ဒီဇင်ဘာလ (၁၄) ရက်။
ဒီဇင်ဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်က ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီဥက္ကဋ္ဌ ဖော့စဝါ ဘိုင်ယို ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်ခံရမှုကြောင့် နုတ်ထွက်ခဲ့ရတဲ့ မစ်ရှယ်လ် ဘာနီယာ (Michel Barnier) နေရာမှာ အစားထိုးဖို့ ခန့်အပ်လိုက်တာဖြစ်တယ်လို့ ပြင်သစ်သမ္မတ အိမ်တော် အီလီဇီးနန်းတော်က ထုတ်ပြန်လိုက်ပါတယ်။