နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ ပေါ်တာဆွဲတာတွေများနေတဲ့အပေါ် သတိပေးတာတွေရှိနေ

ဒီဇင်ဘာလ (၁၆)ရက်။

ရန်ကုန်မြို့မှာ အတင်းအဓမ္မ လူသစ်စုဆောင်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ များနေတယ်လို့ ရန်ကုန်တိုင်းစစ်ဒေသရဲ့ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝက သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။

“ရန်ကုန်မှာရှိကြတဲ့ လူငယ်လူရွယ်တွေ သတိရှိကြပါ၊ အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ ပေါ်တာဆွဲတာများလာပါတယ်၊ ဖြစ်ပြီးမှ ဘာမှလုပ်လို့မရပါဘူး၊ ကြိုတင်ပြင်ဆင်ထားကြဖို့ အကြံပြုပါတယ်။ ပါသွားမှ ကူပါကယ်ပါထပ် ဘာမှလုပ်မရပါဘူး”လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲတွေထဲ အဘက်ဘက်ကနေ ရှုံးနိမ့်နေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ လူသားအရင်းအမြစ် လိုအပ်ချက် ကြီးမားလာတာနဲ့အတူ အခုရက်ပိုင်း ညအချိန်တွေမှာ ရန်ကုန်မြို့ပြနေရာတွေအထိ ပေါ်တာဆွဲဖမ်းဆီးတာတွေ ရှိနေပါတယ်။

“ငါတို့က တော်လှန်ရေးနဲ့မဆိုင်ဘူး ဘာညာ Night Out မယ် ဘာညာဆိုလဲ သဘောပါ ခြောက်လှန့်လိုခြင်းမရှိပါဘူး။ ငါတို့က ပိုက်ဆံရှိတယ်ဆိုလဲ သဘောပါ သိထားတာတွေ မျှဝေပေးတဲ့သဘောပဲဖြစ်ပါတယ်”လို့ ရဲဘော်ဒေဝက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ လူငယ်တွေကို အတင်းအဓမ္မ လူသစ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ကာ စစ်မှုထမ်းခိုင်းစေတာတွေရှိပြီး ရန်ကုန်တိုင်းစစ်ဒေသရဲ့ အခုရက်ပိုင်းမှာ ဖမ်းမိသူတွေထဲ တပ်သားသစ် (၈၀)ရာခိုင်နှုန်းပါဝင်တယ်လို့ သိရပါတယ်။

အခုဒီဇင်ဘာလ ဒုတိယအပတ်ကစပြီး ရန်ကုန်ရှိ မြို့နယ်အချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်ပါးစေတွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေကို ပိုမိုရဲတင်းစွာ ပြုလုပ်လာနေတယ်လို့ ရန်ကုန်မြို့နေသူတွေက ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ဖို့ ပြင်ဆင်နေကာ သတ်မှတ်လူဦးရေ ပြည့်မီစေဖို့အတွက် ရန်ကုန်မြို့ပြနေ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးလာတာလို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 134 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 107 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 86 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို