နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုက်ပွဲကြောင့် ဝမ်ပေါင်ကုမ္ပဏီဧရိယာထဲက ကျေးရွာ(၆)ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရ

ဒီဇင်ဘာလ (၁၄)ရက်။

တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဆားလင်းကြီးမြို့ရှိ ဝမ်ပေါင်ကုမ္ပဏီဧရိယာထဲက ကျေးရွာ (၆)ရွာခန့်က ဒေသခံပြည်သူ‌တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းထံက သိရပါတယ်။

“ မနေ့က နံနက်ပိုင်းကစပြီး ဝမ်ပေါင်ထဲကထွက်လာတဲ့ စကစတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားတာ။ အဲ့ဒီတိုက်ပွဲတွေကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာတွေက ရှောင်တိမ်းနေရပါတယ်” လို့ ဆိုပါတယ်။

မနေ့က နံနက်ပိုင်းအချိန်ကစပြီး ဝမ်ပေါင်ကုမ္ပဏီထဲကနေ ထွင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ‌ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲထဲ ထိခိုက်ကျဆုံးတဲ့အခြေအနေကိုတော့ အသေးစိတ်မသိရှိရသေးဘဲ တိုက်ပွဲတွေကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဝမ်ပေါင်ကုမ္ပဏီဧရိယာထဲက ကျေးရွာ (၆)ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေးသားထားပါတယ်။

မနေ့က ညနေ (၄)နာရီခွဲအချိန်ကလဲ ဝမ်ပေါင်ကုမ္ပဏီထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ အိုမရွာကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ယာယီရွှေ့ပြောင်းပေးကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခရိုနီ ဦးတေဇရဲ့သမီးအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက အွန်လိုင်းဝက်ဆိုဒ်ကနေ ပြန်ဖယ်ရှား

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 6 Views
ဇူလိုင်လ (၁၈)ရက်။ ခရိုနီ ဦးတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue Italia က အွန်လိုင်းဝက်ဆိုဒ်ကနေ ဖယ်ရှားခဲ့တယ်လို့
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးထုတ်လုပ်ဖို့ တရုတ် ပံ့ပိုးကူညီနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 10 Views
ဇူလိုင်လ (၁၈)ရက်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးတွေ ထုတ်လုပ်ဖို့ကို တရုတ်က ပံ့ပိုးကူညီနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က (၄၀)ဦးခန့်သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 24 Views
ဇူလိုင်လ (၁၇)ရက်။ စစ်ကောင်စီစစ်ကြောင်းဟာ ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေကို အင်အားသာလွန်စွာနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းက စစ်တောင်းမြစ်အနောက်ဘက်ကမ်းကနေ အင်အားဖြည့်ပြီးတော့ ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်ပြီး အရှေ့ဘက်ကမ်းက တော်လှန်ရေးတပ်ဖွဲ့တွေကို
မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ပကဖရဲဘော်ဇနီးမောင်နှံနဲ့ CDM တစ်ဦးအပါအဝင် (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 20 Views
ဇူလိုင်လ (၁၇)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ရေစကြိုမြို့ ကမ္ဘဲ့ရွာကို စစ်ကောင်စီတပ်ရဲ့ ခလရ(၂၅၈)ကနေ (၈၀)မမ (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစက ပစ်လိုက်တဲ့
မြန်မာသတင်း

အာဆီယံရဲ့ စစ်အုပ်စုအပေါ် တိုက်ရိုက်ရှုတ်ချတာနဲ့ အရေးယူတာမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 16 Views
ဇူလိုင်လ (၁၇)ရက်။ (၅၈)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးရဲ့ ပူးတွဲကြေညာချက်ထဲ စစ်အုပ်စုအပေါ် ရှုတ်ချတာနဲ့ အရေးယူတာ မရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၉)ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ
မြန်မာသတင်း

စစ်ကြောင်းတွေခွဲပြီး မြေပြင်၊ ဝေဟင် တိုက်ခိုက်ကာ နောင်ချိုမြို့ကို ပြန်လည်ရရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 17 ရက်
  • 16 Views
ဇူလိုင်လ (၁၇)ရက်။ မြေပြင်၊ ဝေဟင် စစ်ဗျူဟာတွေ ပေါင်းစပ်ကာ စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစပြီး အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးနဲ့
မြန်မာသတင်း

ဗန်းမောက်မြို့မှာ SNA ကင်းစခန်း တိုက်ခိုက်ခံရပြီး (၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 22 Views
ဇူလိုင်လ (၁၆)ရက်။ ဇူလိုင်လ (၁၄)ရက်နေ့က ဗန်းမောက်မြို့ မြစ်သေးချင်းရွာအနီး ရှမ်းနီအမျိုးသားတပ်မတော်(SNA)ရဲ့ ကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ကသာခရိုင်အမှတ်(၄)တပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ SNA က မြစ်သေးချင်းရွာအနီး နယ်မြေချဲ့ထွင်ကာ အထိုင်ချထားတဲ့ ကင်းစခန်းကို ကသာခရိုင်အမှတ်(၄)တပ်ရင်းက
မြန်မာသတင်း

ဝန်ကြီးအများစု ပြည်တွင်းမှာ အလုပ်လုပ်နေကြပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 24 Views
ဇူလိုင်လ (၁၆)ရက်။ ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားနယ်မြေတွေမှာ ဝန်ကြီးအများစုဟာ အလုပ်လုပ်နေကြပြီလို့ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ အခုရက်ပိုင်းထဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အများက ပြောကြတယ်။ NUG ကို အားမရဘူးဆိုပြီး။ ကျနော်တို့လည်း အစွမ်းကုန်