နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

မြို့တော်ကို တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ သိမ်းပိုက်လိုက်ပြီဟု ထရန့်က ထပ်လောင်း လိမ်ညာပြောဆို

စက်တင်ဘာလ (၁၅) ရက်၊ CNN။

ဟေတီနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူဦးရေ တိုးများလာနေသည့် အိုဟိုင်းယိုးပြည်နယ် အနောက်အလယ်ပိုင်းရှိ စပရင်းဖီးလ်မြို့ကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ သိမ်းပိုက်ထားကြောင်း ၁၄ ရက်နေ့က အခိုင်အမာ ပြောကြားလိုက်သည်။ သမ္မတထရန့်သည် မကြာသေးမီက လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်သည့် တဖက်သတ်ပြောဆိုမှုများနှင့် မှားယွင်းသောအချက်အလက်များစွာကို အကြိမ်ကြိမ်ပြောဆိုခဲ့သည်။

ဘိုင်ဒင်အုပ်ချုပ်ရေး၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဝေဖန်သူ ထရန့်သည် စပရင်းဖီးလ်မြို့သို့ ရောက်ရှိလာသော ရွှေ့ပြောင်းအခြေချသူများသည် နေထိုင်သူများ၏ အိမ်မွေးတိရစ္ဆာန်များကို စားသုံးနေကြသည်ဟု မကြာသေးမီက ကောလာဟလများ ဖြန့်ခဲ့သည်။ ကောလာဟလများကို ဒေသဆိုင်ရာတာဝန်ရှိသူများက ငြင်းဆိုသော်လည်း စက်တင်ဘာလ ၁၂ ရက်နေ့တွင် မြို့တော်ခန်းမကို ဗုံးခွဲမည်ဟု ခြိမ်းခြောက်ခံရပြီးနောက် မြို့တော်ခန်းမကို ပိတ်လိုက်ရသည်။ ထို့အပြင် စက်တင်ဘာလ ၁၃ ရက်နေ့တွင် မူလတန်းကျောင်းနှစ်ကျောင်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထရန့်သည် သူသွားရောက်ခဲ့သည့် နီဗားဒါးပြည်နယ် လပ်ဗီးဂပ်စ်မြို့တွင် သတင်းထောက်များအား “ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှု ဘာဖြစ်သွားမှန်း မသိပေမယ့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေက အဲ့ဒီမြို့ကို သိမ်းသွားတာတော့ သိပါတယ်၊ ကြောက်စရာကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် “ခြိမ်းခြောက်မှုအစစ်” ဟာ စပရင်းဖီးလ်မြို့ ဗုံးခွဲမယ့် ခြိမ်းခြောက်မှုမဟုတ်ပါဘူး” “နယ်စပ်မှာဖြစ်ပျက်နေတာပါ” ဟု သူက ပြောဆိုခဲ့သည်။

စပရင်းဖီးလ်မြို့ အစိုးရ၏ တရားဝင်ဝဘ်ဆိုဒ်အရ ရွှေ့ပြောင်းနေထိုင်သူ 12,000 နှင့် 15,000 အကြား စပရင်းဖီးလ်ဝန်းကျင်တွင် ဗဟိုပြုနေသည့် ကလပ်ကောင်တီ (Clark County) တွင် နေထိုင်ကြသည်။ မြို့ထဲတွင် နေထိုင်နေကြသည့် ဟေတီရွှေ့ပြောင်းအခြေချသူများသည် မိသားစုဝင်များကို ခေါ်ဆောင်နိုင်သည်ကို အသိအမှတ်ပြုသည့်စနစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရားဝင် နေထိုင်သည်ဟု ဆိုသည်။

ဓာတ်ပုံ။

အမေရိကန်သမ္မတဟောင်း Trump သည် စက်တင်ဘာလ (၁၄) ရက်နေ့က မဲဆွယ်မည့်နေရာသို့ သွားရောက်စဉ်/Alex Brandon/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 62 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 69 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 61 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 78 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက