နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ထရန့်နှင့် ဟဲရစ်ကို ဝေဖန်ပြီး မဲဆန္ဒရှင်များသည် ‘မကောင်းမှုနှစ်ခုထဲမှ ပိုနည်းသည့် သူကို ရွေးချယ်ရမည်’ ဟု ပြောခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သမ္မတရွေးကောက်ပွဲတွင် အမေရိကန်မဲဆန္ဒရှင်များ ရွေးချယ်ရမည့် ရွေးချယ်မှုသည် “မကောင်းမှုနှစ်ရပ်ထဲကနေ မကောင်းမှု ပိုနည်းတာကို ရွေးချယ်ဖို့” ဖြစ်သည်ဟု ဆိုသည်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်၏ ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်ရေးမူဝါဒများနှင့် ဒုသမ္မတ ကာမလာဟဲရစ်၏ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ ထောက်ခံမှုတို့ကို သူက ထိုနှစ်ယောက်လုံးသည် လူသားတို့၏ အသက်ရှင်သန်မှုကို ဆန့်ကျင်သည်ဟု ယူဆကြသည်”။

“မကောင်းမှုနှစ်ခုထဲက နည်းတာကို ရွေးရမယ်။ မကောင်းမှုနှစ်ခုတွင် ဘယ်အရာက အနည်းဆုံးလဲ။ အဲဒီအမျိုးသမီးလား ဒါမှမဟုတ် အဲဒီလူကြီးလား။ ကျုပ်မသိဘူး” ဟု ဟဲရစ်နှင့် ထရန့်ကို ရည်ညွှန်းပြီး လေယာဉ်ပေါ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖရန့်စစ်က ပြောကြားခဲ့သည်။ “အသိစိတ်ရှိတဲ့သူတိုင်း ဒါကို စဉ်းစားပြီး မဲပေးသင့်တယ်။”

ဖရင့်စစ်သည် ၎င်း၏ အရင် ကက်သလစ်ဘုရားကျောင်းကို ပိုမိုပွင့်လင်းစေရန် လှုံ့ဆော်ခဲ့သည်။ ကိုယ်ဝန်ဖျက်ချခြင်းသည် လူ့အသက်ကို တမင်ဖျက်ဆီးခြင်းဖြစ်သည်ဟူသော ကက်သလစ်ကျောင်း၏ သွန်သင်ချက်ကို တစိုက်မတ်မတ်နှင့် ခိုင်ခိုင်မာမာ ခုခံကာကွယ်ခဲ့သော်လည်း ဖရင့်စစ်က လူဝင်မှုကြီးကြပ်ရေး အပါအဝင် လူ့ဘဝနှင့်ပတ်သက်သော အခြားပြဿနာများမှ ခွဲထုတ်မရနိုင်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

“ရွှေ့ပြောင်းနေထိုင်သူတွေကို အဝေးကိုပို့ပစ်ဖို့၊ သူတို့ကို ထားခဲ့ချင်တိုင်း ထားခဲ့ဖို့၊ သူတို့ကို ပစ်ထားခဲ့ဖို့ အလုပ်လုပ်ခွင့်မပေးဘူး၊ ခိုလှုံခွင့်မပေးဘူး နေစရာ မပေးဘူး ဒါဟာ စိုးရိမ်စရာပါပဲ။ ဒါဟာ ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်တယ်၊ အဲဒါ မကောင်းဆိုးဝါးမှု ဖြစ်တယ်။ အမိဝမ်းတွင်းမှ ကလေးကို ထုတ်ပစ်ခြင်းသည် လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်တယ် ဘာကြောင့်လဲဆိုတော့ အသက်ရှိသောကြောင့် ဖြစ်တယ်။ ဒီအကြောင်းတွေကို ရှင်းရှင်းလင်းလင်း ပြောရမယ်” ဟု ပြောသည်။

ဖရင့်စစ်သည် ယခင်က နိုင်ငံရေးပြဿနာများကို အလေးထားခဲ့ပြီး၊ ပိုမိုတိုးတက်သောအမြင်ဖြင့် ကက်သလစ်ဘုန်းကြီးများအား ကိုယ်ဝန်ဖျက်ချခြင်းကို ခွင့်လွတ်ပေးရန်ပြုခြင်း၊ လိင်တူစုံတွဲများအတွက် ကောင်းချီးပေးခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းအကြောင်း ထပ်ခါတလဲလဲ သတိပေးခြင်းဖြင့် ပိုမိုတိုးတက်သော ရပ်တည်ချက်များကို အချက်ပြ ပြောကြားခဲ့သည်။

ကိုယ်ဝန်ဖျက်ချခြင်းသည် “အခြားအရာတွေထက် အရေးကြီးတဲ့ကိစ္စ” ဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့သော အမေရိကန်ရှိ ကက်သလစ်ဘုန်းတော်ကြီးများကို သူက စိန်ခေါ်ခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူများ၏ အခက်အခဲသည်လည်း အသက်ကို အကာအကွယ်ပေးရန်အတွက်လည်း ဖြစ်သည်ဟု စောဒကတက်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဖရန့်စစ်သည် ထိုစဉ်က သမ္မတလောင်း ထရန့်၏ ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခြင်းအား တားဆီးရန် တံတိုင်းတည်ဆောက်မည့် အစီအစဉ်ကို “ခရစ်ယာန်မဟုတ်သူ” ဟု ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်တွင် သမ္မတဂျိုးဘိုင်ဒန် အပါအဝင် ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံသည့် ခေါင်းဆောင်ပုဂ္ဂိုလ်များနှင့် ဆက်ဆံခြင်းကို ဘာသာရေး အခမ်းအနားတွင် ငြင်းဆိုနိုင်ခွင့်နှင့်ပတ်သက်သည့် ဂိုဏ်းအုပ်များ အခြေတင် ဆွေးနွေးနေချိန်တွင် ဖရန့်စစ်က ၎င်းတို့အား နိုင်ငံရေးအမြင်အရ မဟုတ်ဘဲ “သင်းအုပ်ဆရာ” ရှုထောင့်မှနေ၍ ဆုံးဖြတ်ရန် တိုက်တွန်းခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက သူသည် မည်သူ့ကိုမျှ ဘာသာရေးအခမ်းအနားတွင် ငြင်းဆိုခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ဖရန့်စစ်သည် ကလေးထက် အိမ်မွေးတိရစ္ဆာန်များ ထားရှိရန် ရွေးချယ်သော စုံတွဲများကို ဝေဖန်ခဲ့ပြီး နိုင်ငံ၏ ခေါင်းဆောင်မှုတွင် ကလေးမရှိသော ကြောင်အမျိုးသမီးများအဖြစ် လှောင်ပြောင်သော ထရန့်၏ တွဲဖက် ကက်သလစ် ဆီးနိတ်အမတ် ဂျေဒီဗန့်စ် (JD Vance) အမြင်များနှင့် ကိုက်ညီနေခဲ့သည်။ ဂျေဒီဗန့်စ် ကခေါင်းဆောင်မှု အတန်းအစားထဲတွင် ကလေးမရှိသောသူများသည် လူမှုရေးတွင် ပိုမိုမတည်ငြိမ်သူ ဖြစ်သည်ဟု ဆိုခဲ့သည်။

အမေရိကန် ကက်သလစ် ဘာသာဝင်များလည်း အမြင်အမျိုးမျိုး ရှိသည်။ Pew သုတေသနအရ ကက်သလစ် မှတ်ပုံတင်ထားသော မဲဆန္ဒရှင် ၅၂ ရာခိုင်နှုန်းသည် ရီပတ်ဘလစ်ကန်များ သို့မဟုတ် အားပေးသူများဖြစ်ကြောင်း ဖော်ပြကြပြီး ၄၄ ရာခိုင်နှုန်းက ၎င်းတို့သည် ဒီမိုကရက်များ သို့မဟုတ် အားနည်းသော ဒီမိုကရက် ဖြစ်သည်ဟု ဆိုကြသည်။

ကက်သလစ်မဲဆန္ဒရှင်များသည် ၂၀၂၀ ခုနှစ်တွင် ဘိုင်ဒင်ကို ၅၀% က မဲပေးခဲ့ကြပြီး ထရန့် ကို ၄၉% ထောက်ခံခဲ့ကြသည်ဟု Pew မှ ပြောကြားခဲ့သည်။ သို့သော် ကက်သလစ်ဘာသာဝင်အများစု ၆၁% က ကိစ္စအားလုံး သို့မဟုတ် အများစုတွင် ကိုယ်ဝန်ဖျက်ချခြင်းသည် တရားဝင်သင့်သည်ဟု ယုံကြည်ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက