နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူတွေ စားနပ်ရိက္ခာပြတ်လပ်မှုမရှိစေဖို့ အလေးထားဆောင်ရွက်နေတယ်လို့ NUG ထုတ်ပြန်

ဇန်နဝါရီလ (၁၅)ရက်။

စစ်ကောင်စီက ပိတ်ဆို့ကန့်သတ်တာတွေ ပြုလုပ်နေပေမယ့် ပြည်သူတွေ စားနပ်ရိက္ခာ ဖူလုံပြည့်စုံဖို့ အထူးအလေးထား ဆောင်ရွက်နေတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်အာဏာရှင်ရဲ့ အနိုင်အထက်ပြုကျင့် အကြမ်းဖက်တဲ့ဘေးက ပြည်သူကို အကာအကွယ်ပေးနိုင်ဖို့ ဆောင်ရွက်နေသလို တစ်ဖက်မှာလဲ ပြည်သူတွေ အငတ်ဘေးဒုက္ခ မကြုံစေဖို့အတွက် ဆန်ရေစပါး၊ သားငါးဖူလုံဖို့ကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူလူထုရဲ့ ခုခံနိုင်စွမ်းအား၊ ကြံ့ကြံ့ခံရုန်းထနိုင်စွမ်းအား ကျဆင်းစေဖို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးတာတွေနဲ့ ပိတ်ဆို့ကန့်သတ်တာတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် အာဏာရှင်တော်လှန်ရေးကို နိုင်ငံတဝှမ်း ဆင်နွှဲနေကြတဲ့ တစ်ချိန်ထဲမှာ လယ်ယာသားငါးထုတ်လုပ်မှုကဏ္ဍ အရှိန်မပြတ်လည်ပတ်နေစေဖို့၊ စားနပ်ရိက္ခာလုံလောက်စွာ လက်လှမ်းမီရရှိစေဖို့ ဂရုပြုဆောင်ရွက်နေတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် တောင်သူလယ်သမားကြီးတွေ လိုအပ်တဲ့ စိုက်ပျိုးရေ ရရှိဖို့နဲ့ စစ်ဘေးရှောင်ဒေသတွေအတွက် သောက်သုံးရေ ရရှိဖို့ နည်းပညာပေးတာ၊ ပံ့ပိုးလုပ်ဆောင်ပေးတာတို့ကို ဆောင်ရွက်နေတယ်လို့ NUG က ပြောဆိုထားပါတယ်။

တောင်သူမွေးမြူသူတွေအတွက် နည်းပညာ၊ အလေ့အကျင့်ကောင်းတွေ ပံ့ပိုးတာ၊ မျိုးဗီဇနဲ့ သယံဇာတတွေ ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ငန်းစီမံချက်တွေ ရေးဆွဲပေးတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

အခုနွေဦးတော်လှန်ရေးကြီးမှာ တံစဉ်ကိုင်ပြီး ကျောချင်းကပ် ရင်ချင်းအပ် အတူတကွ ဆင်နွှဲနေကြတဲ့ တောင်သူလယ်သမားဦးကြီးတွေ၊ ကျေးလက်နေပြည်သူတွေရဲ့ ဂုဏ်ကျေးဇူးကိုလည်း အထူးအသိအမှတ်ပြု မှတ်တမ်းတင်ကြောင်း ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို