နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ရေးအရအရေးပါဆုံးဖြစ်တဲ့ ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ လမောင်ဗျူဟာကုန်းတပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIA အတည်ပြု

ဩဂုတ်လ (၁၅)ရက်။

ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ လမောင်ဗျူဟာကုန်းတပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIA တာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူရဲ့ အတည်ပြုပြောဆိုထားချက်အရ သိရပါတယ်။

ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ လမောင်ဗျူဟာကုန်းတပ်စခန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ဩဂုတ်လ (၁၄)ရက်နေ့ နံနက် (၃)နာရီကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီကနေ့ နံနက် (၉)နာရီမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လမောင်ဗျူဟာကုန်းတပ်စခန်းဟာ ဖားကန့်မြို့နဲ့ (၅)မိုင်၀န်းကျင်ခန့်သာရှိပြီး တိုက်ပွဲထဲ စစ်ကောင်စီဘက်က လေကြောင်းနဲ့ (၂)ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ လမောင်ကုန်းပို့စ် ခမရ(၁၂)ကို သိမ်းပိုက်နိုင်ခဲ့ပြီ၊ အင်အား (၃၀)/(၄၀)ရှိမလားဘဲ။ ဒါကတော့ ခန့်မှန်းတာပေါ့။ မနေ့က မနက်ကစပစ်တာ၊ တောမှော်ဘက်တော့ မသိမ်းသေးဘူး၊ ပစ်နေဆဲ” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

လမောင်ဗျူဟာကုန်းတပ်စခန်းဟာ လုံးခင်းအုပ်စုထဲပါရှိပြီး ဖားကန့်နဲ့ လုံးခင်းကို မြင်တွေ့နေရတဲ့ အမြင့်ဆုံးတောင်ဖြစ်ကာ ဆယ်စုနှစ်တစ်စုကြာ ဗျူဟာမြောက်စခန်းဖြစ်ပြီး စစ်ရေးအရ အရေးပါဆုံးတပ်စခန်းလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

စခန်းသိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေအ‌သေးစိတ်ကိုတော့ မသိရသေးဘဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် လမောင်၊ တောမှော်၊ ဆမားနဲ့ ဆိုင်းဂျာဘွမ်အနီးရှိ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 13 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ်
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 13 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ CDF-KKG ရဲဘော် (၁၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၇)ရက်။ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်က လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီလ (၁၇)ရက်။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းက လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များက မနေ့က သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘူမိသိပ္ပံပညာရှင်တွေက သဘောထားထုတ်ပြန်တာမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံးဝမသင့်တော်တာကို အချက် (၈)ချက်နဲ့ အကြံပြုထားပါတယ်။ အဲ့ဒီအချက်တွေထဲ မြစ်ဆုံဒေသဟာ
မြန်မာသတင်း

စစ်ကိုင်းမြို့အနီး စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို PDF တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ညပိုင်းအချိန်က စစ်ကိုင်းမြို့အနီးရှိ စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Sagaing PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စကမတပ်သားတွေ တပ်စွဲထားတဲ့
မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 31 Views
ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ချောင်းဦးမြို့ပေါ်ရှိ မဲရုံတည်နေရာနဲ့ စစ်တပ်နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျနော်တို့ BLDF
မြန်မာသတင်း

ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင်တဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်ဆီးဖို့ကြိုးစားချိန် တိုက်နယ်ပကဖက ကယ်ထုတ်ခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 30 Views
ဇန်နဝါရီလ (၁၆)ရက်။ ယောဒေသစစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်နေတဲ့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်းတိုက်နယ်ပကဖထံက သိရပါတယ်။ “ ဖြစ်စဉ်က ဒီလ (၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ မြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းက ယောဒေသစစ်ဆင်ရေးတာဝန်နဲ့
မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 36 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး အမျိုးသားရည်မှန်းချက် (၂)ရပ်အနေနဲ့ ဆောင်ရွက်နေသလို တိုင်းရင်းသားတွေရဲ့