နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

အသက် ၂၂ နှစ်အရွယ် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ခရက်စီဂက်သင် (Cressie Gethin) အများပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေမှုနှင့် မုဒိန်းကောင်၊ သူခိုးဓားပြများနှင့်တန်းတူ ထောင်ဒဏ်ချမှတ်

စက်တင်ဘာလ (၁၄) ရက်၊ လန်ဒန်-CNN။

လက်ယာယိမ်းအကြမ်းဖက်သမားများသည် ပြီးခဲ့သည့်လက ယူကေ၏ နေရာအနှံ့အပြားတွင် လူမျိုးရေးခွဲခြားသည့်အကြမ်းဖက်မှုများဖြင့် လူ့အသိုင်းအဝိုင်းများကို တိုက်ခိုက်ခဲ့ချိန်တွင် အသက် ၂၂ နှစ်အရွယ် ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူ ခရက်စီဂက်သင် (Cressie Gethin) သည် အကျဉ်းခန်းထဲတွင် ရှိနေခဲ့သည်။

သူမရဲ့ ပြစ်မှုကဘာလဲ?

+++++++++++++

မြောက်ပင်လယ်တွင် ရေနံတူးဖော်ရန် အစိုးရမှ ခွင့်ပြုလိုက်သော လိုင်စင်အသစ်ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ရပ်ကို စီစဉ်ခြင်းကြောင့် ဖြစ်သည်။

ဇူလိုင်လနှောင်းပိုင်းတွင် လန်ဒန်တရားရုံးတစ်ရုံးသည် ဂက်သင်(Gethin) နှင့် အဖွဲ့ဝင်လေးဦးပါဝင်သော the Just Stop Oil (လောင်စာဆီကို ပိတ်လိုက်ပါ) တက်ကြွလှုပ်ရှားသူအဖွဲ့ကို အများပြည်သူကို စိတ်အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ပူးပေါင်းကြံစည်မှု” ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ M25လမ်း တစ်လျှောက်ရှိ အဆောက်အဦများကိုတက်ရန် ဆန္ဒပြသူများကို သိမ်းသွင်းခေါ်ယူခဲ့ပြီးနောက် လန်ဒန်မြို့ပတ်လမ်းရှိ အဓိကစက်ဝိုင်းပတ်လမ်းကြီးကို ပိတ်ဆို့ခဲ့မှုကြောင့် ၂၀၂၂ခုနှစ် နိုဝင်ဘာလတွင် လေးရက်ကျော် အသွားအလားများကို ရပ်တန့်သွားစေခဲ့သည်။

Zoom ခေါ်ဆိုမှုဖြင့် စီစဉ်သည့် ဆန္ဒပြမှုများသည် ယာဉ်မောင်း ၇၀၀,၀၀၀ ကျော်ကို အနှောင့်အယှက်ဖြစ်စေကာ စတာလင်ပေါင် ၇၆၀,၀၀၀ (ဒေါ်လာ ၉၈၀,၀၀၀) ကျော်နှင့် ရဲတပ်ဖွဲ့၏ စရိတ်စကများ ပေါင် တစ် သန်း (ဒေါ်လာ ၁.၃သန်း) တိုးမြှင့်ကုန်ကျခဲ့ရသည်ဟု အစိုးရရှေ့နေများက စွပ်စွဲထားသည်။

ဂက်သင်(Gethin)နှင့် အခြားသုံးဦးဖြစ်သူ လူစီ လန်ကက်စတာ (Louise Lancaster)၊ ဒယ်နီရယ်ရှော (Daniel Shaw) နှင့် လူစီကာ ဝီတစ်ကာ ဒီအာဘေယူ (Lucia Whittaker-De-Abreu) တို့သည် ဖုန်းခေါ်ဆိုမှုတွင် အနှောင့်အယှက်ဖြစ်စေရန် စီစဉ်ခဲ့ကြသည့်အတွက် ထောင်ဒဏ်လေးနှစ် ကျခံရပြီး Just Stop Oil ကို ပူးတွဲတည်ထောင်သူ ရော်ဂျာ ဟော်လမ် (Roger Hallam) က ငါးနှစ်ကျခံရသည်။ အားလုံးက အယူခံတင်ထားကြသည်။

အကြမ်းမဖက်သော ဆန္ဒပြမှုအတွက် ယူကေသမိုင်းတွင် နှစ်အများဆုံးချခဲ့သည့် စီရင်ချက်ဖြစ်သည်ဟု ယူဆရပြီး အနှောင့်အယှက်ဖြစ်စေသော ဆန္ဒပြပွဲများကို နှိမ်နင်းရန် ရဲအင်အားကို တိုးမြှင့်ပေးသည့် အငြင်းပွားဖွယ် ဥပဒေသစ်နှစ်ခုအောက်တွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

သူတို့သည်“အများပြည်သူ အနှောင့်အယှက်” ဖြစ်ရပ်ကို စီစဉ်ခဲ့ခြင်းဖြစ်ပြီး ထိုအမှုအတွက်အများဆုံး အပြစ်ဒဏ်မှာထောင်ဒဏ် ၁၀ နှစ် ဖြစ်သည်။ လုယက်မှုကဲ့သို့ ပြင်းထန်သော ရာဇဝတ်မှုမျိုးကို အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ၁၂ နှစ်အထိ ချမှတ်နိုင်ပြီး သို့မဟုတ် မုဒိမ်းမှုကို လေးနှစ်မှ ၁၉ နှစ်ဖြစ်သည်။

တရားရုံးတွင် တရားသူကြီးသည် တက်ကြွလှုပ်ရှားသူများကို “အစွန်းရောက်များ” ဟု ရည်ညွှန်းသော စကားကိုသုံးနှုန်းပြီး ငါးဦးစလုံးအား တိုက်ရိုက်ဆန္ဒပြမှုနှင့် ပတ်သက်သော ပြစ်မှုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ပြစ်မှုများဖြင့် ယခင်ကလည်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသောကြောင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းသည် တရားမျှတကြောင်း စီရင်ချက်ချခဲ့သည်။ Zoom ခေါ်ဆိုမှု ပြုလုပ်နေစဉ် တစ်ဦးစီသည် အခြားတရားစွဲဆိုမှုများအတွက် အာမခံ ရရှိထားကြသည်။ ဆန္ဒပြမှုကြောင့် အရပ်သား ပြည်သူများသည် အရေးကြီးသော ဆရာဝန်သို့ သွားရောက်ပြသမှုများနှင့် အသုဘအခမ်းအနားများကို လွဲချော်ခဲ့ရကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

သို့သော် ဂက်သင် (Gethin) ကဲ့သို့သော တက်ကြွလှုပ်ရှားသူများသည် ၎င်းတို့၏ဆန္ဒပြမှုများသည် လက်တကမ်းတွင်ရှိသော ပြဿနာနှင့် အချိုးကျရှိနေကြောင်းနှင့် ကျွန်ုပ်တို့သိနေသည့်အတိုင်း ဘဝကိုပြောင်းလဲစေသည့် လျှင်မြန်စွာ ပူနွေးလာနေသောကမ္ဘာကြောင့် သေစေနိုင်လောက်သော ပြင်းထန်သော ရာသီဥတုဖြစ်ရပ်များနှင့် ဂေဟစနစ်များကို ၎င်းတို့၏ အစွန်းဖျားသို့ တွန်းပို့နေသည်ဟု ဆိုပါသည်။ ယခုအခါ ၎င်းတို့သည် ရဲတပ်ဖွဲ့နှင့် တရားရုံးများ၏ ခိုင်မာအားကောင်းသော အခွင့်အာဏာများကို ဆန့်ကျင်၍ ရုန်းကန်တိုက်ပွဲဝင်နေရသည်။

“ ဤကဲ့သို့ အလွန်ကြမ်းတမ်းသော စီရင်ချက်သည် အကျင့်သိက္ခာအရ သို့မဟုတ် တရားဥပဒေအရ အဓိပ္ပာယ်မရှိသော်လည်း၊ နိုင်ငံရေးအရတော့ အဓိပ္ပာယ်ရှိပါသည်” ဟု လန်ဒန်မြို့ ဟီးသရိုး(Heathrow) လေဆိပ်တောင်ဘက်ရှိ အမျိုးသမီးအကျဉ်းထောင် HMP Bronzefield မှ လက်ရေးစာတစ်စောင်တွင် ဂတ်သင် က CNN သို့ ပြောကြားခဲ့သည်။

ယင်းဥပဒေများသည် ငြိမ်းချမ်းစွာဆန္ဒပြခြင်းကို ရာဇဝတ်မှု ကျူးလွန်သည်ဟုစွပ်စွဲရုံ သာမက ပြစ်ဒဏ်ခတ်ခြင်းနှင့် ဖိနှိပ်ချုပ်ချယ်သည့် နည်းလမ်းများကို ကျင့်သုံးနေသည်ဟု ကုလသမဂ္ဂ၏ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်သူများဆိုင်ရာ အထူးကိုယ်စားလှယ် မိုက်ကယ် ဖရော့စ် (Michael Forst) က ဝေဖန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 79 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 25 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 58 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 66 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 61 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား