နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အတွက် အိန္ဒိယ၀န်ကြီးသည် ပါကစ္စတန်သို့ ရှားရှားပါးပါးလာရောက်လည်ပတ်ခဲ့သည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘာရာမန်ရမ် ဂျန်ရှင်ကာ (Subrahmanyam Jaishankar) သည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိုးရအစည်းအဝေး ကိုတက်ရောက်ရန် အတွက် အင်္ဂါနေ့တွင် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပါကစ္စတန် အစိုးရက မြို့တော်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားကြောင်း သိရသည်။

ဂျန်ရှင်ကာသည် ဗုဒ္ဓဟူးနေ့တွင် အဓိက အခမ်းအနားကို အစ္စလာမာဘတ်တွင် စုဝေးပါဝင်သည့် ခေါင်းဆောင် တစ်ဒါဇင် နီးပါးနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

နျူကလီးယားအင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံရေး အေးခဲနေသည့်ကြားမှ ပါကစ္စတန်၏ မဟာပြိုင်ဘက် အိန္ဒိယနိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး လာရောက်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါးရှိပြီး နောက်ဖြစ်သည်။

နှစ်ဖက်သီးခြားတွေ့ဆုံရန် စီစဉ်ထားခြင်း မရှိကြောင်း နှစ်ဖက်စလုံးက ပြောကြားထားသည်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှယ်ဘာ့ ရှရစ်ဖ် (Shehbaz Sharif) နှင့် ဂျန်ရှင်ကာ တို့သည် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် SCO ခေါင်းဆောင်များအား ညီလာခံမတိုင်မီကျင်းပမည့် ညစာစားပွဲသို့ ရှရစ်ဖ်မှ ကြိုဆိုနေစဉ် လက်ဆွဲနှုတ်ဆက်ခဲ့ပြီး အတိုချုပ် အပြန်အလှန် စကားဖလှယ်ခဲ့ကြသည်။

ရုရှားနှင့် တရုတ်နိုင်ငံတို့က ၂၀၀၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ယူရေးရှားလုံခြုံရေးနှင့် နိုင်ငံရေးအဖွဲ့ဖြစ်သော SCO အစည်းအဝေးသည် နှစ်များအတွင်း အကျပ်အတည်း ဖြစ်နေသော တောင်အာရှနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အမြင့်ဆုံးပွဲ ဖြစ်သည်။

တရုတ်ဝန်ကြီးချုပ် လီချမ် (Li Qiang) သည် ပါကစ္စတန်နိုင်ငံသို့ ရောက်ရှိနေပြီး ရုရှားနိုင်ငံမှ မီဟိုင်း မစ်ရှူစတင် (Mikhail Mishustin) အပါအဝင် အခြားသော အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများ၏ နောက်ထပ် ဝန်ကြီးချုပ်ခုနစ်ဦးလည်း လူကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။

SCO တွင် အီရန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်တို့လည်း ပါဝင်သည်။

ကာဂျစ္စတန်၊ တာဂျစ်စတန်၊ ကာဇက်စတန်၊ ဘီလာရုစ်နှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ ဝန်ကြီးချုပ်များလည်း အင်္ဂါနေ့တွင် ရောက်ရှိခဲ့ကြသည်။

ရှရစ်ဖ်သည် ဘီလာရုစ်၏ဝန်ကြီးချုပ်အား SCO ၏အဖွဲ့ဝင်အပြည့်အ၀ဖြစ်လာသည့်အတွက် ချီးကျူးဂုဏ်ပြုပါသည်။

အဓိက SCO အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်ဖြစ်ပြီး ရှရစ်ဖ်သည် အင်္ဂါနေ့တွင် ကြိုဆိုသည့် ညစာစားပွဲကို လက်ခံကျင်းပမည်ဖြစ်သည်။ ပါကစ္စတန်နိုင်ငံခြားရေးရုံးက ရှရစ်ဖ်သည် နှစ်ဖက်တွေ့ဆုံပွဲများကို ပြင်ပတွင်ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့် ကုန်သွယ်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အစုအဖွဲ့သည် ဒေသတွင်း အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကို တန်ပြန်ရန် ကြိုးစားနေသည်ဟု လေ့လာသူများက ယုံကြည်ကြသည်။

ပါကစ္စတန်အစိုးရသည် အစ္စလာမာဘတ်တွင် သုံးရက်ကြာ အများပြည်သူ အားလပ်ရက်အဖြစ် ကြေညာခဲ့ပြီး ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများကို ပိတ်ထားကာ ရဲတပ်ဖွဲ့နှင့် အရံတပ်ဖွဲ့ဝင်များ အများအပြားချထားခဲ့သည်။

မြို့တော် ဦးစားပေးနေရာ အနီရောင်ဇုံ (Red Zone) ၏ လုံခြုံရေး၊ ပါလီမန်နေရာနှင့် သံတမန် နယ်မြေနှင့် SCO အစည်းအဝေးများ အများစုကျင်းပမည့်နေရာအတွက် တပ်မတော်မှ တာဝန် ယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

အထူးသဖြင့် အောက်တိုဘာ ၆ ရက်က ခွဲထွက်ရေးဝါဒီ ဘာလော့ချ် (Baloch) လွတ်မြောက်ရေး တပ်မတော်၏ တိုက်ခိုက်မှုတစ်ခုအတွင်း တရုတ်အင်ဂျင်နီယာနှစ်ဦး သတ်ဖြတ်ခံရမှုနှင့် မည်သည့်အဖွဲ့မှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသည့် အောက်တိုဘာ ၁၁ ရက်က တိုက်ခိုက်မှုတွင် မိုင်းတွင်းလုပ်သား ၂၁ ဦး သေဆုံးပြီးနောက် ထိပ်သီး အစည်းအဝေးမတိုင်မီ ခြိမ်းခြောက်မှု သတိပေးချက် မြင့်မားလာခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 87 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 87 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 84 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 100 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 94 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက