နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ တော်လှန်ရေးရဲဘော် (၄)ဦး ဒဏ်ရာရရှိခဲ့

ဒီဇင်ဘာလ (၁၃)ရက်။

မနေ့က နေ့လယ် (၃)နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းရှိ မိုင်တိုင် (၃၁၉)က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတိပြန်ထားချက်အရ သိရပါတယ်။

“ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာရှိတဲ့ မိုင်တိုင်(၃၁၉)မှာ တပ်စွဲအထိုင်ချပြီး စစ်ဆေးရေးလုပ်နေတဲ့ စခတွေကို ဝေဟင်ကနေ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး မြေပြင်ကနေလဲ ဝင်ရောက်ပစ်ခတ်ခဲ့တာပါ” လို့ ဆိုပါတယ်။

မိုင်တိုင်(၃၁၉)မှာ အထိုင်ချစစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ကို Shar Htoo Waw Fixed Wing နည်းပညာနဲ့ (၅)ကြိမ်၊ ဒရုန်းနဲ့ ဗုံးသီး(၂)လုံးနဲ့ ကြဲချခဲ့ကာ မြေပြင်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲဟာ အချိန် (၁)နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ဘန်ကာအနီးအထိ တိုက်ခိုက်နိုင်ခဲ့ရာ စစ်ကူတွေ ရောက်ရှိလာတာကြောင့် အပြီးသတ်မသိမ်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို Natogyi-PDF မြင်းခြံခရိုင်အမှတ်(၄-၁၀)နဲ့ MDDS တို့က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲထဲ တော်လှန်ရေးရဲဘော် (၄)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ထည့်သွင်းပြောဆိုထားတာမရှိဘဲ စစ်ကောင်စီဘက်က နာရေးကား (၂)စီးနဲ့ မိတ္ထီလာကို ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျားဖြန့်ဂိုဏ်းတွေကို နိုင်ငံတကာနဲ့ လက်တွဲတိုက်ဖျက်သွားမယ်လို့ BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 0 Views
ဇန်နဝါရီလ (၂၃)ရက်။ ကျားဖြန့်ဂိုဏ်းတွေကို ဒေသအာဏာပိုင်အဖွဲ့တွေအပါအဝင် နိုင်ငံတကာတို့နဲ့ ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ BGF က မနေ့က
မြန်မာသတင်း

အခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 0 Views
ဇန်နဝါရီလ (၂၃)ရက်။ အခု ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့ကပြုလုပ်တဲ့ Press
မြန်မာသတင်း

ဆောထိမြို့နယ်မှာ စစ်ကောင်စီဒရုန်းကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ပြီး (၂)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 0 Views
ဇန်နဝါရီလ (၂၃)ရက်။ ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆောထိမြို့နယ်ရှိ ရေကြည်ချောင်းရွာ ဘုန်းကြီးကျောင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ ရေကြည်ချောင်းရွာဘုန်းကြီးကျောင်းကနေ စစ်ကောင်စီက
မြန်မာသတင်း

တနင်္သာရီမြို့ သိန်ခွန်းရွာအနီး တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က အရပ်သားတွေကို ပေါ်တာဆွဲတာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 14 Views
ဇန်နဝါရီလ (၂၃)ရက်။ တနင်္သာရီမြို့ရှိ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ သိန်ခွန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေတယ်လို့ တိုင်းစစ်ဌာန(တနင်္သာရီ)ရဲ့ ဗျူဟာ(၃၅)နယ်မြေတာဝန်ခံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစက တနင်္သာရီ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတာကြောင့် သိန်ခွန်းကျေးရွာအနီးမှာ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲပြင်းထန်နေတာ”
မြန်မာသတင်း

အစည်းအဝေးတွေနဲ့ အချိန်ကုန်ကြရမယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 12 Views
ဇန်နဝါရီလ (၂၃)ရက်။ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ အခုရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြော‌ဆိုခဲ့တယ်လို့ သိရပါတယ်။ “ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့တာကြောင့် တွေ့ဆုံမှုတိုင်းကို ရလဒ်ကောင်းကောင်းထွက်အောင် ကြိုးစားပြီး
မြန်မာသတင်း

ရုပ်သံရိုက်ကူးထုတ်လွှင့်တာတွေကို AI နည်းပညာနဲ့ ပြောင်းလဲဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 6 Views
ဇန်နဝါရီလ (၂၃)ရက်။ ရုပ်သံရိုက်ကူးထုတ်လွှင့်တာတွေကို AI နည်းပညာနဲ့ ပြောင်းလဲဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က စစ်တပ်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(တောင်ညို)မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်တွေအနေနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်တာနဲ့ပတ်သက်ပြီး အတိုင်းအတာတခုအထိ အတွေ့အကြုံရှိပြီးဖြစ်ကာ ပြည်ပရုပ်သံလိုင်းတွေရဲ့ ရိုက်ကူးထုတ်လွှင့်တာတွေကို လေ့လာဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဒေသခံအများစု နေရပ်စွန့်ခွာနေတဲ့ ချောင်းသာမှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ ချောင်းသာမြို့မှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အဓမ္မဖိအားပေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ တိုက်ပွဲမဖြစ်သေးပေမယ့် ချောင်းသာမှာဒေသခံ အများစုက ထွက်ပြေးတိမ်းရှောင်နေကြပြီ။ အခုလိုအခြေအနေမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေနဲ့
မြန်မာသတင်း

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 14 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့ကစပြီး မတ္တရာ၊ နောင်ချိုနဲ့ သပိတ်ကျင်းမြို့တို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ မတ္တရာမြို့နယ်ထဲ လက်နက်ကြီးပစ်ခတ်တာတွေသာမက မြေပြင်စစ်ကြောင်းတွေပါ အင်အားဖြည့်တင်းလာနေတာလို့ ဆိုပါတယ်။