နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဂါဇာတွင် သေဆုံးသူ ၄၀၀၀၀ ကျော်ရှိပြီ အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်

သြဂုတ်လ (၁၆) ရက်, CNN။

(CNN) ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ခဲ့သည့် ဟားမတ်စ်နှင့် အစ္စရေးတို့ကြား စစ်ပွဲတွင် ပါလက်စတိုင်းလူမျိုး ၄၀,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သြဂုတ်လ ၁၅ ရက်က ကြေညာခဲ့သည်။

အစ္စရေးနိုင်ငံကို ဟားမတ်စ်အဖွဲ့က အံ့အားသင့်စွာ စီးနင်းတိုက်ခိုက်ခဲ့သည့် ယမန်နှစ် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်၍ သေဆုံးသူဦးရေမှာ ၄၀,၀၅၀ (သို့) ဂါဇာဒေသခံ ၅၅ ဦးတွင် တစ်ဦးခန့် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ စစ်သည်များနှင့် အရပ်သားများကို ခွဲခြားထားခြင်း မရှိသော်လည်း သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် သေဆုံးသူများအပြင် အနည်းဆုံး လူ ၁၀,၀၀၀ ခန့် ပျောက်ဆုံးနေပြီး အပျက်အစီးများအောက်တွင် မြှုပ်နှံထားကြောင်း ဂါဇာအာဏာပိုင်များက ယခုသီတင်းပတ်အစောပိုင်းတွင် ကြေညာခဲ့သည်။

ထိုအတောအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်ရေးသမား ၁၇၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အစ္စရေးက ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။

အနာဂတ်တွင် မည်ကဲ့သို့ ဖြစ်လာမည်ကို ခန့်မှန်းဖို့ အလွန်ခက်ခဲနေသည်ဟု ဆိုသည်။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ယမန်နေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်ရန် စီစဉ်ထားသော်လည်း ဟားမတ်စ်နှင့် လက်ဘနွန် စစ်သွေးကြွ ဟစ်ဇ်ဘိုလာအဖွဲ့တို့၏ အကြီးတန်းပုဂ္ဂိုလ်များကို အစ္စရေးက သတ်ဖြတ်ပြီးနောက် ညှိနှိုင်းမှုများ မသေမချာ ဖြစ်နေပါသည်။

တနင်္လာနေ့တွင် အစ္စရေးတပ်ဖွဲ့ဝင်များသည် စာသင်ကျောင်းများနှင့် ဗလီများကို တိုက်ခိုက်ခဲ့ရာ သြဂုတ်လ ၉ ရက်နေ့ညနှင့် နောက်တစ်နေ့ကြားတွင် လူ ၉၃ ဦး သေဆုံးခဲ့ကြောင်း ဂါဇာအာဏာပိုင်များက ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်ကလည်း အဆိုပါတိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး အဆောက်အအုံအတွင်းရှိ ဟားမတ်စ်ကွပ်ကဲမှုစင်တာအတွင်းရှိ အကြမ်းဖက်သမားများကို တိကျစွာပစ်မှတ်ထားကြောင်း CNN သို့ ရှင်းပြခဲ့သည်။

ယင်းတိုက်ခိုက်မှုကို အစ္စရေးနှင့်နီးကပ်သည့် ဆက်ဆံရေးရှိသည့်နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝှမ်းက ရှုံ့ချခဲ့ပါသည်။

သေဆုံးသူ ၄၀၀၀၀ ကျော်သွားပြီဟု ကြေငြာချက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက “ဒါဟာ ကမ္ဘာကြီးအတွက် ဆိုးဝါးတဲ့ မှတ်တိုင်တစ်ခုပါပဲ´´ “ အစ္စရေးစစ်တပ်က ဥပဒေတွေကို အကြိမ်ကြိမ် ချိုးဖောက်တဲ့အတွက် အခုလို ဖြစ်ပေါ်လာရတာပါ။” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ။

အစ္စရေးဒုက္ခသည်စခန်းတစ်ခုတွင် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသည့် ဆွေမျိုးတစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် ဝမ်းနည်းပူဆွေးနေသော ပါလက်စတိုင်းအမျိုးသမီးတစ်ဦး/Ali Jadallah/Anadolu/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက