နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမြို့ကို ဂျူးအခြေချနေထိုင်သူများက တိုက်ခိုက်ခဲ့မှုကို အစ္စရေး ထိပ်တန်းအာဏာပိုင်များက ရှုတ်ချ

သြဂုတ်လ (၁၆) ရက်၊ CNN။

အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမြို့ကို ဂျူးအခြေချနေထိုင်သူများက တိုက်ခိုက်ခဲ့မှုကို အစ္စရေး ထိပ်တန်းအာဏာပိုင်များက ရှုတ်ချခဲ့သည်။

သြဂုတ်လ (၁၅) ရက်နေ့တွင် အစ္စရေးတို့သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမြို့တစ်မြို့ကို လက်နက်ကိုင် ဂျူးလူမျိုးအခြေချနေထိုင်သူ ၇၀ ကျော်က တိုက်ခိုက်ခဲ့သည်။ ယင်းမြို့တစ်ခုလုံး ပျက်စီးသွားပြီး ယင်းတိုက်ခိုက်မှုကို အစ္စရေး အကြီးတန်း အရာရှိများက အပြင်းအထန် ရှုတ်ချခဲ့သည်။

ဂျူးလူမျိုး အခြေချနေထိုင်သူများသည် ဂျစ် (Jit) မြို့ကို တိုက်ခိုက်ကြသည်။ ၎င်းတို့သည် ဒေသခံများအား ကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ်များနှင့် ယာဉ်များကို မီးရှို့ခဲ့သည်။ ဂျစ်မြို့ပါလီမန်အကြီးအကဲ Nasser Seda က ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းတိုက်ခိုက်မှုအတွင်း Sedda ၏ ဝမ်းကွဲတော်သူ သေဆုံးခဲ့ကြောင်း သိရသည်။ အသက် ၂၃ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားသည် ရင်ဘတ်တွင် ဒဏ်ရာရရှိသွားပြီး ယင်းဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါသည်။

Seda က ယခင်က ဤတိုက်ခိုက်ခြင်းမျိုး ကြီးမားသော တိုက်ခိုက်မှုမျိုး မကြုံဖူးကြောင်းနှင့် ကြိုတင်သတိပေးချက် မပေးခဲ့ဟု CNN ကို ပြောကြားခဲ့သည်။ အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် ဒေသခံများကို အံ့အားသင့်စွာ ရုတ်တရက် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဒါဇင်နဲ့ချီသည့် မျက်နှာဖုံးစွပ် အစ္စရေးအရပ်သားများက မီးရှို့ခဲ့ပြီး ဓာတ်ဆီဗုံးများ ပစ်ပေါက်ခဲ့ကြသည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ကြေညာခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့ကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက မောင်းထုတ်ခဲ့သည်။

လူတစ်ဦးကို ဖမ်းဆီးထားပြီး တိုက်ခိုက်မှုနှင့် ဆက်စပ်၍ စစ်ဆေးမေးမြန်းလျက်ရှိသည်။ ပါလက်စတိုင်းတစ်ဦးသေဆုံးမှုကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း IDF မှ ပြောကြားသော်လည်း သေဆုံးသူအား အမည်ဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။

အစ္စရေး အထွေထွေ လုံခြုံရေး အေဂျင်စီ (ISA) နှင့် အစ္စရေး ရဲတပ်ဖွဲ့ တို့သည် လက်ရှိတွင် ပူးတွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ရုံးက အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ နေတန်ယာဟုက အဆိုပါဖြစ်ရပ်အား အပြင်းထန်ဆုံး စိစစ်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပြီး ရာဇ၀တ်မှုတွင် ပါဝင်ပတ်သက်သူ မည်သူမဆို ဖမ်းဆီးပြီး တရားစီရင်မှု ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့သည်။

ပြည်ထဲရေးဝန်ကြီး Albert Arbel က အဆိုပါတိုက်ခိုက်မှုသည် ပြင်းထန်သော အမျိုးသားရေးရာဇ၀တ်မှုဖြစ်ပြီး ဂျူးတန်ဖိုးများကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Gallant က ၎င်းအား “အကြမ်းဖက် အစွန်းရောက် အဓိကရုဏ်း´ ဟု ခေါ်ဆိုခဲ့ပြီး ၎င်းသည် “အစ္စရေးနိုင်ငံမှ ပေးအပ်သော တန်ဖိုးများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်´ ဟု အသိအမှတ်ပြုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက