနေထိုင်မှု အများအပြားသည် ယူကရိန်း၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသေးသည်။

အဆိုပါ စစ်ဆင်ရေးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်အတွင်းသို့ နိုင်ငံခြားတပ်များ ပထမဆုံးအကြိမ် ဝင်ရောက်လာနိုင်ခြင်းဖြစ်ပြီး ကရင်မလင်ကို အရှက်ရစေကာ ယူကရိန်းစစ်တပ်သည် ထာဝရ နောက်ကျန်မနေကြောင်း ကမ္ဘာ့နိုင်ငံများကို သက်သေပြခဲ့သည်။

ကိုးပတ်ခန့်အကြာတွင် ယူကရိန်း၏ နယ်မြေသိမ်းတိုးတက်မှုသည် ရပ်တန့်သွားခဲ့ပြီး မကြာသေးမီရက်များအတွင်း နှစ်ဖက်စလုံးမှ ကြီးကြီးမားမား တန်ပြန်တိုက်ခိုက်မှုများ မလုပ်နိုင်ခဲ့ပေ။

အဆုံးသတ်စစ်ပွဲတွင် မည်သို့ဖြစ်လာမည်မှာ မရေရာပါ။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကျုးကျော်မှု တစ်ခုလုံးကို တန်ပြန်တိုက်ခိုက်ခြေမှုန်းရန်နှင့် ရုရှား၏ စစ်ယန္တရားအား အကန့်အသတ်ဖြင့် အသုံးပြုရန် ကြိုးစားနေချိန်တွင် ကိ့ဗ်သည် ၎င်း၏ကနဦးအရှိန်အဟုန်ကို အသုံးပြု၍ မိမိတပ်ဖွဲ့များကို စိတ်ဓါတ်တက်ကြွလာစေရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရသည်။

မြေပြင်ရှိ နောက်ဆုံးအခြေအနေ။

ဝါရှင်တန်ဒီစီရှိ ပညာရှင် အကြံပေးအင်စတီကျု (ISW) ၏ နောက်ဆုံးအကဲဖြတ်ချက်အရ ယူကရိန်းသည် ၇၈၆ စတုရန်းကီလိုမီတာ (၃၀၀ စတုရန်းမိုင်) ကျယ်ဝန်းသော ကူးစ်ခ် (Kursk) ဒေသတွင် ခြေကုပ်ယူထားသည်။

“ ရုရှားတိုးတက်မှုတွေက ကျွန်တော်တို့ရဲ့ ခြေကုပ်ယူထားတဲ့ အစွန်အဖျားတွေနားမှာပဲ များပါတယ်” ဟု ကူးစ်ခ် (Kursk), ဒူမစ်တရို (Dmytro) အတွင်းရှိ ယူကရိန်းတပ်ရင်းမှ ခိုလော့ (“Kholod”) ဆိုသည့် သင်္ကေတအမည်ဖြင့် ခေါ်သည့် တပ်မှူးတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် CNN သို့ ပြောကြားခဲ့ရာတွင် “သူတို့ (ရုရှားတွေ) က ဆက်ပြီး ရှေ့တိုးလာနိုင်အောင် ကြိုးစားပေမယ့် အသက်တွေ အများကြီးပေးဆပ်နေရတယ်၊ ရွာထဲက လမ်းတစ်နေရာကို သူတို့ ရအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒါက နှစ်ဖက်လုံးအသွားအပြန် ရှိနေတယ်။ ငါတို့ကလည်း တန်ပြန်တိုက်ခိုက်ပြီး သူတို့ကို နောက်ပြန်တွန်းထုတ်ပစ်တယ်”ဟု ဆိုပါသည်။

ယူကရိန်း၏ အဓိကခြေကုပ်စခန်းသည် ရုရှားမြို့ ဆုဂျာ (Sudzha) အနီးတွင်ရှိပြီး ၎င်း၏စစ်တပ်သည် ဗီဆယ်လို (Veseloe) ရွာတစ်ဝိုက်တွင် ဒုတိယခြေကုပ်စခန်းတစ်ခုကို ထူထောင်ရန် ကြိုးပမ်းနေသည်။ ယူကရိန်းသည် ယင်းဒေသသို့ တပ်ဖွဲ့ဝင် မည်မျှ စေလွှတ်ထားသည်ကို ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

ကူးစ်ခ် (Kursk) တွင် ခုခံကာကွယ်ရန် နှင့် တန်ပြန်တိုက်ခိုက်ရန် တပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့်ကို ရုရှားက လုံလောက်စွာ တပ်ဖြန့်ပို့ထားသော်လည်း လေ့လာသူ မတ်ခ် ဂါလီယိုတီ (Mark Galeotti) က ကနဦး တပ်ဖွဲ့အား “ ရှာဖွေနိုင်သမျှ နေရာတိုင်းမှ ဆွဲယူစုဆောင်းခဲ့ခြင်းဖြစ်သည်” ဟု ဆိုသည်။ ရုရှားသည်အရန်စစ်သည်များနှင့် စစ်သားစုဆောင်းခြင်းမှ ရရှိသောသူများကို စုထားသည့် တပ်များကို အသုံးပြုလျက် ရှိကြောင်း‌ ပြောကြားခဲ့သည်။

“ ဒါဟာ သေးငယ်တဲ့ အပြောင်းအလဲကို လုပ်ဖို့ မင်းရဲ့ ဆိုဖာကူရှင်တွေ ပတ်လည်မှာ ရှာဖွေနေခြင်းနဲ့ တူနေပါတယ်” ဟု Royal United Services Institute (RUSI) မှ အကြီးတန်း တွဲဖက် လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ ဂါလီယိုတီက CNN သို့ ပြောကြားခဲ့သည်။

မော်စကိုသည် နောက်ပိုင်းတွင် အတွေ့အကြုံရှိသော တပ်ဖွဲ့များကို ပိုမိုပေးပို့ထားသော်လည်း ကူးစ်ခ် (Kursk) တွင် လိုချင်သလောက် အရင်းအမြစ်အဖြစ် စုဆောင်းနိုင်သော ရုရှားအရပ်သားများ များများစားစား မရှိပါ။

အဆိုပါဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အရပ်သားတစ်သိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့ပြီး အခြားအများအပြားမှာ ယူကရိန်းသိမ်းပိုက်ထားမှုလိုင်းနောက်တွင် နေထိုင်နေကြကြောင်း တွေ့ရှိရသည်။

“ အချိန်ကြာလာသည်နှင့်အမျှ ကူးစ်ခ် (Kursk) စစ်ဆင်ရေးသည် ပုံမှန်ဖြစ်လာပါတယ်” ဟု ဂါလီယိုတီ မှ ပြောကြားခဲ့သည်။ “ ရုရှားတွေက ဒီအခြေအနေကို လက်ခံဖို့ လာနေပြီလို့ ငါတို့ မယူဆသင့်ဘူး။ ပူတင်က ဘယ်လိုလုပ်မယ်ဆိုတာကို စီမံဖို့ ရွှေ့ဆိုင်းဖို့ ခဲ့တယ်၊ ဒါပေမယ့် လုံးလုံးလျားလျား လျှော့ပေါ့လို့တော့ မရဘူး။”

ရုရှားရဲ့ တုံ့ပြန်မှုက ဘာကြောင့် ပိုပြင်းထန်မလာတာလဲ။

ရုရှားသည် ကူးစ်ခ် (Kursk) ကို တိုက်ခိုက်ရန်အတွက် ယူကရိန်းကို အပြည့်အ၀ ကျူးကျော် ဝင်ရောက်သိမ်းပိုက်ထားသည့် အခြားအရေးကြီးနေရာရှေ့တန်းမှ တပ်အရင်းအမြစ်များကို ကူးစ်ခ် (Kursk) ဒေသသို့ လမ်းကြောင်းလွှဲပေးပို့ရခြင်းမှ ရှောင်ရှားနိုင်ရန် ကြိုးပမ်းနေသည်။

ကျုးကျော်ဝင်ရောက်မှုသည် အစပိုင်းတွင် အစိုးရနှင့် သာမန်ရုရှားများအတွက် တုန်လှုပ် ခြောက်ခြားစရာဖြစ်ခဲ့သော်လည်း “ ကရင်မလင်သည် ယင်းရှုံးနိမ့်မှုကို အရေးမကြီးသည့် သဘောဟန်ဆောင်ခဲ့သည်” ဟု Chatham House ၏ ရုရှားနှင့် ယူ​ရေးရှား အစီအစဉ်မှ တွဲဖက်လုပ်ဖော်ကိုင်ဖက် ဂျွန်လော့ခ် (John Lough) က ပြောကြားခဲ့သည်။ “ ပြည်သူလူထုကို အာရုံပြောင်းသည့် ဗျူဟာချပြီး ဘာမှအရေးမကြီးသည့် အမူအရာြပထားခဲ့သော်လည်း ရုရှားအတွက် ကြီးမားသော အရှက်ရစရာကြီး ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပါ။

ပူတင်အစိုးရက ၎င်းအား စီးနင်းတိုက်ခိုက်ခြင်းဟု သတ်မှတ်ပြီး ၎င်းတို့၏ တန်ပြန်တိုက်ခိုက်မှုကို အကြမ်းဖက်မှု တန်ပြန်ရေးမစ်ရှင်အဖြစ်ပင် လျှော့ချဖော်ပြထားသည်။

ရုရှားစစ်ဘက်ဘလော့ဂါတစ်ဦးက “ ရုရှားစစ်သားအများစုသည် ကူးစ်ခ် (Kursk) အနီးတိုက်ပွဲများတွင် ပါဝင်နေကြပြီဖြစ်သည်။ ကူးစ်ခ် (Kursk) ဒေသနှင့် ဘာမှမဆိုင်သောသူများသည် ဖြစ်ပျက်နေသည့် အရာကို စိတ်ဝင်စားမှုနည်းပါးကြသည်” ဟု ရုရှားစစ်တပ်ဘလော့ဂါတစ်ဦးက ပြတ်ပြတ် သားသားပြောဆိုခဲ့သည်။

ရှေ့တန်းများသည် အနည်းငယ်မျှသာ ရွေ့လျားနေသော်လည်း တိုက်ပွဲများ ပြင်းထန်လာကာ ရုရှားတပ်ဖွဲ့ဝင်များသည် မောင်းသူမဲ့ လေယာဉ်အများအပြား၊ အမြောက်များနှင့် ဝေဟင်ဗုံးကြဲ လေယာဉ်များ အများအပြား စေလွှတ်ထားကြောင်း ယူကရိန်းတပ်မှူးက ဆိုသည်။

“ကျွန်တော်တို့မှာ တပ်တွေရှိတယ်လို့ ယူဆရင် သစ်ပင်ကြိုးတန်းပေါ် ဗုံးချဖို့ တွန့်ဆုတ်မနေပါဘူး” ဟု ယူကရိန်း တပ်ရင်းမှူး ခိုလော့ (Kholod) က ပြောသည်။ ယခုအခါ ရုရှားသည် အင်အားကြီးသော တပ်ဖွဲ့များနှင့် တိုက်ခိုက်ရေးတပ်မဟာများကို ကူးစ်ခ် (Kursk) တွင် တိုက်ခိုက်နေသည့် နေရာသို့ စေလွှတ်ထားပြီး ရုရှား၏တန်ပြန်တိုက်ခိုက်မှုသည် ယူကရိန်း၏ ဒရုန်းနှင့် မိုင်းဗုံးများကြောင့် ဆုတ်ခွာသွားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ယူကရိန်း ဘာတွေ အောင်မြင်ခဲ့လဲ။

ကူးစ်ခ် (Kursk) သို့ ကျူးကျော်ဝင်ရောက်ခြင်းသည် ယူကရိန်းကို သိမ်းပိုက်ထားနိုင်မှုအရ အနိုင်ရစေခြင်း အပါအဝင် ရည်မှန်းချက်များစွာ ရှိနိုင်သည်ဟု လေ့လာသူများက ဆိုသည်။

“ သူတို့ရဲ့ ရည်ရွယ်ချက်က ရုရှားတွေကို သူတို့က တိုက်ခိုက်နိုင် စွမ်းအားရှိတယ် ရုရှားတွေဟာ ထင်သလောက် မကြံခိုင်ဘူး သူတို့မှာ အားနည်းချက်တွေရှိတယ် အသုံးချနိုင်တဲ့ အကန့်အသတ်တွေ ရှိနေကြောင်း ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေကို ပြသဖို့ပါပဲ” ဟု ဂျွန်လော့ခ်က ပြောကြားခဲ့ပြီး ကျုးကျော်ဝင်ရောက်မှုသည် “ ရုရှား၏ သူမြေကို ကျူးကျော်၍ မရနိုင်ဆိုသည့် အနီရောင်မျဉ်းများသည် ဟန်ဆေင်ထားသော ဝေါဟာရအသုံးအနှုန်းများကို မီးမောင်းထိုးပြခြင်းဖြစ်သည်” ဟု ဂျွန်လော့ခ်က ပြောကြားခဲ့သည်။

၎င်းသည် ယူကရိန်းနိုင်ငံသားများအတွက် စိတ်ဓာတ်မြှင့်တင်ပေးသည်။ အသေအပျောက်များပြီး ခက်ခဲသောစစ်ဆင်ရေးများကြားတွင် ရုရှားနိုင်ငံမှ ၎င်း၏အခြားနိုင်ငံကိုကျူးကျော်ခြင်းအတွက်ခံစားရသည့် ကိုယ်ပိုင်ဆေးကို မြည်းစမ်းကြည့်စေခြင်းသည် တိုက်ပွဲဝင်ရကျိုးနပ်ကြောင်း စက်တင်ဘာလတွင် CNN နှင့် စကားပြောဆိုခဲ့သော စစ်သားအများအပြားက ပြောကြားခဲ့သည်။

Source: CNN

Kursk ကို အင်္ဂလိပ်အသံထွက်မဟုတ်ဘဲ ရုရှားအသံထွက်ဖြင့် ကူးစ်ခ် ဟု ရေးသားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 26 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup
ဂျာမဏီ နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ နောက်ဆုံးရအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 24 Views
AFPသတင်း- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် ဟော်မုဇ်ရေလက်ကြားအရေး ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်ကို မက်ခရွန် မျှော်လင့်နေခဲ့ လက်ရှိ အပြန်အလှန် ပစ်ခတ်မှုများ ပြီးဆုံးသွားပါက ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံစေရန်အတွက် ကုလသမဂ္ဂဆိုင်ရာ မူဘောင်တစ်ရပ် ချမှတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ
ဂျပန် နိုင်ငံတကာသတင်း အမေရိကန်

ဂျပန်ဝန်ကြီးချုပ်က အီရန်အရေးနှင့်ပတ်သက်၍ ထရန့်ကို စိတ်ကျေနပ်အောင် ဖျောင်းဖျနိုင်ခဲ့သော်လည်း ပုလဲဆိပ်ကမ်း (Pearl Harbor)အကြောင်းနှင့် အံ့အားသင့် ဖွယ်ရာနှင့် ရင်ဆိုင်ခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 22 Views
AFP- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် ဂျပန်ဝန်ကြီးချုပ် စာနာအေ တာကာအီချီ (Sanae Takaichi) သည် ကြာသပတေးနေ့က အီရန်အရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်နှင့် ဖြစ်ပွားနိုင်ခြေရှိသော ထိပ်တိုက်တွေ့ဆုံမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း၊
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

စစ်မီးများ ကူးစက်ပျံ့နှံ့နေကြောင်း တရုတ်က သတိပေး၊ သို့သော် ရှီ-ထရမ့် တွေ့ဆုံပွဲကို ကြိုဆိုသည့် အရိပ်အယောင်ပြသ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက် ပေကျင်း/ဟောင်ကောင် — အီရန်တွင် စစ်ပွဲများ ပြင်းထန်နေစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်း သံတမန်က မိမိတို့နိုင်ငံကို ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်သူအဖြစ် ပုံဖော်ခဲ့ပြီး၊