နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

လူသတ်အလောင်းဖျောက်ခဲ့တဲ့ ဝက်လက် ပ.က.ဖနဲ့ တပ်ရင်း(၂) တို့ကို အရေးယူပေးဖို့ NUG ယာယီသမ္မတထံ ထပ်မံတိုင်ကြားထား

ဇန်နဝါရီလ (၁၇)။

စစ်ကိုင်းမှာ တစ်နှစ်ကျော်ကြာတဲ့အထိ အရေးယူတာမရှိသေးဘဲ လူသတ်အလောင်းဖျောက်ခဲ့တဲ့ ဝက်လက်မြို့နယ်ပ.က.ဖနဲ့ တပ်ရင်းအမှတ်(၂) လက်နက်ကိုင်အဖွဲ့တွေကို အရေးယူပေးဖို့ NUG ယာယီသမ္မတနဲ့ CRPH ဥက္ကဌထံ ထပ်မံတိုင်ကြားထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ၂၀၂၂ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့ နံနက်(၁၀)နာရီခန့်က ဝက်လက်မြို့နယ် ပ.က.ဖ တာဝန်ခံ ဦးနေမျိုးအောင် ဦးဆောင်တဲ့ တပ်ရင်း(၂)တပ်ဖွဲ့ဝင် (၆၀)ခန့်ဟာ လက်နက်အပြည့်အစုံနဲ့ ဗိုလ်ကျားကြီးဦးဆောင်တဲ့ ကာကွယ်ရေးအဖွဲ့ရှိရာ ရွှေညောင်တောင်ကုန်းကို တစ်ဖက်သတ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လိုအကြောင်းအကျိုး ပြန်ကြားဆွေးနွေးတာ တစ်စုံတစ်ရာမရှိဘဲ တစ်ဖက်သတ် ဝင်ရောက်ပစ်ခတ်တာကြောင့် တပ်ဖွဲ့ဝင် ကိုရန်လင်းထွန်းနဲ့ ကိုစိုင်းမောင်မောင်တို့ သေဆုံးခဲ့ကာ CDM ဆရာမအပါအဝင် ဒဏ်ရာရရှိသူနဲ့ အရပ်သား (၁၂)ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

မြို့နယ်ပ.က.ဖ ဦးနေမျိုးအောင်နဲ့ တပ်ရင်း(၂)တို့ဟာ တစ်ဖက်သတ် စွပ်စွဲချက်နဲ့ ပစ်ခတ်တိုက်ခိုက်ကာ ကိုရန်လင်းထွန်းနဲ့ ကိုစိုင်းမောင်မောင်တို့ သတ်ဖြတ်ခံရတဲ့အပြင် အလောင်းတွေကိုပါ ဖျောက်ဖျက်ခဲ့ပြီး အပြစ်မဲ့သူတွေကို မတရားဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီလို တစ်ဖက်သတ်ဖမ်းဆီးတဲ့အချိန်က ဗိုလ်ကျားတပ်ဖွဲ့ရဲ့ ဆိုင်ကယ် (၁၀)စီး၊ ဖုန်း (၆)လုံးနဲ့ ပြည်သူလှူဒါန်းငွေ (၁၀)သိန်းကိုလည်း မတရားယူဆောင်သွားပြီး တပ်ရင်း(၂)စစ်ကြောင်းတာဝန်ခံဖြစ်တဲ့ KIA က ဒူချွန်စိုင်းသူပါဝင်တာကြောင့် KIA ဗိုလ်ချုပ်ကြီး ဂွမ်မော်ထံကိုလည်း တိုက်ရိုက် တင်ပြတိုင်ကြားထားတယ်လို့ ဆိုပါတယ်။

တရားမဲ့ပြုကျင့်တဲ့ ဝက်လက်မြို့နယ် ပ.က.ဖနဲ့ ဝက်လက်မြို့နယ် တပ်ရင်းအမှတ်(၂) လက်နက်ကိုင်အဖွဲ့ဝင်တွေကို အရေးယူပေးဖို့ တိုင်ကြားခဲ့ပေမယ့် ဒီကနေ့အထိ ဖော်ထုတ်အရေးယူတာ မရှိတဲ့အတွက် နစ်နာသူမိသားစုဝင်တွေနဲ့ ကိုယ်စားလှယ်လွှဲအပ်ခံရသူတွေက အားကိုးတကြီးနဲ့ NUG ယာယီသမ္မတနဲ့ CRPH ဥက္ကဌထံ အခုလို ထပ်မံတိုင်ကြားတာလို့ ဖော်ပြထားပါတယ်။

မိသားစုဝင်တွေအနေနဲ့လည်း လူမဆန်စွာ သတ်ဖြတ်ခံရတဲ့ ကိုရန်လင်းထွန်းနဲ့ ကိုစိုင်းမောင်မောင်တို့ကို ဒီကနေ့အထိ သက်ပျောက်ဆွမ်းမကပ်သေးသလို အဖွဲ့အစည်းကလဲ အမိန့်ပြန်တမ်း မပြုလုပ်သေးဘဲ တရားမျှတမှုရရှိတဲ့နေ့မှသာ သက်ပျောက်ဆွမ်းကပ်ကာ အမိန့်ပြန်ပြီး အမျှအတမ်းပေးဝေမှာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 98 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 81 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 70 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 74 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို