နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

အသက် ၂၂ နှစ်အရွယ် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ခရက်စီဂက်သင် (Cressie Gethin) အများပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေမှုနှင့် မုဒိန်းကောင်၊ သူခိုးဓားပြများနှင့်တန်းတူ ထောင်ဒဏ်ချမှတ်

စက်တင်ဘာလ (၁၄) ရက်၊ လန်ဒန်-CNN။

လက်ယာယိမ်းအကြမ်းဖက်သမားများသည် ပြီးခဲ့သည့်လက ယူကေ၏ နေရာအနှံ့အပြားတွင် လူမျိုးရေးခွဲခြားသည့်အကြမ်းဖက်မှုများဖြင့် လူ့အသိုင်းအဝိုင်းများကို တိုက်ခိုက်ခဲ့ချိန်တွင် အသက် ၂၂ နှစ်အရွယ် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ခရက်စီဂက်သင် (Cressie Gethin) သည် အကျဉ်းခန်းထဲတွင် ရှိနေခဲ့သည်။

သူမရဲ့ ပြစ်မှုကဘာလဲ?

+++++++++++++

မြောက်ပင်လယ်တွင် ရေနံတူးဖော်ရန် အစိုးရမှ ခွင့်ပြုလိုက်သော လိုင်စင်အသစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ရပ်ကို စီစဉ်ခြင်းကြောင့် ဖြစ်သည်။

ဇူလိုင်လနှောင်းပိုင်းတွင် လန်ဒန်တရားရုံးတစ်ရုံးသည် ဂက်သင်(Gethin) နှင့် အဖွဲ့ဝင်လေးဦးပါဝင်သော the Just Stop Oil (လောင်စာဆီကို ပိတ်လိုက်ပါ) တက်ကြွလှုပ်ရှားသူအဖွဲ့ကို အများပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ပူးပေါင်းကြံစည်မှု” ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ M25လမ်း တစ်လျှောက်ရှိ အဆောက်အဦများကိုတက်ရန် ဆန္ဒပြသူများကို သိမ်းသွင်းခေါ်ယူခဲ့ပြီးနောက် လန်ဒန်မြို့ပတ်လမ်းရှိ အဓိကစက်ဝိုင်းပတ်လမ်းကြီးကို ပိတ်ဆို့ခဲ့မှုကြောင့် ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် လေးရက်ကျော် အသွားအလားများကို ရပ်တန့်သွားစေခဲ့သည်။

Zoom ခေါ်ဆိုမှုဖြင့် စီစဉ်သည့် ဆန္ဒပြမှုများသည် ယာဉ်မောင်း ၇၀၀,၀၀၀ ကျော်ကို အနှောင့်အယှက်ဖြစ်စေကာ စတာလင်ပေါင် ၇၆၀,၀၀၀ (ဒေါ်လာ ၉၈၀,၀၀၀) ကျော်နှင့် ရဲတပ်ဖွဲ့၏ စရိတ်စကများ ပေါင် တစ် သန်း (ဒေါ်လာ ၁.၃သန်း) တိုးမြှင့်ကုန်ကျခဲ့ရသည်ဟု အစိုးရရှေ့နေများက စွပ်စွဲထားသည်။

ဂက်သင်(Gethin)နှင့် အခြားသုံးဦးဖြစ်သူ လူစီ လန်ကက်စတာ (Louise Lancaster)၊ ဒယ်နီရယ်ရှော (Daniel Shaw) နှင့် လူစီကာ ဝီတစ်ကာ ဒီအာဘေယူ (Lucia Whittaker-De-Abreu) တို့သည် ဖုန်းခေါ်ဆိုမှုတွင် အနှောင့်အယှက်ဖြစ်စေရန် စီစဉ်ခဲ့ကြသည့်အတွက် ထောင်ဒဏ်လေးနှစ် ကျခံရပြီး Just Stop Oil ကို ပူးတွဲတည်ထောင်သူ ရော်ဂျာ ဟော်လမ် (Roger Hallam) က ငါးနှစ်ကျခံရသည်။ အားလုံးက အယူခံတင်ထားကြသည်။

အကြမ်းမဖက်သော ဆန္ဒပြမှုအတွက် ယူကေသမိုင်းတွင် နှစ်အများဆုံးချခဲ့သည့် စီရင်ချက်ဖြစ်သည်ဟု ယူဆရပြီး အနှောင့်အယှက်ဖြစ်စေသော ဆန္ဒပြပွဲများကို နှိမ်နင်းရန် ရဲအင်အားကို တိုးမြှင့်ပေးသည့် အငြင်းပွားဖွယ် ဥပဒေသစ်နှစ်ခုအောက်တွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

သူတို့သည်“အများပြည်သူ အနှောင့်အယှက်” ဖြစ်ရပ်ကို စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထိုအမှုအတွက်အများဆုံး အပြစ်ဒဏ်မှာထောင်ဒဏ် ၁၀ နှစ် ဖြစ်သည်။ လုယက်မှုကဲ့သို့ ပြင်းထန်သော ရာဇဝတ်မှုမျိုးကို အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ၁၂ နှစ်အထိ ချမှတ်နိုင်ပြီး သို့မဟုတ် မုဒိမ်းမှုကို လေးနှစ်မှ ၁၉ နှစ်ဖြစ်သည်။

တရားရုံးတွင် တရားသူကြီးသည် တက်ကြွလှုပ်ရှားသူများကို “အစွန်းရောက်များ” ဟု ရည်ညွှန်းသော စကားကိုသုံးနှုန်းပြီး ငါးဦးစလုံးအား တိုက်ရိုက်ဆန္ဒပြမှုနှင့် ပတ်သက်သော ပြစ်မှုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ပြစ်မှုများဖြင့် ယခင်ကလည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသောကြောင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းသည် တရားမျှတကြောင်း စီရင်ချက်ချခဲ့သည်။ Zoom ခေါ်ဆိုမှု ပြုလုပ်နေစဉ် တစ်ဦးစီသည် အခြားတရားစွဲဆိုမှုများအတွက် အာမခံ ရရှိထားကြသည်။ ဆန္ဒပြမှုကြောင့် အရပ်သား ပြည်သူများသည် အရေးကြီးသော ဆရာဝန်သို့ သွားရောက်ပြသမှုများနှင့် အသုဘအခမ်းအနားများကို လွဲချော်ခဲ့ရကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

သို့သော် ဂက်သင် (Gethin) ကဲ့သို့သော တက်ကြွလှုပ်ရှားသူများသည် ၎င်းတို့၏ဆန္ဒပြမှုများသည် လက်တကမ်းတွင်ရှိသော ပြဿနာနှင့် အချိုးကျရှိနေကြောင်းနှင့် ကျွန်ုပ်တို့သိနေသည့်အတိုင်း ဘဝကိုပြောင်းလဲစေသည့် လျှင်မြန်စွာ ပူနွေးလာနေသောကမ္ဘာကြောင့် သေစေနိုင်လောက်သော ပြင်းထန်သော ရာသီဥတုဖြစ်ရပ်များနှင့် ဂေဟစနစ်များကို ၎င်းတို့၏ အစွန်းဖျားသို့ တွန်းပို့နေသည်ဟု ဆိုပါသည်။ ယခုအခါ ၎င်းတို့သည် ရဲတပ်ဖွဲ့နှင့် တရားရုံးများ၏ ခိုင်မာအားကောင်းသော အခွင့်အာဏာများကို ဆန့်ကျင်၍ ရုန်းကန်တိုက်ပွဲဝင်နေရသည်။

“ ဤကဲ့သို့ အလွန်ကြမ်းတမ်းသော စီရင်ချက်သည် အကျင့်သိက္ခာအရ သို့မဟုတ် တရားဥပဒေအရ အဓိပ္ပာယ်မရှိသော်လည်း၊ နိုင်ငံရေးအရတော့ အဓိပ္ပာယ်ရှိပါသည်” ဟု လန်ဒန်မြို့ ဟီးသရိုး(Heathrow) လေဆိပ်တောင်ဘက်ရှိ အမျိုးသမီးအကျဉ်းထောင် HMP Bronzefield မှ လက်ရေးစာတစ်စောင်တွင် ဂတ်သင် က CNN သို့ ပြောကြားခဲ့သည်။

ယင်းဥပဒေများသည် ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို ရာဇဝတ်မှု ကျူးလွန်သည်ဟုစွပ်စွဲရုံ သာမက ပြစ်ဒဏ်ခတ်ခြင်းနှင့် ဖိနှိပ်ချုပ်ချယ်သည့် နည်းလမ်းများကို ကျင့်သုံးနေသည်ဟု ကုလသမဂ္ဂ၏ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးကိုယ်စားလှယ် မိုက်ကယ် ဖရော့စ် (Michael Forst) က ဝေဖန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 30 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 54 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 41 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့