နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို အလုပ်နဲ့သက်သေပြဖို့ ကြိုးစားနေတယ်လို့ NUG ယာယီသမ္မတပြော

ဧပြီလ (၁၆)ရက်။

NUG အနေနဲ့ စစ်အာဏာရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို အလုပ်နဲ့သက်သေပြဖို့ ကြိုးစားနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ အခု ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေတစ်ရပ်လုံးကို လွှမ်းခြုံကြည့်ရင် ခုခံတော်လှန်စစ်ရေး အခြေအနေတွေက အားရကျေနပ်စရာ အကျိုးရလဒ်တွေ တွေ့မြင်ရပါတယ်” လို့ ယာယီသမ္မတက ဆိုပါတယ်။

NUG အနေနဲ့ တော်လှန်ရေးခရီးကြမ်းကို ပြည်သူနဲ့အတူ ဖြတ်သန်းခဲ့တဲ့ (၃)နှစ်တာမှာ ထိုက်သင့်တဲ့ တော်လှန်ရေးအောင်ပွဲတွေကို ရယူနိုင်ခဲ့ကာ စစ်ကောင်စီ အင်အားချိနဲ့လာတာကိုလဲ တွေ့မြင်ရတယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ပြည်သူရဲ့ ဘေးဒုက္ခတွေကို ဖြေရှင်းတဲ့အခါ “ မယောင်ရာဆီလူး” နေလို့ မရပါဘူး။ ထိထိရောက်ရောက် ဖြစ်ရမယ်၊ လက်တွေ့ကျကျဖြစ်ရမယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတွေဖြစ်အောင် ကြိုးစားအားထုတ်ရပါမယ်” လို့ သူက ဆက်ပြောပါတယ်။

ဒါ့ပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ကနေ မလွတ်မြောက်သေးတဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခတွေ အမြန်ဆုံး ပပျောက်အောင် ကြိုးစားကြဖို့ကိုလဲ ယာယီသမ္မတက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မျက်နှာသစ် နိုင်ငံရေးအင်အားစုတွေ၊ သွေးသစ်တော်လှန်ရေးအင်အားစုတွေကို အားလုံး လက်တွဲခေါ်ယူပြီး တစ်သားထဲ လျှောက်လှမ်းနိုင်အောင် ကြိုးစားဖို့ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထားဝယ်ထောင်မှာ ဆရာဝန်မလုံလောက်တာကြောင့် နိုင်/ကျဉ်းတစ်ဦး လေဖြတ်ရောဂါနဲ့ ကျဆုံးခဲ့ရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 1 Views
အောက်တိုဘာလ (၂၂)ရက်။ အောက်တိုဘာလ (၁၇)ရက်နေ့က ထားဝယ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ဦးရဲအောင်(ခ)ကိုချင်း လေဖြတ်ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

KNLA ဗဟိုဌာနချုပ် စစ်ရုံးချုပ်ရုံးနေရာကို စစ်ကောင်စီက ‌အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောက်တိုဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်က KNU ရဲ့ တပ်မဟာ (၇) ဗဟိုဌာနချုပ် စစ်ရုံးချုပ်ရုံးကို စစ်ကောင်စီက
မြန်မာသတင်း

စီးပွားရေးလုပ်ငန်းရှင် (၂၇)ဦးဆီက ခြိမ်းခြောက်ငွေတောင်းသူ (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောက်တိုဘာလ (၂၂)ရက်။ စီးပွားရေးလုပ်ငန်းရှင်‌တွေဆီကနေ ခြိမ်းခြောက်ငွေတောင်းသူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၂၀)ရက်နေ့က ပြင်ဦးလွင်မြို့နယ်ရှိ မိုးကြိုးပစ်ကျေးရွာမှာ ခြိမ်းခြောက်ငွေတောင်းခံသူ (၂)ဦး ရောက်ရှိနေတယ်လို့ သတင်းရရှိချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တာလို့
မြန်မာသတင်း

နိုင်ငံ့စီးပွားရေး ဦးမော့လာပေမယ့် အားနည်းနေသေးတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 10 Views
အောက်တိုဘာလ (၂၂)ရက်။ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပေမယ့် ဒေသထဲနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် တိုးတက်မှု အားနည်းနေသေးတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဓိကဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို
မြန်မာသတင်း

မတ္တရာမြို့နယ်ထဲ စစ်ကောင်စီက တရက်ထဲ လေကြောင်း (၃)ကြိမ်တိုက်ခိုက်ခဲ့၊ (၁)နှစ်ခွဲကလေးအပါအဝင် သားအမိ (၂)ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 6 Views
အောက်တိုဘာလ (၂၂)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန် မတ္တရာမြို့အနောက်ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကမ်းတလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၄)စီးနဲ့ ‌လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။ “ မတ္တရာအနောက်ခြမ်း
မြန်မာသတင်း

ဝေါမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းဂိတ်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 22 ရက်
  • 4 Views
အောင်တိုဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီ (၁၅)မိနစ်အချိန်က ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျု‌စောထီးတွေရှိတဲ့ ရေတံခါးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝေါမြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်မှာ စစ်ခွေးနဲ့ ပျူတွေရှိနေတဲ့
မြန်မာသတင်း

ကောလင်း ဥက္ကံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား (၂)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 11 Views
အောက်တိုဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲကျော်အချိန်က ကောလင်းမြို့နယ်အနောက်ဘက်ခြမ်းရှိ ဥက္ကံကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။ “ နံနက် (၁၀)နာရီ (၂၆)မိနစ်နဲ့ (၁၁)နာရီလောက်မှာ ဥက္ကကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာကို စစ်ကောင်စီက
မြန်မာသတင်း

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ၊ ရဟတ်ယာဉ်နဲ့ လေယာဉ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 15 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က ည (၈)နာရီ (၂၃)မိနစ်အချိန်က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို ‌၁၀၇မမ ရှော့တိုက်ဒုံး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “