နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

“ကူးစ်ခ် (Kursk) စစ်ဆင်ရေးသည် ပုံမှန်ပြန်ဖြစ်လာပါပြီ” ယူကရိန်း၏ ရုရှားကျုးကျော်မှုသည် တတိယလအတွင်း ဝင်ရောက်လာသည်နှင့်အမျှ ပူတင်က ၎င်းအား တွန်းလှန်ရန် ကြိုးစားနေပါသည်။

ရုရှား၏ ကူးစ်ခ် (Kursk) ဒေသသို့ ယူကရိန်းမှ ကျုးကျော် ဝင်ရောက်မှုသည် ယခုအခါ တတိယလသို့ ရောက်ရှိနေပြီဖြစ်ပြီး အခြေချနေထိုင်မှု အများအပြားသည် ယူကရိန်း၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသေးသည်။

အဆိုပါ စစ်ဆင်ရေးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်အတွင်းသို့ နိုင်ငံခြားတပ်များ ပထမဆုံးအကြိမ် ဝင်ရောက်လာနိုင်ခြင်းဖြစ်ပြီး ကရင်မလင်ကို အရှက်ရစေကာ ယူကရိန်းစစ်တပ်သည် ထာဝရ နောက်ကျန်မနေကြောင်း ကမ္ဘာ့နိုင်ငံများကို သက်သေပြခဲ့သည်။

ကိုးပတ်ခန့်အကြာတွင် ယူကရိန်း၏ နယ်မြေသိမ်းတိုးတက်မှုသည် ရပ်တန့်သွားခဲ့ပြီး မကြာသေးမီရက်များအတွင်း နှစ်ဖက်စလုံးမှ ကြီးကြီးမားမား တန်ပြန်တိုက်ခိုက်မှုများ မလုပ်နိုင်ခဲ့ပေ။

အဆုံးသတ်စစ်ပွဲတွင် မည်သို့ဖြစ်လာမည်မှာ မရေရာပါ။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကျုးကျော်မှု တစ်ခုလုံးကို တန်ပြန်တိုက်ခိုက်ခြေမှုန်းရန်နှင့် ရုရှား၏ စစ်ယန္တရားအား အကန့်အသတ်ဖြင့် အသုံးပြုရန် ကြိုးစားနေချိန်တွင် ကိ့ဗ်သည် ၎င်း၏ကနဦးအရှိန်အဟုန်ကို အသုံးပြု၍ မိမိတပ်ဖွဲ့များကို စိတ်ဓါတ်တက်ကြွလာစေရန် ကြိုးပမ်းနေသည်ဟု ယုံကြည်ရသည်။

မြေပြင်ရှိ နောက်ဆုံးအခြေအနေ။

ဝါရှင်တန်ဒီစီရှိ ပညာရှင် အကြံပေးအင်စတီကျု (ISW) ၏ နောက်ဆုံးအကဲဖြတ်ချက်အရ ယူကရိန်းသည် ၇၈၆ စတုရန်းကီလိုမီတာ (၃၀၀ စတုရန်းမိုင်) ကျယ်ဝန်းသော ကူးစ်ခ် (Kursk) ဒေသတွင် ခြေကုပ်ယူထားသည်။

“ရုရှားတိုးတက်မှုတွေက ကျွန်တော်တို့ရဲ့ ခြေကုပ်ယူထားတဲ့ အစွန်အဖျားတွေနားမှာပဲ များပါတယ်” ဟု ကူးစ်ခ် (Kursk), ဒူမစ်တရို (Dmytro) အတွင်းရှိ ယူကရိန်းတပ်ရင်းမှ ခိုလော့ (“Kholod”) ဆိုသည့် သင်္ကေတအမည်ဖြင့် ခေါ်သည့် တပ်မှူးတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် CNN သို့ ပြောကြားခဲ့ရာတွင် “သူတို့ (ရုရှားတွေ) က ဆက်ပြီး ရှေ့တိုးလာနိုင်အောင် ကြိုးစားပေမယ့် အသက်တွေ အများကြီးပေးဆပ်နေရတယ်၊ ရွာထဲက လမ်းတစ်နေရာကို သူတို့ ရအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒါက နှစ်ဖက်လုံးအသွားအပြန် ရှိနေတယ်။ ငါတို့ကလည်း တန်ပြန်တိုက်ခိုက်ပြီး သူတို့ကို နောက်ပြန်တွန်းထုတ်ပစ်တယ်”ဟု ဆိုပါသည်။

ယူကရိန်း၏ အဓိကခြေကုပ်စခန်းသည် ရုရှားမြို့ ဆုဂျာ (Sudzha) အနီးတွင်ရှိပြီး ၎င်း၏စစ်တပ်သည် ဗီဆယ်လို (Veseloe) ရွာတစ်ဝိုက်တွင် ဒုတိယခြေကုပ်စခန်းတစ်ခုကို ထူထောင်ရန် ကြိုးပမ်းနေသည်။ ယူကရိန်းသည် ယင်းဒေသသို့ တပ်ဖွဲ့ဝင် မည်မျှ စေလွှတ်ထားသည်ကို ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

ကူးစ်ခ် (Kursk) တွင် ခုခံကာကွယ်ရန် နှင့် တန်ပြန်တိုက်ခိုက်ရန် တပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့်ကို ရုရှားက လုံလောက်စွာ တပ်ဖြန့်ပို့ထားသော်လည်း လေ့လာသူ မတ်ခ် ဂါလီယိုတီ (Mark Galeotti) က ကနဦး တပ်ဖွဲ့အား “ရှာဖွေနိုင်သမျှ နေရာတိုင်းမှ ဆွဲယူစုဆောင်းခဲ့ခြင်းဖြစ်သည်” ဟု ဆိုသည်။ ရုရှားသည်အရန်စစ်သည်များနှင့် စစ်သားစုဆောင်းခြင်းမှ ရရှိသောသူများကို စုထားသည့် တပ်များကို အသုံးပြုလျက် ရှိကြောင်း‌ ပြောကြားခဲ့သည်။

“ဒါဟာ သေးငယ်တဲ့ အပြောင်းအလဲကို လုပ်ဖို့ မင်းရဲ့ ဆိုဖာကူရှင်တွေ ပတ်လည်မှာ ရှာဖွေနေခြင်းနဲ့ တူနေပါတယ်” ဟု Royal United Services Institute (RUSI) မှ အကြီးတန်း တွဲဖက် လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ ဂါလီယိုတီက CNN သို့ ပြောကြားခဲ့သည်။

မော်စကိုသည် နောက်ပိုင်းတွင် အတွေ့အကြုံရှိသော တပ်ဖွဲ့များကို ပိုမိုပေးပို့ထားသော်လည်း ကူးစ်ခ် (Kursk) တွင် လိုချင်သလောက် အရင်းအမြစ်အဖြစ် စုဆောင်းနိုင်သော ရုရှားအရပ်သားများ များများစားစား မရှိပါ။

အဆိုပါဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အရပ်သားတစ်သိန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့ပြီး အခြားအများအပြားမှာ ယူကရိန်းသိမ်းပိုက်ထားမှုလိုင်းနောက်တွင် နေထိုင်နေကြကြောင်း တွေ့ရှိရသည်။

“အချိန်ကြာလာသည်နှင့်အမျှ ကူးစ်ခ် (Kursk) စစ်ဆင်ရေးသည် ပုံမှန်ဖြစ်လာပါတယ်” ဟု ဂါလီယိုတီ မှ ပြောကြားခဲ့သည်။ “ရုရှားတွေက ဒီအခြေအနေကို လက်ခံဖို့ လာနေပြီလို့ ငါတို့ မယူဆသင့်ဘူး။ ပူတင်က ဘယ်လိုလုပ်မယ်ဆိုတာကို စီမံဖို့ ရွှေ့ဆိုင်းဖို့ ခဲ့တယ်၊ ဒါပေမယ့် လုံးလုံးလျားလျား လျှော့ပေါ့လို့တော့ မရဘူး။”

ရုရှားရဲ့ တုံ့ပြန်မှုက ဘာကြောင့် ပိုပြင်းထန်မလာတာလဲ။

ရုရှားသည် ကူးစ်ခ် (Kursk) ကို တိုက်ခိုက်ရန်အတွက် ယူကရိန်းကို အပြည့်အ၀ ကျူးကျော် ဝင်ရောက်သိမ်းပိုက်ထားသည့် အခြားအရေးကြီးနေရာရှေ့တန်းမှ တပ်အရင်းအမြစ်များကို ကူးစ်ခ် (Kursk) ဒေသသို့ လမ်းကြောင်းလွှဲပေးပို့ရခြင်းမှ ရှောင်ရှားနိုင်ရန် ကြိုးပမ်းနေသည်။

ကျုးကျော်ဝင်ရောက်မှုသည် အစပိုင်းတွင် အစိုးရနှင့် သာမန်ရုရှားများအတွက် တုန်လှုပ် ခြောက်ခြားစရာဖြစ်ခဲ့သော်လည်း “ကရင်မလင်သည် ယင်းရှုံးနိမ့်မှုကို အရေးမကြီးသည့် သဘောဟန်ဆောင်ခဲ့သည်” ဟု Chatham House ၏ ရုရှားနှင့် ယူ​ရေးရှား အစီအစဉ်မှ တွဲဖက်လုပ်ဖော်ကိုင်ဖက် ဂျွန်လော့ခ် (John Lough) က ပြောကြားခဲ့သည်။ “ပြည်သူလူထုကို အာရုံပြောင်းသည့် ဗျူဟာချပြီး ဘာမှအရေးမကြီးသည့် အမူအရာြပထားခဲ့သော်လည်း ရုရှားအတွက် ကြီးမားသော အရှက်ရစရာကြီး ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပါ။

ပူတင်အစိုးရက ၎င်းအား စီးနင်းတိုက်ခိုက်ခြင်းဟု သတ်မှတ်ပြီး ၎င်းတို့၏ တန်ပြန်တိုက်ခိုက်မှုကို အကြမ်းဖက်မှု တန်ပြန်ရေးမစ်ရှင်အဖြစ်ပင် လျှော့ချဖော်ပြထားသည်။

ရုရှားစစ်ဘက်ဘလော့ဂါတစ်ဦးက “ရုရှားစစ်သားအများစုသည် ကူးစ်ခ် (Kursk) အနီးတိုက်ပွဲများတွင် ပါဝင်နေကြပြီဖြစ်သည်။ ကူးစ်ခ် (Kursk) ဒေသနှင့် ဘာမှမဆိုင်သောသူများသည် ဖြစ်ပျက်နေသည့် အရာကို စိတ်ဝင်စားမှုနည်းပါးကြသည်” ဟု ရုရှားစစ်တပ်ဘလော့ဂါတစ်ဦးက ပြတ်ပြတ် သားသားပြောဆိုခဲ့သည်။

ရှေ့တန်းများသည် အနည်းငယ်မျှသာ ရွေ့လျားနေသော်လည်း တိုက်ပွဲများ ပြင်းထန်လာကာ ရုရှားတပ်ဖွဲ့ဝင်များသည် မောင်းသူမဲ့ လေယာဉ်အများအပြား၊ အမြောက်များနှင့် ဝေဟင်ဗုံးကြဲ လေယာဉ်များ အများအပြား စေလွှတ်ထားကြောင်း ယူကရိန်းတပ်မှူးက ဆိုသည်။

“ကျွန်တော်တို့မှာ တပ်တွေရှိတယ်လို့ ယူဆရင် သစ်ပင်ကြိုးတန်းပေါ် ဗုံးချဖို့ တွန့်ဆုတ်မနေပါဘူး” ဟု ယူကရိန်း တပ်ရင်းမှူး ခိုလော့ (Kholod) က ပြောသည်။ ယခုအခါ ရုရှားသည် အင်အားကြီးသော တပ်ဖွဲ့များနှင့် တိုက်ခိုက်ရေးတပ်မဟာများကို ကူးစ်ခ် (Kursk) တွင် တိုက်ခိုက်နေသည့် နေရာသို့ စေလွှတ်ထားပြီး ရုရှား၏တန်ပြန်တိုက်ခိုက်မှုသည် ယူကရိန်း၏ ဒရုန်းနှင့် မိုင်းဗုံးများကြောင့် ဆုတ်ခွာသွားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ယူကရိန်း ဘာတွေ အောင်မြင်ခဲ့လဲ။

ကူးစ်ခ် (Kursk) သို့ ကျူးကျော်ဝင်ရောက်ခြင်းသည် ယူကရိန်းကို သိမ်းပိုက်ထားနိုင်မှုအရ အနိုင်ရစေခြင်း အပါအဝင် ရည်မှန်းချက်များစွာ ရှိနိုင်သည်ဟု လေ့လာသူများက ဆိုသည်။

“သူတို့ရဲ့ ရည်ရွယ်ချက်က ရုရှားတွေကို သူတို့က တိုက်ခိုက်နိုင် စွမ်းအားရှိတယ် ရုရှားတွေဟာ ထင်သလောက် မကြံခိုင်ဘူး သူတို့မှာ အားနည်းချက်တွေရှိတယ် အသုံးချနိုင်တဲ့ အကန့်အသတ်တွေ ရှိနေကြောင်း ယူကရိန်းရဲ့ အနောက်မဟာမိတ်တွေကို ပြသဖို့ပါပဲ” ဟု ဂျွန်လော့ခ်က ပြောကြားခဲ့ပြီး ကျုးကျော်ဝင်ရောက်မှုသည် “ရုရှား၏ သူမြေကို ကျူးကျော်၍ မရနိုင်ဆိုသည့် အနီရောင်မျဉ်းများသည် ဟန်ဆေင်ထားသော ဝေါဟာရအသုံးအနှုန်းများကို မီးမောင်းထိုးပြခြင်းဖြစ်သည်” ဟု ဂျွန်လော့ခ်က ပြောကြားခဲ့သည်။

၎င်းသည် ယူကရိန်းနိုင်ငံသားများအတွက် စိတ်ဓာတ်မြှင့်တင်ပေးသည်။ အသေအပျောက်များပြီး ခက်ခဲသောစစ်ဆင်ရေးများကြားတွင် ရုရှားနိုင်ငံမှ ၎င်း၏အခြားနိုင်ငံကိုကျူးကျော်ခြင်းအတွက်ခံစားရသည့် ကိုယ်ပိုင်ဆေးကို မြည်းစမ်းကြည့်စေခြင်းသည် တိုက်ပွဲဝင်ရကျိုးနပ်ကြောင်း စက်တင်ဘာလတွင် CNN နှင့် စကားပြောဆိုခဲ့သော စစ်သားအများအပြားက ပြောကြားခဲ့သည်။

Source: CNN

Kursk ကို အင်္ဂလိပ်အသံထွက်မဟုတ်ဘဲ ရုရှားအသံထွက်ဖြင့် ကူးစ်ခ် ဟု ရေးသားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက