နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒုသမတဟောင်းမိုက်ပင့်စ်က ထရန့်ကို ထောက်ခံချက်မပေးနိုင်ဟုဆို

မတ်လ (၁၆) ရက်။

ဒုသမ္မတဟောင်း မိုက်ပင့်စ်က ရီပတ်ပလီကင်ပါတီဝင်အများစု (GOP)က ထောက်ခံတဲ့ ဆန်ခါတင်စာရင်းဝင် ထရန့်ကို သူ့အနေနဲ့ ယုံကြည်ချက်ကောင်းကောင်းနဲ့ ထရန့်ကို ထောက်ခံမှု မလုပ်နိုင်ဘူးလို့ ပြောလိုက်ပါတယ်။ သူ့ရဲ့ လက်တွဲလုပ်ကိုင်ဖက်ဟောင်းနဲ့ သူနဲ့ တာဝန်အတူထမ်းဆောင်ခဲ့တဲ့ သမ္မတကို ငြင်းဆန်တယ်လို့ သောကြာနေ့က ပြောခဲ့ပါသည်။ “ဒေါ်နယ်ထရန့်ဟာ ကျွန်တော်တို့နဲ့လေးနှစ်တာ အုပ်ချုပ်ခဲ့မှုအတွင်း ကျွန်တော်တို့ရဲ့ ကွန်ဆာဗေးတစ် အာဂျင်တာနဲ့ ကွဲလွဲနေတဲ့အာဂျင်တာနောက်ကို လိုက်ခဲ့တယ်။ ဒါကြောင့် ဒီမဲဆွယ်မှုမှာ ဒေါ်နယ်ထရန့်ကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော့်အနေနဲ့ ထောက်ခံလို့ မရပါဘူး” လို့ ပင့်စ်က Fox News ကို ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလမှာ သူအနေအိမ်း သမ္မတလောင်းအဖြစ်ဝင်ရောက်အရွေးခံဖို့ လျာထားတာကို နှုတ်ထွက်လိုက်ပြီးနောက် ဒုတိယသမ္မတဟောင်းဟာ ၂၀၂၄ ရီပတ်ဘလီကန်ပါတီရဲ့ အခြေခံမဲဆန္ဒရှင်စာရင်းမှာ ထောက်ခံမှုကို ဆိုင်းငံ့ထားခဲ့ပေမဲ့ နောက်ဆုံးမှာ GOP ဆန်ခါတင်စာရင်းဝင်သူကို ထောက်ခံမယ်လို့ အရင်က ကတိပြုခဲ့ပါတယ်။ ပင့်စ်နှုတ်ထွက်ပြီးတဲ့နောက် ထရန့်က သူ့ကို ဒုသမ္မတဟောင်းက ထောက်ခံသင့်တယ်လို့ ပြောကြားပြီး “ကျွန်တော် သူ့ကို ရွေးချယ်ခဲ့ပြီး သူ့ကို ဒုတိယသမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ လူတွေက တော်တော်သစ္စာမဲ့တယ်” လို့ ပင့်စ်ကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။

ထရန့်-ပင့်စ်တို့ရဲ့ တိုင်းပြည်စီမံအုပ်ချုပ်မှုမှတ်တမ်းအတွက် သူ့အနေနှင့် “အလွန်ဂုဏ်ယူမိတယ်”လို့ ပြောနေစဉ်မှာ သမ္မတဟောင်းထရန့်က ရှေးရိုးဆန်တဲ့အကြောင်းအရာတွေက ခွာသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကိုယ်ဝန်ဖျက်ချမှုနဲ့ ပတ်သက်တဲ့သဘောထား၊ အမေရိကန်အမျိုးသား ကြွေးမြီဆိုင်ရာ ရပ်တည်ချက်နဲ့ TikTok တို့မှာ အရင်က ပြောခဲ့တာတွေကို ပြောင်းပြန်လှန်ပြောဆိုမှုတွေကို ထောက်ပြပြီး ပင့်စ်က ပြောကြားခဲ့ပါတယ်။ “ကျနော့်ရဲ့သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်မှာ သမ္မတထရန့်နဲ့ ကျွန်တော့်အကြားမှာ လေးနက်တဲ့ ကွဲလွဲမှုတွေ ရှိနေတယ်ဆိုတာ ကျွန်တော်က ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ဖူးပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့က ကျွန်တော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်အရ ကျင့်သုံးဆောင်ရွက်ခဲ့မှု တဲ့အပေါ် သူနဲ့ကျွန်တော်နဲ့ ကွာခြားချက်ချက် တင်မကပါဘူး” ဟု ပင့်စ် က “Martha MacCallum နှင့်ပြောခဲ့သော ဇာတ်လမ်း” တွင် ပြောကြားခဲ့သည်။

“သူ့ရဲ့ သမ္မတလောင်းဖြစ်ခွင့်ကို ကျွန်တော် ကြည့်ပြီးတော့ နိုင်ငံတော်ကြွေးမြီတွေကို ရင်ဆိုင်ဖို့ ကတိကဝတ်တွေကနေ ရုန်းထွက်တာကို မြင်ခဲ့ရပါတယ်။ လူ့ဘဝရဲ့ မြတ်နိုးတန်ဖိုးထားမှုအပေါ် ကတိကဝတ်ပြုခြင်းက ရှောင်ဖယ်တာကို ကျွန်တော်မြင်ဖူးပါတယ်။ အခုနောက်ဆုံးအပတ်တွင်၊ တရုတ်နိုင်ငံအပေါ် တင်းမာတဲ့ရပ်တည်မှုအဖြစ် ByteDance ရဲ့ TikTok ကို ရောင်းချရန် အတင်းအကြပ် လုပ်ဆောင်ရန် ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုကို ထရန့်က ပြောင်းပြန်လှန်ပြောဆိုခဲ့တယ်” လို့ ပင့်စ်က ပြောကြားခဲ့သည်။ ပင့်စ်သည် ၂၀၂၄ အထွေထွေရွေးကောက်ပွဲမှာ သူဘယ်သူ့ကို မဲပေးမှာကို ထုတ်ဖော်ပြောကြားခဲ့တာ မရှိပေမယ့် “ကိုယ့်ကိုယ်ကိုပဲမဲပေးမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သမ္မတဂျိုးဘိုင်ဒင်ကိုတော့ ဘယ်တော့မှ မဲပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ပင့်စ်ဟာ တတိယပါတီကိုယ်စားလှယ်လောင်းကိုလည်း မထောက်ခံကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ပင့်စ်ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ ဘိုင်ဒင် အနိုင်ရရှိခြင်းအတွက် ကွန်ဂရက်လွှတ်တော်ရဲ့ အသိအမှတ်ပြုလက်မှတ်ကို ကြီးကြပ်နေစဉ် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရန် ပြောဆိုခဲ့တဲ့ သမတထရန့်နဲ့ ပင့်စ်က လမ်းခွဲခဲ့ပါတယ်။ ထရန့်ထောက်ခံသူလူအုပ်ကို အဲ့ဒီနေ့မှာ ထရန့်ရဲ့ မဆင်မခြင် ပြောဆိုမှုတွေကို ပင့်စ်က နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ အဲ့ဒီလူအုပ်ကြီးဟာ အမေရိကန်လွှတ်တော် အဆောက်အအုံကို ချိုးဖောက် ဝင်ရောက်ခဲ့ပြီး သူ့မိသားစုနဲ့ အမေရိကန်အစိုးရရုံးစိုက်ရာမြို့တော်ရှိ လူအများကို “အန္တရာယ်” ဖြစ်စေခဲ့ပါတယ်။ အရင်နှစ်က သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲမှာ ပင့်စ်က ထရန့်နဲ့ ထရန့်ကိုထောက်ခံသူတွေဆီက “လူပြိန်းကြိုက်ပြောကြားချက်” တွေကို ရီပတ်ဘလီကန်တွေအနေအိမ်း သတိထားရန် သတိပေးခဲ့ပါတယ်။ ပင့်စ်နဲ့ သူ့အဖွဲ့ဖြစ်တဲ့ အမေရိကန်လွတ်လပ်ရေးအတွက် ရှေ့တိုးဆောင်ရွက်သူများ (Advancing American Freedom ) အဖွဲ့ဟာ ရှေးရိုးဆန်တဲ့ မူဝါဒတွေကို တွန်းအားပေးရန်အတွက် ဒေါ်လာသန်း ၂၀ မြှုပ်နှံထားကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို