နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲအတွင်းက မရေရာသော ကလေးငယ်တွေရဲ့ အနာဂတ်များ

ယူကရိန်းစစ်ပွဲအတွင်းက မရေရာသော ကလေးငယ်တွေရဲ့ အနာဂတ်များ

+++++++++++++++++++

ယီဟန် စတက်ပါနန်ကိုလေး လူ့လောကထဲရောက်တဲ့အချိန်က ယူကရိန်းနယ်စပ်မှာ ရုရှားတင့်ကားတွေ နေရာယူထားတဲ့အချိန်ဖြစ်ပါတယ်။ လမ်းလျှောက်တတ်ခါက ဒီကလေးငယ်ဟာ ယူကရိန်း-ရုရှားစစ်ပွဲအတွင်း မွေးဖွါးခဲ့တဲ့ ထောင်ပေါင်းများစွာသော ကလေးတွေထဲက တစ်ဦးပါ။

အဲဒီကလေးတွေအနေနဲ့က စစ်ပွဲကလွဲလို့ သူတို့ ဘာမှမသိကြသေးပါဘူး။ ယီဟန်ကို 2022 ခုနှစ် မတ်လအတွင်း မြို့တော်ကိယက်ဗ်အပြင်ဘက် ဘူချာမြို့လေးမှာ မွေးဖွါးခဲ့တာဖြစ်ပါတယ်။ သူ့အမေ လူမီလာ ရော့ဒ်ချန်ကိုဟာ ကလေးမီးဖွါးဖို့ သွားချိန်မှာ လမ်းမတလျှောက် ပြန့်ကျဲနေတဲ့ လူသေအလောင်းတွေကို မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

“ အဲဒီအချိန်က နောက်တစ်နေ့မပြောနဲ့ နောက်တစ်နာရီ၊ နှစ်နာရီအတွင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာတောင် ကျမတို့ မသိခဲ့ရဘူး”

ဘူချာမြို့လေးဟာ ရုရှားတွေရဲ့ ရက်စက်ကြမ်းကျုတ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ မြို့ဖြစ်ပြီး ရက်သတ္တပတ်ပေါင်းများစွာအကြာ လမ်းမတွေပေါ်မှာ သေဆုံးနေတဲ့ အရပ်သားပေါင်းများစွာကိုတွေ့ခဲ့ရပါတယ်။ ရုရှားအစိုးရကတော့ သူတို့အနေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး ဘူချာမြို့လေးက ဖြစ်စဉ်တွေကိုတော့ တမင်လုပ်ကြံဖန်တီးထားတာတွေလို့ ပြောဆိုခဲ့ပါတယ်။

ဇာတိမြို့လေးဖြစ်တဲ့ ဘူချာကို ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်လာတော့ ရော့ဒ်ချန်ကိုဟာ ယီဟန်အပါအဝင် ကလေး ၃ ဦးနဲ့အတူ ထွက်ပြေးခဲ့ရပါတယ်။ “ သူက တကယ့်သူရဲကောင်းလေးပါပဲ၊ ခက်ခဲကြမ်းတမ်းတဲ့အချိန်ကို ဖြတ်သန်းခဲ့ရတုန်းက သူ့အသက်က ၃ ရက်ပဲ ရှိပါသေးတယ်။ အေးလွန်းလို့ သူ့ကို စောင်တွေနဲ့ ထွေးပွေ့ထားတာ မျက်နာတောင် မမြင်ရဘူး”

ရော့ဒ်ချန်ကိုဟာ ယူကရိန်းစစ်ပွဲ နှစ်ပေါင်းများစွာ ကြာမြင့်မှာကို စိုးရိမ်နေပါတယ်။ သူမအနေနဲ့ ယူကရိန်းကနေ ထွက်ခွါကို စဉ်းစားနေပေမယ့် အင်မတန်ခက်ခဲပြီး ငွေကုန်ကြေးကျများလွန်းတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သူမတို့ မိသားစုဟာ ဘူချာမြို့လေးကို ပြန်လာပြီး အရင်လို တည်ငြိမ်အေးဆေးတဲ့ ဘ၀လေးပြန်တည်ဆောက်နေပါတယ်။

“ ကျမက သူ့ကို လေကြောင်းတိုက်ခိုက်မှုသတိပေးချက်တွေထက် သာမန်ကလေးဘ၀ကိုပဲ အာရုံစိုက်နိုင်အောင် ကြိုးစားပေးနေတယ်။ ဒါပေမယ့် ကျမဖုန်းထဲမှာ လေကြောင်းအန္တရာယ်သတိပေးချက်ပေးလာရင် မေမေ သားကြောက်တယ်လို့ ပြောတယ်။ သတိပေးချက်ရပ်သွားပြီဆိုရင်လည်း သူက ရပ်သွားပြီလို့ ပြောတယ်။ ဒါက ဘာကိုဆိုလိုတယ်ဆိုတာကို သူ့အနေနဲ့ အပြည့်အ၀နားမလည်ဘူးလို့ ထင်ပါတယ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 84 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 82 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 82 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 95 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 91 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက