နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြင်ဦးလွင်မြို့မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံတဲ့အထဲ ထိခိုက်သေဆုံးတာတွေရှိခဲ့

ဧပြီလ (၁၅)ရက်။

မနေ့က ညပိုင်း (၉)နာရီခွဲခန့်က ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်အပါအ၀င် နေရာအချို့မှာ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်များအရ သိရပါတယ်။

 “ ည (၉)နာရီခွဲ၀န်းကျင်လောက်မှာ လက်နက်ကြီးသံတွေကြားရတာ၊ အသံကို တော်တော်များများကြားရတယ်၊ DSA ၀င်းထဲ ကျတာတွေလဲရှိတယ်၊ ဘုန်းကြီးကျောင်းထဲလဲ ကျတယ်” လို့ မြိုခံတစ်ဦးက ဆိုပါတယ်။

ပြင်ဦးလွင်မြို့မှာ ရှော့တိုက်ဒုံး (၁၀)လုံးထက်မနည်း ပစ်ခတ်တာတွေရှိခဲ့တယ်လို့ သိရကာ DSA ၀င်းထဲ ကျရောက်ခဲ့တာတွေရှိသလို အောင်မြေဇေယျာဘုန်းကြီးကျောင်းနဲ့ ပြည်ဦးလွင်ပြည်သူ့ဆေးရုံ၀င်းထဲ ကျရောက်တာတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ရေးသားထားပါတယ်။

အဲ့ဒီလို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် ဘုန်းကြီးကျောင်းထဲက ဘုန်းကြီးနှစ်ပါးအပါအ၀င် (၃)ဦးသေဆုံးခဲ့ကာ ဆေးရုံ၀င်းထဲရှိ အရိုးကုသဆောင်ပေါ် ကျရောက်ခဲ့တာကြောင့် (၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြင်ဦးလွင်မြို့မှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရချိန်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေတဲ့အချိန်ဖြစ်ပြီး သူဟာ စစ်တက္ကသိုလ် သင်္ကြန်မဏ္ဍပ်နဲ့ ဌာနဆိုင်ရာမဏ္ဍပ်တွေကို လာရောက်တာဖြစ်တယ်လို့ သတင်းတွေက ရေးသားထားပါတယ်။

ပြင်ဦးလွင်မြို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာဟာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိသေးဘဲ ဧပြီလ (၈)ရက်နေ့ကတော့ မန္တလေးတိုင်း(ပကဖ)က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငဖဲမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 1 Views
ဇူလိုင်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန် ငဖဲမြို့နယ် နောင်ကျေးရွာပေါ်ကို ဒရုန်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-ASHO ရဲ့
မြန်မာသတင်း

အာဇာနည်နေ့မှာ ပုလောမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 14 Views
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ မိမ္မမြို့ရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုလော-PDF ရဲ့
မြန်မာသတင်း

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အိပ်မက်ဟာ ဒီကနေ့အထိ စစ်အာဏာရှင်စနစ်အောက်မှာ နစ်မွန်းနေဆဲလို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 12 Views
ဇူလိုင်လ (၁၉)ရက်။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အဓိကမျှော်ရည်ချက်ဟာ တိုင်းရင်းသားတွေအားလုံးပါဝင်ပြီး တောင်တန်းနဲ့ မြေပြန့်မခွဲဘဲ လွတ်လပ်ရေးရရှိဖို့၊ အမျိုးသားတန်းတူရေး၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေ ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသစ်တရပ် တည်ထောင်ဖို့ဖြစ်တယ်လို့ NUG ရဲ့ ဒီကနေ့ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို
မြန်မာသတင်း

စစ်ခေါင်းဆောင် ရန်ကုန်ရောက်ချိန် ‌မင်္ဂလာဒုံရှိ လေကြောင်းအတတ်သင် သင်တန်းကျောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 13 Views
ဇူလိုင်လ (၁၉)ရက်။ မနေ့က ည(၇)နာရီကျော်အချိန်က မင်္ဂလာဒုံမြို့ရှိ စစ်ကောင်စီရဲ့ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညက (၇)နာရီ (၁၅)လောက်
မြန်မာသတင်း

ရန်ကုန်မှာပြုလုပ်တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် တက်ရောက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 8 Views
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့အခမ်းအနားကို ဒုစစ်ခေါင်းဆောင် စိုးဝင်းသာ တက်ရောက်ခဲ့ပြီး အခုနှစ်မှာ စစ်ခေါင်းဆောင်
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 15 Views
ဇူလိုင်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၄၈)မိနစ်အချိန်က ကျောက်မဲမြို့ အထက်ကြူရှောရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အထက်ကြူရှောရွာကို
မြန်မာသတင်း

မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU ထိန်းချုပ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 10 Views
ဇူလိုင်လ (၁၈)ရက်။ မြန်မာ-ထိုင်းနယ်စပ်မျဉ်းတခုလုံးရဲ့ (၃)ပုံ (၁)ပုံကို KNU က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KNU ရဲ့ ထိန်းချုပ်နိုင်မှုဟာ
မြန်မာသတင်း

ခရိုနီ ဦးတေဇရဲ့သမီးအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းက အွန်လိုင်းဝက်ဆိုဒ်ကနေ ပြန်ဖယ်ရှား

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 19 Views
ဇူလိုင်လ (၁၈)ရက်။ ခရိုနီ ဦးတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇအကြောင်း ဖော်ပြထားတဲ့ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue Italia က အွန်လိုင်းဝက်ဆိုဒ်ကနေ ဖယ်ရှားခဲ့တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့