နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များသည် အာဆတ်အစိုးရကို ဖြုတ်ချရန် လွန်ခဲ့သည့် တစ်နှစ်ခန့်က စတင်ပြင်ဆင်ခဲ့ကြောင်း HTS တပ်မှူးက ဗြိတိန်သတင်းစာသို့ ပြောကြားခဲ့သည်။

ဒီဇင်ဘာလ (၁၄) ရက်။

ဆီးရီးယားအတိုက်အခံအဖွဲ့ Sharm Liberation Organization (HTS) ၏ တပ်မှူးက ၎င်းတို့သည် အာဆတ်ကို ဖြုတ်ချရန်အတွက် အာဆတ်အစိုးရကို တိုက်ခိုက်ရန် လွန်ခဲ့သည့်တစ်နှစ်က စတင်ပြင်ဆင်ခဲ့သည်ဟု ဗြိတိန်သတင်းစာ The Guardian သို့ ပြောကြားခဲ့သည်။

HTS သည် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် အခြေစိုက်သော နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်း Al Qaeda ၏ ဌာနခွဲတစ်ခုဖြစ်သည်။ HTS သည် တောင်ပိုင်းရှိ သူပုန်များနှင့် ဆက်သွယ်ခဲ့ပြီး စည်းလုံးညီညွတ်သော တပ်ဦးဖွဲ့စည်းရန် တောင်းဆိုခဲ့ကြောင်း တပ်မှူး အဘူဟက်ဆန်ဟမ်ဝီက ပြောကြားခဲ့သည်။

ဆီးရီးယားအတိုက်အခံများ၏ “ အခြေခံပြဿနာ” မှာ “ စစ်မြေပြင်တွင် စည်းလုံးညီညွတ်သော ခေါင်းဆောင်မှုနှင့် ထိန်းချုပ်မှု မရှိခြင်း” ဖြစ်သည်ဟု ဟမ်ဝီက ဂါးဒီးယန်းသို့ ပြောကြားခဲ့သည်။ HTS သည် ဤပြဿနာကို ဖြေရှင်းရန် အခြားအဖွဲ့အစည်းများအား ပူးပေါင်းပါဝင်ရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

“ ကျုပ်တို့ဟာ ရန်သူကို စေ့စေ့စပ်စပ် လေ့လာခဲ့ပါတယ်။ ရန်သူရဲ့ နည်းဗျူဟာတွေကို နေ့ရောညပါ ခွဲခြမ်းစိတ်ဖြာပြီး ကျုပ်တို့တပ်ဖွဲ့တွေ ဖွံ့ဖြိုးတိုးတက်ဖို့ အသိဉာဏ်ပညာတွေကို အသုံးပြုခဲ့တယ်” ဟု ဟမ်ဝီက ပြောကြားခဲ့သည်။ ဟမ်ဝီက “တဖြည်းဖြည်းချင်း လုပ်ကိုင်ခဲ့ရပေမယ့် ပြန့်ကျဲနေသော အတိုက်အခံသူပုန်အဖွဲ့ အမျိုးမျိုး ပေါင်းစည်းလာကြပြီး စစ်ရေးအယူဝါဒကို ဖော်ထုတ်နိုင်တဲ့ တစ်သားတည်းကျတဲ့ စစ်အင်အားစု ဖြစ်လာခဲ့ပါတယ်” ဟု ဟမ်ဝီက ပြောကြားခဲ့သည်။

“ဆီးရီးယားတောင်ပိုင်းမှာ စစ်ဆင်ရေးကွတ်ကဲရေးဌာနတစ်ခု တည်ထောင်နိုင်ခဲ့ပြီး အတိုက်အခံအဖွဲ့ ၂၅ ဖွဲ့က တပ်မှူးတွေဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။” ဟု သူက ပြောဆိုခဲ့ပါသည်။

အသစ်ဖွဲ့စည်းထားသော အတိုက်အခံညွန့်ပေါင်းအဖွဲ့သည် နိုဝင်ဘာလနှောင်းပိုင်းတွင် တိုက်ခိုက်ရန် အခွင့်အရေးကို ရရှိခဲ့သည်။ အာဆတ်အစိုးရ၏ အဓိကကျောထောက်နောက်ခံဖြစ်သော ရုရှားနှင့် အီရန်တို့သည် ၎င်းတို့၏ ပဋိပက္ခများနှင့် အလုပ်ရှုပ်နေသည့် အချိန်ရောက်ရှိလာ၍ဖြစ်သည်။

၎င်းတို့၏ တိုက်ခိုက်မှုများကြောင့် နှစ်ပတ်မပြည့်မီတွင် အာဆတ်အစိုးရ ပြိုလဲသွားကာ အာဆတ်သည် ရုရှားနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

သတင်းရင်းမြစ်။ CNN

ဓာတ်ပုံ။

ဆီးရီးယားမြို့တော် ဒမတ်စကတ်ရှိ ဗဟိုဘဏ်ရှေ့တွင် စောင့်ကြပ်နေသည့် အတိုက်အခံ တော်လှန်ရေး စစ်သားများ/Louai Beshara/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အီရန်

အစ္စရေးသည် အီရန်ကို တိုက်ခိုက်မှုအသစ်များထပ်မံ ပြုလုပ်ခဲ့ခြင်း။

  • 2025 ခုနှစ်၊ ဇွန်လ 15 ရက်
  • 17 Views
ဇွန်လ (၁၅) ရက်။ အစ္စရေးသည် အီရန်နိုင်ငံရှိ မတူညီသော နေရာများကို ပစ်မှတ်ထားပြီး ဆင့်ကာဆင့်ကာ တိုက်ခိုက်မှု ကြီး ပြုလုပ်ခဲ့ကြောင်း
နိုင်ငံတကာသတင်း ရုရှား အစ္စရေး အမေရိကန် အီရန်

ပူတင်က အီရန်-အစ္စရေး ပဋိပက္ခမှာ ပြေလည်အောင် ညှိနှိုင်းပေးဖို့ သမ္မတ ထရန့်ကို ထပ်မံ ကမ်းလှမ်းထားတယ်လို့ ရုရှား TASS သတင်းမှာ ဖော်ပြ

  • 2025 ခုနှစ်၊ ဇွန်လ 15 ရက်
  • 18 Views
ဇွန်လ (၁၅) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စနေနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မိနစ် ၅၀ ကြာ ဖုန်းခေါ်ဆိုမှုအတွင်း
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မွေးနေ့တွင် စစ်ရေးပြမှုအား ဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုတွင် လူသန်းပေါင်းများစွာ ပါဝင်လာမလား?

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 16 Views
ဇွန်လ (၁၄) ရက်။ သမ္မတထရန့်၏ ၇၉ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇွန်လ ၁၄ ရက်နေ့၌ ဝါရှင်တန်ဒီစီတွင် စစ်ရေးပြချီတက်ပွဲ ကျင်းပမည်ဖြစ်သည်။ ၎င်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် လူသန်းပေါင်းများစွာ ပါဝင်မည်ဟု မျှော်လင့်ရပြီး သမ္မတထရန့်တက်လာပြီးနောက်ပိုင်း
နိုင်ငံတကာသတင်း အာဖရိက

နိုင်ဂျီးရီးယားတက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ (Ken Saro-Wiwa) ကွပ်မျက်ခံရပြီးနောက် နှစ် ၃၀ အကြာတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 15 Views
နိုင်ဂျီးရီးယားသမ္မတသည် ကွပ်မျက်ခံရပြီးနောက် နှစ် ၃၀ အကြာက စစ်အစိုးရ၏ ကြိုးပေးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ကင်ဆာရိုဝီဝါ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ အခြားမဲဆွယ်စည်းရုံးသူ ရှစ်ဦးနှင့်အတူ ကင်ဆာရိုဝီဝါသည် လူသတ်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ထိုစဉ်က
Israel -Iran နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဘာမှမကျန်တော့မဲ့အဖြစ် မရောက်ခင် သဘောတူညီချက်တစ်ခုယူဖို့ အီရန်ကို ထရန့် သတိပေး

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 14 Views
အီရန်ကို အစ္စရေးတိုက်ခိုက်ရာမှာ နောက်ကွယ်က အမေရိကန် ပါဝင်နေသလား။ ဇွန်လ ၁၃ ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးကို အမေရိကန်က “အသေအချာ ထောက်ခံတယ်” လို့ ပြောခဲ့ပြီး “ အီရန်အပေါ် ညတွင်းချင်း တိုက်ခိုက်မှုဟာ
Israel -Iran နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်သည် အစ္စရေး၏ တိုက်ခိုက်ခံရပြီးနောက် အစ္စရေးသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 14 ရက်
  • 17 Views
ဇွန် ၁၃၊ ၂၀၂၅ အီရန်စစ်တပ်နှင့် နျူကလီယားပစ်မှတ်များကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် တီဟီရန်သည် အစ္စရေးနိုင်ငံတစ်ဝှမ်းရှိ တည်နေရာများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ အီရန်သည် ပြင်းထန်သော တုံ့ပြန်မှု၏ “အစ” ဟုခေါ်သည့် “ရာနှင့်ချီသော ပဲ့ထိန်းဒုံးကျည်များ” ကို အစ္စရေးဘက်သို့
နိုင်ငံတကာသတင်း အစ္စရေး အီရန်

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ စစ်ရေးနှင့် နျူကလီးယားခေါင်းဆောင်များ အပါအဝင် သြဇာကြီးမားသော အမျိုးသားအချို့ သေဆုံးခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 22 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ရက် အီရန်၏ အဆင့်အမြင့်ဆုံး တပ်မတော်အရာရှိ၊ ၎င်း၏ ထိပ်တန်း တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ၊ ၎င်း၏ လေတပ်နှင့် အမျိုးသား လုံခြုံရေး အကြီးအကဲဟောင်းတစ်ဦးတို့သည် အစ္စရေး၏ မကြုံစဖူးသော “ထလာသောခြင်္သေ့စစ်ဆင်ရေး”တွင် သေဆုံးခဲ့ရသည်။
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို တိုက်ခိုက်ရာမှာ အမေရိကန်လုပ် တိုက်လေယာဉ်တွေ အသုံးပြုထားတဲ့ဓာတ်ပုံကို အစ္စရေးစစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 18 Views
ဇွန်လ (၁၃) ရက်။ ၁၃ ရက်နေ့တွင် အစ္စရေးစစ်တပ်မှ ထုတ်ပြန်သော ဓာတ်ပုံများ၌ အမေရိကန်လုပ် F-35၊ F-15 နှင့် F-16 တိုက်လေယာဉ်များသည် အီရန်ကို လေကြောင်းနှင့်တိုက်ခိုက်ခဲ့ရာတွင် ပါဝင်ခဲ့ကြောင်း ပြသခဲ့သည်။ အီရန်၏နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာအဆောက်အအုံများနှင့်