နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖမ်းဆီးခံထားရတဲ့ နိုင်/ကျဉ်းဟောင်း မနိုဘယ်အေးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့

ဖေဖော်ဝါရီလ (၁၆)ရက်။

ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို အကြမ်းဖက်စစ်တပ်က အခုလထဲမှာ သတ်ဖြတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မနိုဘယ်အေးဟာ ဇန်နဝါရီလ (၂၉)ရက်နေ့က ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြခဲ့ပါတယ်။

“ ကျွန်တော့်အမ၊ အတူတူအဖမ်းခံရတဲ့ (၂)ယောက်ကို ဝေါမြို့နယ်တရားရုံးမှာ ရမန်ယူတယ်။ အဲ့ဒီကအပြန်မှာ ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခဲ့တာ” လို့ မနိုဘယ်အေးရဲ့ မောင်ဖြစ်သူ ကိုထက်မြက်က PPNM ကို အတည်ပြုပြောဆိုထားပါတယ်။

မနိုဘယ်အေးနဲ့ ကိုလေးခွင်းတို့နှစ်ဦး ရုံးထုတ်ပြီးအပြန်မှာ ကိုလေးခွင်းက ထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သနပ်ပင်မြို့ရှိ ကျိုက်လတ်ရွာအနီးမှာ အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့ပြီး ဝေါဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီအချက်အလက်တွေကို ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မင်းထက်သာက မိသားစုထံ အတည်ပြုပေးခဲ့ပြီး သူတို့ (၂)ယောက်ကို ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုလ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

မနိုဘယ်အေးဟာ ၁၉၉၆ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် (၄၂)နှစ်အထိ ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်ပြီး ၂၀၀၇ခုနှစ် လောင်စာဆီကိစ္စမှာလည်း ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

ဒါ့ပြင် ကိုဗစ်-၁၉ ကာလမှာလဲ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေခဲ့ပြီး ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၉)ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည်
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 24 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 22 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 23 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က