နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 25 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား (၂၀၀)ကျော်ကို မတရားဖမ်းဆီးထား

နိုဝင်ဘာလ (၁၄)ရက်။

နိုဝင်ဘာလ (၁၁)ရက်နေ့က ရှမ်းတောင်ပိုင်း ဖယ်ခုံမြို့မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား (၂၀၀)ကျော်ကို မတရားဖမ်းဆီးထားတယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဖယ်ခုံမြို့ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့ အရပ်သားပြည်သူ (၂၀၀)ကျော်ကို ပင်လောင်း-ဖယ်ခုံမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က မတရားဖမ်းဆီးသွားတာကို ရှေ့တန်းမြေပြင်သတင်းပို့ချက်တွေအရ သိရပါတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ အရပ်သား (၂၀၀)ကျော်ကို စစ်ကောင်စီက ပင်လောင်းမြို့ရှိ အားကစားရုံထဲ ဖမ်းဆီးထားကာ ဖမ်းဆီးခံရသူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာနဲ့ အမျိုးသား၊ အမျိုးသမီး ဘယ်နှစ်ဦးပါဝင်တယ်ဆိုတာ စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဖယ်ခုံမြို့နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပင်လောင်း-ဖယ်ခုံကြားရှိ နမ့်ဖာမူ၊ ပင်စုံ၊ လွိုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်ကျေးရွာတွေနဲ့ ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တွေကို ဖောက်ထွင်းလုယက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ အကြိမ်ရေ (၁၀၀)မက တိုက်ခိုက်ခဲ့သလို တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကိုလဲ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အခု နိုဝင်ဘာလထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာနဲ့ ဒရုန်းနဲ့ တိုက်ခိုက်တာတို့ကြောင့် (၈)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား (၆)ဦး သေဆုံးခဲ့ပြီး (၅)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KNU က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က ပြည်သူတွေကို စစ်ရှောင်ခိုင်း

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 9 Views
ဧပြီလ (၂၄) ရက်။ မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ ဒုတိယလှိုင်း စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိလိုက်တဲ့လာရှိုးမြို့ကနေ တရုတ်ရဲ့ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်တွေ ပြန်လည် ဆုတ်ခွာရချိန်မှာ
မြန်မာသတင်း

ဘုရားသုံးဆူက ကျားဖျံတွေ ဘယ်ရောက်ကုန်လဲ?

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 13 Views
၂၀၂၅ခုနှစ်၊ ဧပြီလ ၂၄ရက်။ မြဝတီရွှေကုက္ကိုနဲ့ ကေကေပတ်က ကျားဖျံတွေ သူတို့လုပ်ရပ်တွေကို ကမ္ဘာက သိလာပြီး အထူးအဖြင့် တရုတ်နိုင်ငံရဲ့ ဖိအားတွေ
မြန်မာသတင်း

ရေစကြိုရှိ ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 24 ရက်
  • 21 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၁)ရက်နေ့ကစပြီး ရေစကြိုမြို့နယ် ဗလဘရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဧပြီလ ၂၁ ရက်နေ့က စခတွေက ကြူရွာကနေ
မြန်မာသတင်း အယ်ဒီတာ့အာဘော်

လားရှိုး ပြန်ရတာ ဂုဏ်ယူစရာလား။

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 25 Views
ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် စစ်ကောင်စီက စစ်ရှုံးလာတဲ့အခါ တရုတ်အားကိုးနဲ့ ဖိအားတွေပေးပြီး MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ခိုင်းလို့ ဆုတ်ပေးလိုက်ရတယ်။ မင်းအောင်လှိုင်တပ်တွေက ပြန်တိုက်မယူရဘဲနဲ့ လားရှိုးမြို့ကိုပြန်ရတယ်။ ဒီလိုပြန်ရတာ ကိုယ့်စစ်တပ်ရဲ့တိုက်ရည် ခိုက်ရည်ကြောင့် မဟုတ်ဘဲ တရုတ်အားကိုးနဲ့ပြန်ရတာကြောင့် ဂုဏ်ယူစရာထက် ရှက်စရာကောင်းသလို
မြန်မာသတင်း

ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်တာလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 25 Views
ဧပြီလ (၂၃)ရက်။ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ပူးတွဲဖိတ်ကြားတာကြောင့် အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ကို စေလွှတ်တာလို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mr. Guo Jiakun က မနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့ကို တရုတ်ဘက်က အပစ်ရပ်စောင့်ကြည့်တဲ့အဖွဲ့ စေလွှတ်ခဲ့တာနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 18 Views
ဧပြီလ (၂၃)ရက်။ ဧပြီလ (၂၀)ရက်နေ့ ညနေ (၄)နာရီခွဲအချိန်က ဆောထိမြို့နယ်ထဲ စစ်ကောင်စီရဲ့ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ (၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 18 Views
ဧပြီလ (၂၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲကျော်အချိန်က ဒီပဲယင်းမြို့နယ် လက်လှုပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်တွေထံက သိရပါတယ်။ “ ဒီပဲယင်းနယ် အရှေ့တောင်ခြမ်း လက်လှုပ်ရွာကို အကြမ်းဖက်မင်းအောင်လှိုင်ကျွန်တွေက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဝေဟင်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ထားတဲ့ သဘောထားကို သုံးသပ်ကြဖို့ နိုင်ငံတကာကို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 17 Views
ဧပြီလ (၂၃)ရက်။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို ဆန်းစစ်သုံးသပ်ဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လဲ