နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆီဆိုင်မြို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့

ဖေဖော်ဝါရီလ (၁၆)ရက်။

မနေ့က ဆီဆိုင်မြို့မြောက်ဘက်တစ်နေရာမှာ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်တွေဟာ PNLA ကို ချောင်းမြောင်းပစ်ခတ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလိုလာရောက်ပစ်ခတ်ခဲ့တာကို PNLA ဘက်က ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေဘက်က (၂)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုအပြီး ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါး အထုပ်ကြီး (၂)ထုပ်၊ အထုပ်သေး (၂)ထုပ်နဲ့ ခဲယမ်းကျည်ဆံအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ပအိုဝ်းလူငယ်တွေအနေနဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေကို ရှောင်လွှဲပြီး PNLA ထံကို လာရောက်ပူးပေါင်းကာ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီက လက်နက်အားကိုး မတရားပြဋ္ဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေဟာ ပြည်သူအချင်းချင်း ပြန်လည်သတ်ဖြတ်ကြဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ PNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 0 Views
မတ်လ (၁၉)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်ကစပြီး ရေစကြိုမြို့နယ် ဘိစပ်ကုန်းရွာရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 5 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA
မြန်မာသတင်း

လုပ်ငန်းလုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” သီချင်းဗီဒီယိုထုတ်လွင့်သူတွေကို စစ်ကောင်စီ အရေးယူဖို့စီစဉ်

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 12 Views
မတ်လ (၁၉)ရက်။ ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်မရှိဘဲ “ ဗုံတီးမယ်” တေးသီချင်းဗီဒီယို ထုတ်လွှင့်သူတွေကို အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင့်ပြသတဲ့လုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ လွှင့်တင်မယ့်
မြန်မာသတင်း

ကျားဖြန့်လုပ်ငန်းမှာ ဖမ်းမိသူတွေထဲ တရုတ်နိုင်ငံသားဆွေ အများဆုံးလို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၉)ရက်။ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်လာပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသားတွေထဲ တရုတ်နိုင်ငံသားတွေ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၃၀)ရက်ကနေ မတ်လ (၁၈)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင်
မြန်မာသတင်း

စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG စာပို့ထား

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 22 Views
မတ်လ (၁၉)ရက်။ စစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့ စာချုပ်တွေဟာ အကျိုးမရှိဘူးဆိုတာကို ရုရှားထံ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက စာပို့ပြောဆိုထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က မနေ့က Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပံလှရွာ ထပ်မံဗုံးကြဲခံရပြီး (၃)ဦးသေဆုံးကာ (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 23 Views
မတ်လ (၁၈)ရက်။ မနေ့က ညနေ (၆)နာရီဝန်းကျင်က စဉ့်ကူးမြို့ရှိ လက်ပံလှရွာကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လက်ပံလှရွာ လေကြောင်းထပ်မံတိုက်ခိုက်ခံရတဲ့ထဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ကွက်ထဲ
မြန်မာသတင်း

မန္တလေးမှာ ငွေစုငွေချေးလုပ်ငန်းတစ်ခု ဓါးပြတိုက်ခံရပြီး ကျပ်သိန်း (၁၀၀)ကျော်ပါသွားခဲ့

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 19 Views
မတ်လ (၁၈)ရက်။ မနေ့က ည (၇)နာရီအချိန် မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ ငွေစုငွေချေးလုပ်ငန်းတစ်ခု ဓါးပြတိုက်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ထွန်တုံးရပ်ကွက် (၅၄)နဲ့ (၅၅)ကြားက ငွေချေးလုပ်ငန်း ဓါးပြတိုက်ခံရတာ။ အဲ့ဒီမှာ အမျိုးသမီး
မြန်မာသတင်း

ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ CNF ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 18 ရက်
  • 25 Views
မတ်လ (၁၈)ရက်။ ချင်းပြည်ထဲ စစ်ကောင်စီကင်းစင်ဖို့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဒီကနေ့ (၃၇)နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက်ရောက်တာတွေကို အဆုံးသတ်ဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့